ကချင်တွင် တိုင်းရင်းသားလူမျိုးရေးရာ၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများတွင် ရွေးကောက်ပွဲအသုံးစရိတ်တင်သူ ၁၀ ဦးကျော်သာရှိ

ကချင်တွင် တိုင်းရင်းသားလူမျိုးရေးရာ၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများတွင် ရွေးကောက်ပွဲအသုံးစရိတ်တင်သူ ၁၀ ဦးကျော်သာရှိ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးရေးရာ၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲအသုံးစရိတ်တင်သူ ၁၀ ဦးကျော်သာရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

တိုင်းရင်းသားလူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ်ကို ကျပ်သိန်း ၁၅၀ သတ်မှတ်ထားပြီးပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ်အား ကျပ်သိန်း ၁၀၀ သတ်မှတ်ထားသည်။

“ရွေးကောက်ပွဲစရိတ်တင်ဖို့ တိုင်းရင်းသားလူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတော့ ဒီဇင်ဘာ ၁၄ ရက်ထိ ပေးထားတယ်။ အခုလောလောဆယ်တော့ ပြည်နယ်မှာ ၁ဝ ယောက်ကျော်လာသွင်းနေကြပြီး မစုံသေးဘူး။ ကိုယ်စားလှယ်လောင်းတွေအားလုံး သတ်မှတ်ထားတဲ့ နေ့ထက်ကျော်လွန်ရင်တော့ အရည်အချင်းပျက်ယွင်းသူအဖြစ် ထည့်သွင်းကြေညာခံရမှာဖြစ်တယ်” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

ကချင်ပြည်နယ်တွင် လီဆူ၊ ဗမာ၊ ရှမ်း၊ ရဝမ်ဟူသည့် တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်မြေများရှိပြီး ယင်းနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၂၅ ဦးရှိခဲ့ကြောင်း သိရသည်။

ယင်းကိုယ်စားလှယ်လောင်း ၂၅ ဦးအနေဖြင့် ရဝမ်တိုင်းရင်းသားရေးရာနေရာတွင် ငါးဦး၊ ရှမ်းတိုင်းရင်းသားရေးရာတွင် ခုနစ်ဦး၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ခုနစ်ဦး၊ ဗမာတိုင်းရင်းသားရေးရာနေရာ ခြောက်ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၇၈၇၉၅၆ ဦးရှိသည့်အနက် မဲပေးသူ ၅၄၆၁၃၃ ဦးရှိပြီး ရာခိုင်နူန်းအားဖြင့် ၆၉.၃၁ ရာခိုင်နူန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါမဲပေးသူများတွင် ရွေးကောက်ပွဲနေ့တွင်ပေးသည့်မဲ ၄၂၈၄၀၄ မဲ၊ ကြိုတင်မဲ ၁၁၇၇၂၉ မဲ၊ စုစုပေါင်း ၅၄၆၁၃၃ မဲဖြစ်ပြီး၊ ၎င်းထဲမှ ပယ်မဲ ၁၃၀၆၃ မဲ၊ ပျောက်မဲ ၃၁၂ မဲ၊ စုစုပေါင်း ၁၃၃၇၅ မဲရှိကာ ခိုင်လုံမဲရရှိမှု စုစုပေါင်း ၅၃၂၇၅၈ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

မဲထည့်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးများတွင် ရဝမ်တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၃၄၇၂၂ ဦးရှိပြီး မဲပေးသူဦးရေ ၂၆၂၅၉ ဦး ရှိသည့်အတွက် ရာခိုင်နှှုန်းအားဖြင့် ၇၅.၆၃ ရာခိုင်နှုန်း၊ လီဆူတိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၇၃၄၁၄ ဦးရှိပြီး မဲပေးသူဦးရေ ၄၈၈၀၇ ဦးရှိသဖြင့် ရာခိုင်နှှှုန်းအားဖြင့် ၆၆.၄၈ ရာခိုင်နှှုန်း၊ ဗမာတိုင်းရင်းသားလူမျိုး ၄၆၈၈၅၂ ဦးရှိကာ မဲထည့်သူဦးရေ ၃၂၃၉၂၃ ဦးရှိသည့်အတွက် ရာခိုင်နှှုန်းအားဖြင့် ၆၉.၀၉ ရာခိုင်နှှုန်း၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၂၁၀၉၆၈ ဦးရှိကာ မဲပေးသူ ၁၄၇၁၄၄ ဦးရှိသဖြင့် ရာခိုင်နှှုန်းအားဖြင့် ၆၉.၇၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၁၁၅၀၄၀၇ ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...