တိုင်းရင်းသားပါတီများကိုသာ မဲထည့်ရန် ကရင်လူငယ်များလှုံ့ဆော်

တိုင်းရင်းသားပါတီများကိုသာ မဲထည့်ရန် ကရင်လူငယ်များလှုံ့ဆော်
by -
စောထွန်းလင်း (ကေအိုင်စီ)၊ ရန်လင်းအောင် (MNA)

မွန်ပြည်နယ်အတွင်းရှိ ကရင်လူမျိုးများအနေဖြင့် ကရင်နိုင်ငံရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိသည့် နေရာများတွင် မွန်နှင့် ပအိုဝ့် နိုင်ငံရေးပါတီများကိုသာ မဲထည့်ကြရန် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်)က သဘောထားထုတ်ပြန်၍ လှုံ့ဆော်လိုက်သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) က စက်တင်ဘာလ ၈ ရက်၌ ထုတ်ပြန်‌ကြေညာခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားများ၏ အရေးကိစ္စများကို တိုင်းရင်းသားများကသာ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် တိုင်ရင်းသားပါတီများကို ဝန်းရံခြင်းဖြစ်ကြောင်း ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) တာဝန်ခံ စောသောကြာကပြောသည်။

“NLD အစိုးရလက်ထက်မှာ ကျွန်တော်တို့ တိုင်းရင်းသားအရေးကို ဥပက္ခာပြုထားတယ်။ ဥပမာ - ချောင်းဆုံတံတားလိုကိစ္စလို။ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းတဲ့ကိစ္စတွေ သူတို့စဉ်းစားချက်မှာ ကျွန်တော်တို့နားလည်တာက တိုင်းရင်းသားအရေးကို နောက်ဆုံးမှလုပ်မယ်။ ဒေသဖွံ့ဖြိုးရေးကို အရင်လုပ်မယ်။ တိုင်းရင်းသားအရေးကို အဲ့လောက်ထိ သူတို့ခေါင်းထဲ မထည့်ဘူးပေါ့” ဟု ၎င်းကပြောသည်။

အဆိုပါ ကရင်လူငယ်များအနေဖြင့် အဓိကအားဖြင့် ကရင်ပြည်သူ့ပါတီ (KPP) ၏ မွန်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးသွားမည်ဖြစ်ပြီး ကရင်ပါတီသာ ကရင်အမျိုးသားတို့၏ အကျိုးစီးပွားနှင့် လိုလားချက်၊ အခွင့်အရေးများကို ဖော်ဆောင်ပေးမည်ဟု ယုံကြည်လျက်ရှိသည်။

ယင်းအပြင် တခြားပါတီဝင် တိုင်းရင်းသားများအနေနှင့်လည်း ပါတီအရေးကိစ္စထက် တိုင်းရင်းသားအရေးကိစ္စကို ဦးစားပေးရန်လိုကြောင်း စောသောကြာက တိုက်တွန်းလိုက်သည်။

လက်ရှိ အစိုးရအနေဖြင့် တိုင်းရင်းသားအခွင့်အရေးကို နားမလည်၍ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးမှုရှိနေကြောင်း ၎င်းက စွပ်စွဲပြောဆိုသည်။

မကြာမီပြုလုပ်မည့် ‌ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ကရင်ပြည်သူ့ပါတီက ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် နှစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် လေးနေရာနှင့် ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအတွက် နေရာပေါင်း ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မွန်ညီညွှတ်ရေးပါတီအနေဖြင့် ဘီလင်းမြို့နယ်နှင့် သထုံမြို့နယ်မှလွဲပြီး ကျန်မြို့နယ်များတွင် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...