ချင်းပြည်နယ် မြိုနယ်ခြောက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် NLD ပါတီ ရာနှုန်းပြည့်အနိုင်ရ

ချင်းပြည်နယ် မြိုနယ်ခြောက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် NLD ပါတီ ရာနှုန်းပြည့်အနိုင်ရ

ချင်းပြည်နယ် မြိုနယ်ခြောက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် NLD ပါတီ ရာနှုန်းပြည့်အနိုင်ရခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် မြို့နယ်ကိုးမြို့နယ်ရှိသည့်အနက် မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်တလန်ရှိ မဲဆန္ဒနယ်မြေအားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီး ချင်းပြည်နယ်မြို့တော် ဟားခါး မဲဆန္ဒနယ်မြေတွင် NLD ပါတီက သုံးနေရာ၊ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က နှစ်နေရာ အသီးသီးရရှိခဲ့ကြောင်း နောက်ဆုံးမဲရလာဒ်အရ သိရကြောင်းနှင့် ကျန်မြို့နယ်ဖြစ်သည့် တီးတီန်နှင့် တွန်းဇံမြို့နယ်များ မဲစာရင်းများကိုမူ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၂ ပါတီနှင့် တစ်ပုဂ္ဂလကိုယ်စားလှယ်လောင်းများသည် ပြည်နယ်လွှတ်တော်နေရာအတွက် ၉၈ ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် ၆၃ ဦးနှင့် ပြည်သူ့လွှတ်တော်နေရာအတွက် ၄၉ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြည်နယ်အတွင်း မဲဆန္ဒရှင် ၃၃၂၆၉၈ ဦးရှိကြောင်း သိရသည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီသည် ချင်းပါတီကြီးသုံးပါတီဖြစ်သည့် CPP၊ CNDP၊ CLD ပူးပေါင်းထားသည့် ပါတီဖြစ်ပြီး ရွေးကောက်ပွဲတွင် ၎င်းပြည်နယ်၌ NLD ၏ အဓိကပြိုင်ဘက်အဖြစ် ရေးပန်းစားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မဲဆန္ဒနယ်မြေငါးနေရာလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲအပြတ်သတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အပါအဝင် ကလေးခရိုင်တွင် အမျိူးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနှင့် ချင်းတိုင်းရင်းသားရေးဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီပါတီ ၁၉ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...