မွန်ပြည်နယ် သထုံခရိုင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရမည့် သက်မှတ်ရက်အတွင်း ကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သထုံခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈ ဦးရှိပြီး သက်မှတ်ရက်မှာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းသူ ၁၀၂ ဦးရှိကြောင်း သိရသည်။
“ရုံးချုပ် UEC ကိုအစီရင်ခံစာတက်ရမယ် UEC ကနေမှ အဲ့ဒီလူတွေကို တိုက်ရိုက်ဆက်သွယ်မယ်။ အဲ့ခါကျရင်လဲ အဲ့ဒီလူတွေ အနေနဲ့ အယူခံဝင်တာတွေ ရုံးချုပ်နဲ့ ပြန်ပြီးတော့ သူတို့ဆောင်ရွတ်လို့ရတယ်ပေါ့ ဥပဒေ နည်းဥပဒေအတိုင်း နောက်ဆုံးအနေထားကတော့ ရုံးချုပ်က ဆုံးဖြတ်မှာပဲဖြစ်ပါတယ်” သထုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်များ ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြောညာသွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ခံရသည့် ကိုယ်စားလှယ် ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်ပြီး တင်သွင်းရန်ပျက်ကွက်ပါက အရည်အချင်း ပျက်ယွင်းသူအဖြစ် သက်မှတ်ခြင်းခံရမည် ဖြစ်သည်။
ယင်းသို့ ကြေညာခံရသူသည် ဥပဒေပုဒ်မ ၈၈(ဂ) အရ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့်ကြား ဖြတ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်မဟုတ်ဘဲ နောက်တစ်ကြိမ်ပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။