ပညာရေးကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်က ပြော

ပညာရေးကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်က ပြော

လာမည့် အစိုးရသက်တမ်းအတွင်း ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်က ပြောကြားခဲ့သည်။

ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်သည် ယခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ဟားခါးမြို့နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ဘက်များဖြစ်သောချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ၎င်းအနေဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ယခုလို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပညာရေးပဲ။အဲ့ဒါကြောင့်ဆရာမကအခုဒီနိုင်ငံရေးကိုဝင်တဲ့အခါမှာလည်း ပညာရေးကိုမြှင့်တင်ဖို့ အဓိကရည်ရွယ် ထားတယ်။Hakha University ရဲ့ပညာရေးကို မြှင့်တင်မယ်၊ နောက်အခုလည်းUniversity ဖြစ်လာပြီဆိုတော့ အများကြီးတိုးချဲ့စရာတွေရှိတယ်။ ပြီးတော့ လုပ်စရာတွေလည်းအများကြီးရှိတယ်။ အဲ့ဒါက ဆရာမအနေနဲ့ ဒီအမျိုးသားလွှတ်တော်အနေနဲ့  NLD ပါတီမှာဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ပါ”ဟု ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်ကပြောသည်။

၎င်းအနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြည်ထောင်စုလွှတ်တော်တက်ရောက်ရသည့်အခါ ပညာရေးမြှင့်တင်ရေးကိစ္စရပ်များကို အထူးအလေးပေးတောင်းဆိုသွားမည်ဖြစ်ပြီး အဆောက်အဦးကအစ ဘတ်ဂျက်အဆုံး ယခင်ထက်ပိုမိုရရှိစေရေးလုပ်ဆောင်သွားရန်ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်ထောင်စုလွှတ်တော်တက်ရမှာပေါ့၊တက်တဲ့အခါမှာ ဒီပညာ ရေးကိစ္စမှာ အဆောက်အဦးကအစ၊ ဘတ်ဂျက်ကအဆုံး ပိုမိုရရှိအောင်တောင်းဆိုဖို့ ရည်ရွယ်ထားတယ်”ဟု ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်ကပြောသည်။

ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်သည် ဟားခါးဒေသခံတစ်ဦးဖြစ်ပြီး Hakha University၏ သမိုင်းဌာနတွင် Tutor ဘဝမှစ၍ ဒုတိယပါမောက္ခချုပ်အထိ နှစ်ပေါင်း ၄၀ခန့် လုပ်ဆောင်ခဲ့ကာ ၂၀၁၈ခုနှစ်တွင်ပင်စင်ယူခဲ့သော် လည်း ဒေသ၏လိုအပ်ချက်အရ ၎င်းတက္ကသိုလ်၌ ပြင်ပကျွမ်းကျင်ပညာရှင်အနေဖြင့် ယခုနှစ်အထိ လုပ်ကိုင်ခဲ့ ကြောင်း သိရသည်။သူမအနေဖြင့် ရွေးကောက်ပွဲအား ယခုနှစ်တွင် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးလုပ်တဲ့အလုပ်ကတော့ ဒုတိယပါမောက္ခချုပ်Hakha University မှာ လုပ်ခဲ့တယ်၊ အဲ့လောက်လုပ်ပြီး တော့ဒီပင်စင်ယူပြီးတဲ့နောက်မှာလည်းလိုအပ်တယ်ပေါ့။ ဒေသလိုအပ်ချက် ဆိုပြီးတော့ ဆက်ထားတယ်။ ဘာလို့လဲဆိုရင် ဆရာမက ဟားခါးဒေသခံဖြစ်နေတော့ သူတို့ကလိုအပ်ချက်အရဆိုပြီးတော့ဆက်ထားတယ်။ အဲ့ဒါဆက်လိုက်တဲ့အခါကျတော့ ယခုနှစ်အထိ ကျွမ်းကျင်ပညာရှင်ဆိုပြီးတော့ အင်္ဂလိပ်လိုတော့ Consultant ပေါ့၊ အဲ့ဒါလုပ်တယ်။ အဲ့ဒါ ဆရာမ ရဲ့အလုပ်ပေါ့နော်၊အဲဒီမတိုင်မီက သမိုင်းဌာနမှာ ပါမောက္ခအနေနဲ့ နှစ်ပေါင်းများစွာ Tutor ဘဝကနေပြီးတော့ပါမောက္ခအထိ လုပ်ခဲ့တာ၊ အားလုံးဒီတက္ကသိုလ်မှာလုပ်တဲ့နှစ်တွေကတော့ ၄၀ နီးပါးရှိတယ်”ဟု ပရော်ဖက်ဆာဒေါက်တာ အေးအေးငွန်ကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...