တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) အနေဖြင့် မူဝါဒခုနစ်ရပ်ချမှတ်ထားပြီး ၎င်းမူဝါဒအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဝါဒခုနစ်ရပ်များမှာ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး၊ ရှမ်းနီပြည်နယ်ရရှိ‌ရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာသော နိုင်ငံတော်ဖြစ်ပေါ်လာရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေးအရ တန်းတူညီတူအခွင့်အရေးရရှိရေး၊ အားကောင်းခိုင်မာသော လူထုအကျိုးပြု ရှမ်းနီလူမှုအဖွဲ့အစည်းများ ပေါ်ထွန်းရေး၊ ရှမ်းနီလူမျိုးများနှင့် အတူနေဒေသခံတိုင်းရင်းသားများ၏ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာရေးဟူ၍ ဖြစ်သည်။

အဆိုပါပါတီသည် ရွေးကောက်ပွဲကတိကဝတ်အဖြစ် ရွေးကောက်ပွဲအောင်နိုင်လျှင် တိုင်းရင်းသားတန်တူညီမျှရေးနှင့် ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေး အချက်နှစ်ချက်ကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ပထမဆုံး တိုင်ရင်းသားတန်တူညီမျှရေးပေါ့နော်။ ဒုတိယကတော့ ရှမ်းနီလူမျိုးအမည်မှတ်ပေါ်ပေါက်ရေးပေါ့။ အဲနှစ်ခုကတော့ အဓိကကျတယ်။ တိုင်းရင်းသားတန်းတူအခွင့်အရေးမရလို့လဲ နိုင်ငံရေးကို လုပ်နေတာ။ တကယ် တိုင်းရင်းသားတန်းတူအခွင့်အရေးရနေခဲ့ရင်တော့ ရှမ်းနီတွေအနေနဲ့ ပါတီထောင်စရာအကြောင်းကိုမရှိဘူးလေ” ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းကျော်ထွေးက ပြောသည်။

လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းနီပါတီ (ကျားနီ) အနေဖြင့် ကိုယ်စားလှယ်စုစုပေါင်း ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ် ၂၈ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် ကိုးနေရာ၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၎င်းဒေသများတွင် အင်အားကြီးပါတီကြီးများသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြို့တို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃.၆ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အောက် လူငယ်ကိုယ်စားလှယ်လောင်း ၃၁.၅၈ ရာခိုင်နှုန်းနှင့် အသက် (၃၅) နှစ်အထက်ကိုယ်စားလှယ်လောင်း ၅၅.၂၆ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။

လွတ်တော်ကိုယ်စားလှယ်များသည် အနိမ့်ဆုံးပညာအရည်အချင်းသည် တက္ကသိုလ်ဝင်ထမ်းအောင်မြင်ပြီးသူများဖြစ်ပြီး၊ အငယ်ဆုံးကိုယ်စားလှယ်လောင်းမှာ အသက် ၂၆ နှစ်ဖြစ်ကာ အကြီးဆုံးကိုယ်စားလှယ်လောင်း၏ အသက်မှာ ၇၅ နှစ်ဖြစ်ကြောင်းသိရသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းဒေသကြီးလွှတ်တော်စားလှယ်တစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရရခဲ့သည့်ပါတီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...