ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ၂၀၂၀ နိုဝင်ဘာ ၈ ရက်ကျင်းပသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။
၎င်းသည် NLDကိုယ်စားပြု၍ မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁) တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး NLD အနေဖြင့်အဆိုပါမြို့နယ်ရှိ ပြည်သူ့လွှတ်တော်၊အမျိုးသား လွှတ်တော်၊ပြည်နယ် လွှတ် တော် ၁နဲ့ ၂ မဲဆန္ဒနယ်များတွင် အနိုင်ရရှိထားကြောင်း သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ၊ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ပြည် ထောင်စုကောင်း ကျိုးဆောင်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊တိုင်းလိုင်(ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေး ပါတီ၊လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့မှ ကိုယ်စားလှယ်လောင်းများအား မဲရလဒ်အပြတ်အသတ်အနိုင်ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် မဲဆန္ဒရှင် နှစ်သိန်း သုံးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၁၄၀ ရှိကာ ဝင်ရောက်ယှဉ်ပြိုင် သည့်ပါတီပေါင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအဝင် ပါတီကိုးပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ကချင်ပြည်နယ်တွင် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၁၈ ပါတီရှိပြီး မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးရှိကာ လက်ရှိ ကချင်ပြည်နယ်မဲဆန္ဒနယ်အများစုတွင် NLDပါတီ အသာရနေကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသားဒီမိုကရေစီ (NLD) ပါတီ ကိုယ်စားလှယ်လောင်း ပြည်နယ်လဝကဝန်ကြီး ဦးဇော်ဝင်းလည်း ထပ်မံ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အနိုင်ရရှိသည့်အပေါ် ဦးဇော်ဝင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် “မဲဆန္ဒရှင်တွေကို မဲဆွယ်ကာလက တံတားဆောက်ပေးမယ်၊ လမ်းဖောက်ပေးမယ်၊ ကျောင်းဆောက်ပေးမယ်၊ လျှပ်စစ်မီးရစေရမယ်၊ ACကတ္တရာခင်းပေးမယ်လို့ မက်လုံးပေးပြီး မဲမဆွယ်ခဲ့ပေမဲ့ ပါတီ၏မူဝါဒအတိုင်း ပြည်သူ့အစိုးရပီသအောင် ပြီးခဲ့တဲ့ငါးနှစ်ထက် ပြည်သူ့အစေခံ ပြည်သူ့ကျေးကျွန်းသဖွယ် ပိုမိုကြိုးစားဆောင်ရွက်သွားမည်ဟု ကတိပြုပါသည် " ဟု ရေးသားခဲ့သည်။
ဦးဇော်ဝင်းသည် ၂၀၁၆-၂၀၂၀ အစိုးရသက်တမ်းအတွင်း ကချင်ပြည်နယ် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။
ထို့အပြင် တနိုင်းမြို့နယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့တွင်လည်း NLD ပါတီမှ အနိုင်ရရှိထားကြောင်းသိရသည်။
Published
Monday, November 09, 2020
ကချင်တွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် လဝကဝန်ကြီးဦးဇော်ဝင်းတို့ ထပ်မံအနိုင်ရ