ကိုဗစ်ကြောင့် ရခိုင်တွင် မဲရုံ ၁၀၀ ကျော် ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လျာထား

ကိုဗစ်ကြောင့် ရခိုင်တွင် မဲရုံ ၁၀၀ ကျော် ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လျာထား
by -
မင်းထွန်း (DMG)

ကိုဗစ်ကာလရွေးကောက်ပွဲအတွက ရခိုင်ပြည်နယ်တွင် မဲရုံ ၁၂၄ ရုံ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန်လျာထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ယခင်က မဲရုံတစ်ရုံတွင် လူဦးရေ ၃၀၀ မှ ၃၀၀၀ အထိမဲပေးနိုင်ရန် လျာထားခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် မဲရုံတစ်ရုံတွင် လူဦးရေ ၃၀၀ မှ ၁၀၀၀ အထိစီစဉ်ထားကြောင်း အဆိုပါကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကပြောသည်။

“အခုက ကိုဗစ်နဲ့ကျတော့ လူဦးရေ ၃၀၀ ကနေ တစ်ထောင်အတွင်း တစ်ရုံပေါ့။ အဲကျတော့ တစ်ထောင်ထက် ပိုတဲ့ဟာကို နောက်တစ်ရုံဖွင့်ပေ့ါ၊ မဖွင့်ရင် အဆိုင်းခွဲတယ်ပေါ့။ အဲလို ခွဲလိုက်တော့ ပိုသာတာပေါ့” ဟု ၎င်းကပြောသည်။

ကိုဗစ်ရောဂါဖြစ်ပွားနေသည့်အချိန် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများကိုစနစ်တကျဖြင့် ဥပဒေနှင့်အညီ လုပ်ဆာင်ထားလျှင် မဲသွားပေးမည်ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိ/မြို့ဖ အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြောသည်။

“ဒီရောဂါအတွက် စိတ်ချရပြီး စနစ်တကျလုပ်ထားမယ်ဆိုရင်တော့ မဲသွားပေးမယ်။ ကိုဗစ်နဲ့ စနစ်တကျမရှိဘူး။ စိတ်ချလို့မရဘူးဆိုရင်တော့ မသွားဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က မဲရုံ ၂၅၉၅ ရုံဖွင့်လှစ်ရန် စီစဉ်ထားခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်ကြောင့် မဲရုံ ၁၂၄ ရုံ တိုးချဲ့မည်ဖြစ်သည့်အတွက် မဲရုံစုစုပေါင်း ၂၇၁၉ ရုံအထိ ရှိလာမည်ဖြစ်ကြောင်းနှင့် ရခိုင်တွင် ဒုတိယအကြိမ်ကောက်ခံထားသည့် စာရင်းအရ မဲဆန္ဒရှင်ဦးရေ ၁၆၄၇၀၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်းကျင်းပမည့် ၂၀၂၀ ခုနှစ်၊အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက်လည်း ရက်ပေါင်း ၃၁ ရက်သာ လိုတော့သည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...