ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ဦးမှ မရရှိခဲ့သော်လည်း ဒီမိုကရေ စီ နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လွှတ်တော်ပြင်ပမှ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)က ထုတ်ပြန်ကြေညာခဲ့သည်။
"ကျွန်တော်တို့က နိုင်ငံရေးပါတီတစ်ခုအဖြစ်ရပ်တည်ထားတာပေါ့လေနော်။ လွတ်တော်ထဲမရောက်ရင်တော့ပိုကောင်းတာပေါ့။ လွတ်တော်ထဲကိုမရောက်တော့လဲ ဒီနိုင်ငံရေးပါတီ ရှမ်းနီပါတီအနေနဲ့ ဆက်လက်ပြီးရပ်တည်မယ်။ ပါတီဆိုတာ အစုအဖွဲ့တစ်ခုပဲလေ။ အဲလိုဆိုတော့ ကြုံတွေလာ မယ့် ကိစ္စအ၀၀ကို ပါတီအနေနဲ့ ဒီ လွတ်တော်ပြင်ပအနေနဲ့ပေါ့ဖြေရှင်းရမှာပေါ့” ဟုတိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀◌င် ဦးစိုင်းကျော်ထွေကပြောသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီရေး မူ နှင့် ခိုင်မာအောင် တည်ဆောက်ချိန် ယခုလို ရွေးကောက်ပွဲကာလတွင် လည်း ရွေးကောက်ပွဲအောင်နိုင်ရေးများအားငွေအား၊ လူအားများနှင့်အတူ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာဖြင့် ဘက်ပါင်းစုံ မှ အကြံဉာဏ်ပေး ကူညီခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း၊ရွေးကောက်ပွဲတွင် ပါတီ၏ ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးခဲ့ကြ သောပြည်သူ များ၊ အောင်နိုင်ရေးအတွက် ငွေကြေးနှင့် ပစ္စည်းများ ပံ့ပိုးကူညီ ခဲ့ကြသော အလှူရှင်များ၊ အောင်နိုင်ရေးသီချင်းများကို မေတ္တာဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသော ဒေသ အသီးသီးမှ ရှမ်းနီစာပေယဉ်ကျေးမှု အသင်းအဖွဲ့များ၊ တသီးပုဂ္ဂလအနုပညာရှင်းများ နှင့် ရှမ်းနီလူငယ်များအားလုံး ကို ကျေးဇူးတင်ကြောင်း နိုဝင်ဘာ ၁၁ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ၎င်း၏ ထုတ်ပြနချက်တွင် ဖော်ပြခဲ့သည်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက စစ်ကိုင်းဒေသကြီးလွှတ်တော်စားလှယ်တစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့တွင် အနိုင်ရရခဲ့သော်လည်း ယခု၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း၄၁ ဦး၀င်ရောက်ယဉ်ပြိုင်ခဲ့ပြီး တစ်ဦးမှရွေးကောက်တင်မြှောက်မခံရခြင်းဖြစ်ကြောင်းသိရသည်။