ယခုရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ပြန်လည်ရွေးကောက်ခံမည်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်များအရသိရသည်။
"ပါတီက ရွေးချယ်တာလဲဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကျွန်မရဲ့သဘောထားနဲ့ ဦးစားပေးရည်ရွယ်ချက်က လေးချက်နဲ့ ပြန်လည်ရွေးကောက်ခံမှာပါ" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဒေါ်နန်းမွှေးမွှေးခင်ကပြောသည်။
ရှမ်းရေးရာ၀န်ကြီးအဖြစ် ငါးနှစ်တာ တာ၀န်ထမ်းဆောင်ခဲ့မှုများကို ဆက်လက်မြှင့်တင်ရန်၊ မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းရန်၊ တိုင်းရင်းသားဒေသတွင်းရှိ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ကို အလေးထားဆောင်ရွက်ရန်နှင့် တိုင်းရင်းသားလူမျိုများ၏ လူမှုဘ၀တိုးတက်စေရန်၊ ဒေသတွင်း အမျိုးသမီးများ၏ ဘ၀မြှင့်တင်ပေးရန် ဆိုသောအချက်များဖြင့် ပြန်လည်ရွေးကောက်ခံရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ် မဲဆန္ဒနယ် ၂၇ နေရာ၊ စစ်ကိုင်းတိုင်း မဲဆန္ဒနယ် ကိုး နေရာ နှင့်ကချင်ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မမဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
Published
Monday, August 24, 2020
ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရေးရာ၀န်ကြီး ပြန်လည်ရွေးကောက်ခံမည်