ကိုဗစ်ကူးစက်ခံရသည့် ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲများမှ ဥက္ကဌ၊ အဖွဲ့ဝင်နှင့် ဝန်ထမ်း ၇၀ ကျော်တွင် သုံးဦး ရောဂါပြင်းထန်

ကိုဗစ်ကူးစက်ခံရသည့် ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲများမှ ဥက္ကဌ၊ အဖွဲ့ဝင်နှင့် ဝန်ထမ်း ၇၀ ကျော်တွင် သုံးဦး ရောဂါပြင်းထန်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်စဉ် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဌအပါအဝင် အဖွဲ့ဝင်နှင့် ဝန်ထမ်း ၇၁ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သုံးဦးရောဂါ ပြင်းထန်ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲလုပ်ငန်းများဆောင်ရွက်စဉ် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဌနှင့် အဖွဲ့ဝင် ၃၀ ဦး၊ ဝန်းထမ်းရှစ်ဦး၊ မဲရုံအဖွဲ့ဝင် ၃၃ ဦး စုစုပေါင်း ၇၁ ဦး ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့၏ မိသားဝင် ၁၂ ဦးပါ ကိုဗစ်ကူးစက်မှု ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုအခါ ယင်းဗိုင်းရပ်စ်ကူးစက်ခံရသည့် ဥက္ကဌနှင့် အဖွဲ့ဝင် ၃၀ ဦးတွင် ကုသဆဲ ၂၆ ဦးနှင့် ICU ထဲတွင် ကုသနေရသူ တစ်ဦး၊ ဝန်ထမ်းရှစ်ဦးတွင် ကုသဆဲလေးဦးနှင့် ICU ထဲတွင် ကုသနေရသူနှစ်ဦးဖြစ်ပြီး မဲရုံအဖွဲ့ဝင် ၃၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၁၂ ဦးတို့သည် ယခုတိုင် ကုသနေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်ကူးစက်ခံရမှုနှင့်ပတ်သက်၍ ကူးစက်ခံရပြီး တင်ပြရန်ကျန်ရှိခြင်း၊ ထပ်မံဆင့်ပွားကူးစက်ခြင်း ရောဂါလက္ခဏာမပြသေး၍ မသိရှိသဖြင့် ကျန်ရှခြင်းစသဖြင့် ရှိနေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

 

ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများအနေဖြင့် ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲ နောက်ပိုင်းဖြစ်ပေါ်ခဲ့သော လူစုလူဝေးများကြောင့် ရောဂါကူးစက်မှု တိုးမြင့်ခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှုကာကွယ်ထိန်းချုပ်ခြင်းများ အရှိန်အဟုန်မြင့်လုပ်ဆောင်နေသည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီအချိန်အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၇၄၈၈၂ ဦးရှိပြီး ဆေးရုံးသို့တက်ရောက် ကုသခံယူနေရသည့်လူနာ၏ ၇၅ ရာခိုင်နှုန်းသည် ဆေးရုံဆင်ခွင့်ရရှိကာ သေးဆုံးသူစုစုပေါင်း ၁၆၅၀ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုအခါ မြန်မာနိုင်ငံသည် ဆောင်းရာသီသို့ ကူးပြောင်းသည့်ကာလဖြစ်ပြီး အထူးသဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ပြန့်ပွားပိုမိုဖြစ်စေနိုင်သော ကာလဖြစ်သည့်အတွက် အများပြည်သူများ ရုံးပိတ်ရက်ရှည်များတွင် ခရီးလာခြင်းများပြုလုပ်ပါက ရောဂါပြန့်ပွားမှု ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...