လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ခေါင်ညွယ် (KNG)

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် လီဆူအမျိုသားရေးကိုအခြေခံ၍ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို မူဒါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ယင်းပါတီဥက္ကဌ ဦးရွှေမင်းက ပြောသည်။

 

“အဓိကတော့ ကျနော်တို့ရဲ့ မူဝါဒက အချုပ်ပြောရမယ်ဆိုရင် လီဆူအမျိုးသားကို အခြေခံပြီးတော့ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်ဆိုတဲ့ အခြေခံမူကိုရပ်တည်တာပါ” ဟု ၎င်းကပြောသည်။

 

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်တွက် ကချင်ပြည်နယ်တွင် ၂၃ နေရာဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည် ခြောက်နေရာဖြစ်ကာ စုစုပေါင်း ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ပညာအရည်အချင်းအား သတ်မှတ်ထားခြင်းမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေ၊ နည်းဥပဒေများနဲ့ကိုက်ညီသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မိမိလူမျိုး၊ မိမိဒေသကို ချစ်မြတ်နိုးသည့်သူများကိုသာ အဓိကထားရွေးချယ်ထားကြောင်း သိရသည်။

ပါတီတွင် အမျိုးသမီးပါဝင်မူသည် ၁ဝ ရာခိုင်နူန်းရှိကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၉ ဦးတွင် အမျိုးသမီးသုံးဦးပါဝင်သည်။

 

ပါတီ၏ ရွေးကောက်ပွဲဆောင်းပုဒ်အနေဖြင့် “တန်းတူညီမျှခွင့်ရေးရရှိဖို့ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီကို မဲထည့်ပါစို့” ဟူ၍ဖြစ်ပြီး ကတိကဝတ်အဖြစ် ၎င်းတို့အနိုင်ရရှိခဲ့ပါက ငါးနှစ်တာကာလအတွင်း ပြည်သူတစ်ရပ်လုံး တန်းတူညီမျှရေးရရှိစေရေး ဆောင်ရွက်မည်ဟု ဆိုသည်။

 

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၈ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကာ ငါးဦးအနိုင်ရရှိသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၅ ဦး အနိုင်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

 

နိုင်ငံရေးဖြစ်စဉ်များတွင် တပ်မတော်ပါဝင်မှုအပေါ် လက်ခံလေ့ရှိသည့်ပါတီဖြစ်ပြီး လွှတ်တော်တွင် တပ်မတော်ပါဝင်သည့်အတွက် အာဏာသိမ်းမှုရှောင်လွှဲနိုင်မည်ဟု ယုံကြည်လျက်ရှိနေသည်။

“၂၅ ရာခိုင်နှုန်းတည်ရှိနေဖို့တွက် လက်ရှိအခြေနေအရတော့ ကောင်းပါလိမ့်မယ်လို့မြင်တယ်။ ဘာကြောင့်လဲ ကျနော်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေများကြီးရှိတယ်။ ရောင်စုံလက်နက်ကိုင်အုပ်စုတွေများကြီးရှိတဲ့တွက် တပ်မတော်ကလည်း သူ့နေရာနဲ့သူ တည်ရှိနေပါလိမ့်မယ် ဒီချိန်မှာ တပ်မတော်နဲ့ပတ်သက်ပြီး အင်အားလျော့မယ် ရာခိုင်နူန်းလျော့မယ်ဆိုရင် အခက်ခဲဆုံးဖြစ်လာမယ်လို့ ယူဆမိတယ်” ဟု ဦးရွှေမင်းကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...