ကလေးမြို့တောင်ပိုင်း ကျေးရွာအချို့ ပါတီများဝင်ရောက်မဲဆွယ်ခြင်းကို တားမြစ်ထား

ကလေးမြို့တောင်ပိုင်း ကျေးရွာအချို့ ပါတီများဝင်ရောက်မဲဆွယ်ခြင်းကို တားမြစ်ထား

ပါတီများဝင်ရောက်မဲဆွယ်ခြင်းကို ကလေးမြို့၊ တောင်ဘက်ကျေးရွာတချို့က တားမြစ်ထားကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကလေးမြို့ဥက္ကဌ ဦးသန်းထွန်းက ပြောသည်။

အဆိုပါကျေးရွာများသည် ကိုဗစ်ဒုတီယလှိုင်းကြိုတင် ကာကွယ်သည့်အနေဖြင့် ပါတီလှုပ်ရှားမှုများကို လက်မခံခြင်းဖြစ်ပြီး ထိုတားမြစ်မှုကြောင့် မဲဆွယ်ရေးအခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

အခုထိ ကျွန်တော်သတင်းရရှိထားတာကတော့ အချို့ရွာတွေက ပိတ်ထားပြီးပြီ။ အချို့ကလည်း ခဏနေရင် ပြန်ဖွင့်မယ်လို့ပြောတယ်၊ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်းပေါ့။ အဓိကတော့ ကျွန်တော်တို့အတွက်ကတော့ နစ်နာတယ်ဆိုတာထက် ကောင်းတဲ့လူကို ရွေးဖို့ဖြစ်စေချင်တာပေါ့။ မရွေးနိုင်လို့ရှိရင် ပါတီနစ်နာတာပေါ့” ဟု ဦးသန်းထွန်းက ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် မျက်နှာချင်းဆိုင် မဲဆွယ်မူများရပ်နားခဲ့ပြီး လက်ကမ်းစာစောငဖြန့်ဝေခြင်းဖြင့်သာ မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ဆက်လက်ပြောသည်။

“မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မျက်နှာချင်းဆိုင်တော့ မလုပ်တော့ဘူး။ လက်ကမ်းစာစောင်တွေကို ကားတွေနဲ့ သွားပြီး ဝေပေးတယ်။ ကျွန်ပ်အနေနဲ့ကတော့ တိုင်းပြည်ကောင်းစားဖို့ကတော့ ကိုဗစ်ရောဂါမပြန့်အောင်၊ မကူးဆက်အောင် လုပ်တာကတော့ ပိုပြီးကြိုက်တယ်။ နောက်ပြီး ဒီထက်ပိုကောင်းအောင်လုပ်ဖို့ကိုပဲ ဆက်လက်တိုက်တွန်းချင်တယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် နိုင်ငံရေးပါတီ ခုနစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲထံမှ သိရသသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...