ဗန်းမောက်ရှိ ကျေးရွာအုပ်စုတစ်ခုတွင် မဲစာရွက်မှားယွင်းမှုကြောင့် အိမ်တိုင်ရာရောက် ပြန်ကောက်ခဲ့ရ

ဗန်းမောက်ရှိ ကျေးရွာအုပ်စုတစ်ခုတွင် မဲစာရွက်မှားယွင်းမှုကြောင့် အိမ်တိုင်ရာရောက် ပြန်ကောက်ခဲ့ရ

ဗန်းမောက်မြို့နယ်ရှိ ကျေးရွာအုပ်စုတစ်ခုတွင် ကြိုတင်မဲပေးရာတွင် မဲစာရွက်မှားယွင်းမှုကြောင့် အိမ်တိုင်ရာရောက် ပြန်လည်ကောက်ခဲ့ရကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်သန်းသန်းမြတ်က အတည်ပြုပြောကြားခဲ့သည်။

ယင်းသို့ မဲစာရင်းမှားယွင်းမှုသည် ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စုရှိ မံပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ထိုကျေးရွာတွင်အသက် ၆၀နှင့် အထက်မဲပေးပိုင်ခွင့်ရှိသူများကို နိုင်ဘာ၁ရက်မှစ၍ ကြိုတင်မဲ ကောက်ခံခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်စာရွက်နှင့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် စာရွက်မှားယွင်းပေးအပ်ကာ ကောက်ခံခြင်းဖြစ်ကြောင်းနှင့်မဲစာရွက်များမှာယွင်းနေကြောင်းသိရရှိပြီးနောက် ဗန်းမောက်မြို့နယ်ရှိ ပါတီအသီးသီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ နိုဝင်ဘာ ၂ရက်တွင် ထိုမဲဆန္ဒရှင်များ ပြန်လည်မဲပေးနိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က မှားပေးတဲ့ မဲစာရွက်ငါးဆယ်ကရောနေပြီဖြစ်တဲ့အတွက် အဲ့ဒီငါးဆယ်ကို ပြန်ပြီးခွဲထုတ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီအတွက်ကြောင့် Cancle (ပယ်ဖျက်)လုပ်ပြီး ချိတ်ပိတ်လိုက်တယ်။ ကျွန်မတို့အမှားကိုတာဝန်ယူတဲ့အနေနဲ့ အိမ်တိုင်ရာရောက်အကုန်ပြန်ကောက်ပေးခဲ့တယ်” ဒေါ်သန်းသန်းမြတ်က ပြောသည်။

ထိုသို့ မဲစာရွက်မှားယွင်းသွားရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍၎င်းတို့အနေဖြင့်သေချာမသိ ကြောင်းနှင့် ယင်းမှားယွင်းခဲ့သည့် ဆန္ဒမဲများကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်မှ ယူဆောင်သွားပြီး ဆန္ဒမဲ လက်မှတ်အသစ်များ ထပ်မံထုတ်ပေးခဲ့ခြင်းကြောင်း ပင်ပုံကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။

 

“အားလုံးပေးပြီးမှ ကျွန်တော်တို့လည်းသိတာ။ အဲ့ဒီမဲပုံးကိုလည်း ရုံးကိုပြန်ယူသွားပြီးတော့ သူတို့ ပိတ်လိုက်တယ်။ နောက်ရက်မှာ အသစ်ပြန်ပေးတယ်” ဟု ပင်ပုံကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် ဦးကျော်ဝင်းကပြောသည်။

အဆိုပါ မှာယွင်းမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စုအကျိုးဆောင်ပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးလှိုင်ဘွားက‘‘ ဒါမမှားသင့်ဘူး မြို့နယ်ကော်မရှင်ကထုတ်ပေးကတည်းက ရပ်ကျေးကော်မရှင်က စစ်ယူရမှာလေ” ဟပြောသည်။

ဗန်းမောက်မြို့နယ်တွင် လက်ရှိ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းတစ်ထောင်ကျော်ရှိကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...