မွန်ညီညွတ်ရေးပါတီ (MUP) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

မွန်ညီညွတ်ရေးပါတီ (MUP) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ရန်လင်းအောင် (MNA)

မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် တန်းတူညီမျှရေးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် မူဝါဒနှစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွှတ်ရေးပါတီ (MUP) သည် မွန်ပြည်နယ် ၃၅ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက် နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၂ နေရာနှင့် ကရင်ပြည်နယ်တွင် ၁၂ စုစုပေါင်း ၆၇ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၇ ဦးတွင် အမျိုးသမီး ၁၇ ဦး ရာခိုင်နှုန်းအားဖြင့် ၂၅.၄ ရာခိုင်နှုန်း၊ ၃၅ နှစ်အောက် လူငယ် ၁၂ ဦး ရာခိုင်နှုန်းအားဖြင့် ၁၇.၉ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုဘ်စားလှယ်လောင်းများကို ဥပဒေပြုရေးပညာ၊ အုပ်ချုပ်မှုပညာကို တက်မြောက်ထားသည့် သူများကိုသာ ရွေးချယ်ထားသည်ဟု ဆိုသည်။

ရွေးကောက်ပွဲဆောင်ပုဒ်အဖြစ် “ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်စို့ မဲပေးကြမည် မွန်ညီညွှတ်ရေးပါတီ” ဟူ၍ဖြစ်ပြီး ၎င်းတို့ ရွေးကောက်ပွဲအနိုင်ရရှိပါက ငါးနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နေ့စဉ် တစ်ဦးချင်းဝင်ငွေတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားဘာသာစာပေများ အစိုးရကျောင်းများတွင် တရားဝင်သင်ကြားမှုရရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ကတိပေးပြောကြားခဲ့သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်က ပေါင်းစည်းခဲ့သည့်ပါတီဖြစ်ပြီး လက်ရှိတွင် မွန်ညီညွှတ်ရေးပါတီ၌ ပါတီဝင်အင်အား တစ်သိန်းကျော်ရှိကာ ပါတီဝငအများစုသည် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများကဖြစ်သည်။ 

မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အားအဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်ရှိ နေရာ ၄၅ နေရာတွင် NLD က နေရာ ၄၀ တွင် အနိုင်ရရှိခဲ့ပြီး မွန်ပါတီနှစ်ပါတီက လေးနေရာနှင့် ပြည်ခိုင်ဖြိုးက တစ်နေရာ အနိုင်ရရှိခဲ့သည်။

အဆိုပါပါတီအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များတွင် တပ်မတော်ပါဝင်နေမှုအပေါ် သဘောတူခြင်းမရှိဘဲ တပ်မတော်အနေဖြင့် နိုင်ငံရေးကင်းရှင်း၍ ကာကွယ်ရေးတာဝန်ကိုသာ ပြီပြီပြင်ပြင် အကောင်အထည်ဖော်ရန်လိုလားကြောင်း သဘောထားရှိသည့် ပါတီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...