ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရွေးကောက်ပွဲတွင် သိန်း ၇၀ ကျော်အသုံးပြု

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရွေးကောက်ပွဲတွင် သိန်း ၇၀ ကျော်အသုံးပြု

နိုင်ငံတော် ဒု-သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကာလတွင် ကျပ်ငွေသိန်း ၇၀ ကျော်အသုံးပြုခဲ့ကြောင်း ဟားခါး ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ဦးဟင်နရီဗန်ထီးယူသည် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကို ကိုယ်စားပြု၍ ချင်းပြည်နယ် ထန်တလန်မြို့နယ်၏ အမျိူးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၀ တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ် ၇၁၄၆၈၉၀ကျပ် ရှိခဲ့သည်ဟု ဟားခါး ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ချိူခိုင်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က ရွေးကောက်ပွဲအသုံးစရိတ်တွေ လာရောက်တင်သွင်းပါတယ်။ စုစုပေါင်း ခုနစ်သိန်းကျော် ရှိပါတယ်” ဟု ဒေါ်ချိူခိုင်ဦးက ပြောသည်။

ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးရှန်လျန်မှုန်း၊ ချင်းအမျိူးသားဒီမိုကရေစီအဖွဲပ်ချူပ် CNLD မှ ဦးဗန်မွန်လျန်နှင့်အတူ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူ၏ပြိုင်ဘက် ဦးရှန်လျန်မှုန်း၏ ရွေးကောက်ပွဲကာလအသုံးစရိတ်သည် ၉၆၈၁၅၀၀ ကျပ်အထိရှိခဲ့ပြီး ဦးဗန်မွန်လျန်၏ အသုံးစရိတ်သည် ၈၂၅၀၀၀၀ ကျပ်ရှိခဲ့ကာ ၎င်းတို့နှစ်ဦးလုံးသည် ဦးဟင်နရီဗန်ထီးယူထက် ငွေကြေးပိုမိုအသုံးပြုခဲ့သော်လည်း ရလဒ်ပိုင်းအားနည်းခဲ့ကြောင်း ဟားခါး ခရိုင်ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ သိရသည်။

ဟားခါးခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ဦးရှိခဲ့ပြီး ၎င်းတို့အားလုံး ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းပြီးဖြစ်ကြောင်း ဒေါ်ချိူခိုင်ဦးကပြောသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...