ရှမ်းပြည်နယ်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

ရှမ်းပြည်နယ်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၅ ဦးရှိပြီး ဝင်ရောက်ယှဉ်ပြိုင်သူအားလုံး၏ ၁၉.၇၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ထံမှသိရသည်။

“ဒါက လက်ရှိအမည်စာရင်းတင်သွင်းထားတဲ့သူတွေမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုအခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ပြန်ပြင်တာတွေ၊ ဖြုတ်တာတွေရဲ့ရှိနိုင်ပါတယ်” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော်က ပြောသည်။

ယင်းသို့ အမျိုးသမီးကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ မည့်သည့်ပါတီက မည်မျှဝင်ရောက်ကြောင်း စာရင်းအသေးစိတ်ကို ဩဂုတ် ၂၉ ရက်တွင် အတိအကျထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၆၅ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နေရာတွင် ၂၀ ဦး၊ ပြည်နယ်လွတ်တော် မဲဆန္ဒနယ် ၁၊ ၂ နေရာတွင် ၁၁၂ ဦး တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ရှစ်ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအား ရှမ်းပြည်နယ်တွင် တစ်သီးပုဂ္ဂိလကိုယ်စားလှယ်လောင်း ၂၂ ဦးအပါအဝင် ပါတီ ၃၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၀၃၇ ဦးခန့် ရှိကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...