ဆမီးမြို့ စစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အာဟာရ ဓာတ်ချိူ့တဲ့မှုရင်ဆိုင်နေရ

ဆမီးမြို့ စစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အာဟာရ ဓာတ်ချိူ့တဲ့မှုရင်ဆိုင်နေရ

လားနွန်  — ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြရသည့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ သည် အာရဟာဓာတ်ချိူ့တဲ့မှုနှင့်ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်း (၅) ခုရှိသည့် ဆမီးမြို့တွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းအချိူ့က စစ်ဘေးရှောင်ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်များနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များကိုသာ အာဟာရမှုန့်များပံ့ပိုးပေးနိုင်ပြီး အသက် (၅) နှစ် အထက်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အာဟာရချိူ့တဲ့မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု ဆမီးမြို့ စစ်ဘေးရှောင်ပြည်သူများကို အနီးကပ်ကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“တိုက်ပွဲရှောင်က ကလေးတွေကတော့ ကျနော်တို့ဆီက အာဟာရမှုန့်တွေရထားတော့လုံလောက်တယ်လို့တော့ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဖျားတာနာတာသိပ်မရှိဘူး မိခင်တွေဆိုလည်း ကိုယ်ဝန်ပျက်ကျတာတို့ မိခင်တွေကလေးမွေးတဲ့ခါမှာ ဗိုက်မခွဲတာတို့ ကောင်းတဲ့ရလပ်တွေကတော့ကျနော်တို့တွေ့ရပါတယ် ဒါပေမဲ့သက်ကြီးရွယ်အိုတွေကျတော့လည်း အာဟာရလက်လှမ်းမမှီတဲ့အခါမှာ သက်ကြီးရွယ်အိုတွေကအားပျက်ပြီးမှ ဖျားတာနာတာတို့ ပြီးတော့ တခြားရောဂါတွေ အာဟာရမပြည့်ဝတဲ့အခါမှာတော့ အသက် (၆၀) အထက်ပိုင်းတွေဆိုရင်တော့ အာဟာရပြတ်လပ်မှုကတော်တော်လေးရှိ တယ် (၅) နှစ်အထက်ကလေးတွေ မိဘတွေကလည်းဘဲ ကျနော်တို့ပေးနိုင်တာက ဆန်တစ်လစာ ဆီတစ်လစာ မိသားစု လူဦးရေအလိုက် ပဲ ဆား အဲလောက်ပဲပေးနိုင်တယ် တိုက်ပွဲရှောင်မိသားစုအများစုမှာတော့ အာဟာရပြတ်လပ်မှုတွေတော့ ကြုံတွေ့နေရတယ် အသားလည်းပုံမှန်မစားနိုင်ဘူး သူတို့မှာစားတဲ့အစားအစာကလည်း အာဟာရရှိတဲ့အစားအစာ မဟုတ်ဘူး” ဟု ဦးဇော်လီအောင်ကပြောသည်။

ဆမီးမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် အသက် (၆၀) အထက်သက်ကြီးရွယ်အို (၅၀၀) နီးပါးခန့်ရှိပြီး အာဟာရပြတ်လပ်မှု ကြောင့် ရောဂါပိုထူလာပြီး အသက်ဆုံးရှုံးသူ ယခုနှစ်အတွင်း (၃) ဦးရှိပြီဟု ၎င်းကဆက်ပြောသည်။

အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းအချိူ့က စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရမှုန့်ဖြန်ဖြူးမှုများ ကျန်မာရေးစောက်ရှောက်မှုများပြုလုပ်လျက်ရှိသော်လည်း လုံလောက်မှုမရှိကြောင်းဆမီးမြို့ တိုက်ပွဲ ရှောင်ပြည်သူများ၏ ဘဏ္ဍာရေါ်ထောက်ပံ့ရေးကော်မတီ ဥက္ကဌ ဦးပြည်ဆုကပြောသည်။

“ သူတို့မှာ တစ်ခါတစ်လေ လမ်းပိတ်တာနဲ့ သူတို့ထမင်းတောင်မှ အနိုင်နိုင်စားနေရတယ် ထမင်းတောင်မှ သူတို့က ဆန်ပြုတ်လိုစားနေရတဲ့အချိန်လည်းရှိတယ် ဒီလိုမျိုးအာဟာရပြတ်တာတို့တော့ရှိမယ် စစ်ဘေးရှောင်ပြည်သူတွေမှာ အချိန်မှီအစားအစာတွေမစားနိုင်ဘူး အစားကောင်းတွေမဝယ်နိုင်ဘူး မရနိုင်ဘူး ဝယ်လည်းမဝယ်နိုင်ဘူး ဖြစ်သလို စားသောက်တဲ့အခါမှာ ကလေးတွေကျန်းမာရေး ချို့တဲ့လာတယ် လူကြီးပိုင်းတွေကလည်း ပိုပြီးတော့ အာဟာချို့တဲ့ လာတယ်” ဟု ဦးပြည်ဆုက ပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့်ရှိသည့်အနက် အသက် ၅ နှစ်အောက်ကေ လးငယ် ၄၅၀၊ ကိုယ်ဝန်ဆောင် နို့တိုက်မိခင် ၈၃ ဦးတို့ကသာ အာဟာရမှုန့်ပုံမှန်ရရှိနိုင်ကြသည်ဟု သိရသည်။

Most read this week

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...