ဒုတိယအကြိမ်မဲစာရင်း ဦးရေတစ်သောင်းကျော်လျော့နည်းမှု Door to Door စစ်ဆေးခဲ့ခြင်းကြောင့်ဖြစ်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ပြော

ဒုတိယအကြိမ်မဲစာရင်း ဦးရေတစ်သောင်းကျော်လျော့နည်းမှု Door to Door စစ်ဆေးခဲ့ခြင်းကြောင့်ဖြစ်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ပြော

ချင်းပြည်နယ်၏ ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲစာရင်းတွင် ပထမအကြိမ်ထုတ်ပြန်သည့် မဲစာရင်းထက် ဦးရေ တစ်သောင်းကျော်လျော့နည်းသွားခြင်းသည် Door to Door စစ်ဆေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

 

ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ ကြေညာခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်မဲစာရင်းကပ်ထားချိန်တွင် မဲစာရင်းတွင် ကျား ၁၅၉၆၂၅ ဦး၊ မ ၁၇၂၀၇၃ ဦး စုစုပေါင်း ၃၄၂၁၃၇ ဦး ရှိရာမှ ဒုတိယအကြိမ် ပြန်လည်ကြေညာရာတွင် ၃၃၁၆၉၈ ဦး ရှိတော့သဖြင့် ဦးရေ တစ်သောင်းကျော် လျော့နည်းသွားခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ စီစစ်ပြီးတော့ ပုံစံ (၃) နဲ့လျှောက်တဲ့သူ ပြန်ဖြည့်ရတဲ့ဟာရှိတယ်။ ပုံစံ (၄) နဲ့ ကန့်ကွက်တဲ့သူ ပြန်ဖြုတ်ရတဲ့သူရှိတယ်။ပြီးတော့ရပ်ကွက်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်နဲ့အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီးတော တစ် အိမ်တက်ဆင်း ပြန်လုပ်ကြသေးတယ်။ အဲလိုလုပ်တဲ့အခါမှာ မတွေ့တော့တဲ့လူတွေရှိတယ်။ပြန်ဖြုတ်ရ တဲ့ဟာတွေရှိတယ်။တစ်ချို့ကတော့ရူးသွပ်တဲ့လူတွေပါနေတော့ ကန့်ကွက်တဲ့သူတွေလည်း မရှိပဲနဲ့လည်း အဲဒီလူ တွေကိုကျွန်တော်တို့ ပြန်ဖြုတ်ရတယ်ပေါ့။ Ddoor to Door လုပ်ပြီးတော့ စီစစ်တဲ့အခါမှာ မလျှောက်ပဲနဲ့ ကျန်နေသေးတဲ့ လူတွေကိုလည်းပြန်ထည့်တယ်ဆိုပေမဲ့ မြေပြင်မှာဖြုတ်သင့်တဲ့လူတွေကိုဥပ ဒေအရပြန်ပြီး ပယ် ဖျက်လိုက်တဲ့ဟာတွေရှိတယ်တဲ့အတွက်အဲဒီနှစ်ခုခြားနားလိုက်တဲ့အခါမှာလျော့သွားတယ်ပေါ့”ဟု ဦးလင်းကျော် က ပြောသည်။

 

ယခုစာရင်းတွင် မပါသေးသူများအနေဖြင့် အိမ်ထောင်စုစာရင်းရှိသူဖြစ်စေ/မရှိသူဖြစ်စေ လက်ရှိနေရာတွင် ရက်ပေါင်း ၉၀ နေထိုင်သူဖြစ်ပါက လျှောက်ထားလျှင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

“အခုလက်ရှိ မပါသေးဘူးဆိုတဲ့ မဲဆန္ဒရှင်တွေက တကယ် နဂိုဒေသမြို့နယ်မှာ နေထိုင်တဲ့လူတွေလား။ အိမ်ထောင်စုစာရင်းတွေရှိတဲ့မဲဆန္ဒရှင်တွေလားပေါ့နော်။ အဲဒီလူမျိုးဆိုရင် ပုံစံ (၃) နဲ့လျှောက်လို့ရပါတယ်။ အဲလိုမှမဟုတ်ပဲနဲ့ အိမ်ထောင်စုစာရင်းတွေက ဒီမှာမရှိဘူး။ တစ်ခြားနေရာဒေသကနေ လုပ်ငန်းသဘောအရလည်း ရောက်ရှိလာကြတဲ့ မဲဆန္ဒရှင်တွေဖြစ်တယ်ဆိုရင်တော့၊ ရက်ပေါင်း (၉၀) နေထိုင်ပြီးသားဆိုရင်တော့ ပုံစံ (၃)(က) နဲ့လျှောက်ရမှာပါ“ ဟု ဦးလင်းကျော်က ပြောသည်။

 

၂၀၂ဝ ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ချင်းပြည်နယ်တွင် မဲရုံပေါင်း ၁၁၁၄ ရုံ ဖွင့်လှစ်ရန်လျာထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...