PACEအဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်ရန် တားမြစ်ပြီး ၁၆ ရက်အကြာ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ခွင့်ပြုခဲ့ကြောင်း ၎င်းအဖွဲ့မှ Program Manger ကိုဟန်စိုးထွန်းက အတည်ပြုပြောကြားသည်။
"ဖုန်းနဲ့ဆက်သွယ်ပြီးပြောတာပါ။ပြီးခဲ့တယ့်စနေနေ့ကဆက်သွယ်လာတာ။ UECကတာဝန်ရှိသူတစ်ဦးလို့ပြောတယ်။တရားဝင်စာရောက်ရှိလာတာတော့မရှိသေးဘူး။ အခုကိစ္စနဲ့ပတ်သက်လို့ကတော့ မနက်ဖြန်မှာနေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင် (UEC) နဲ့လာတွေ့ဖို့သူတို့ဘက်ကပြောတယ်။ အဲဒါပြီးမှအကြောင်းစုံသိရမယ်။ ကျွန်တော့အမြင်အရ တရားဝင်ထုတ်ပြန်ခဲ့ရတောင် ဘယ်လိုအကန့်အသတ်တွေရှိနေမလဲ မသိရသေးဘူး။ ဟိုရောက်မှပဲသိရမှာ ကန့်သတ်ချက်တွေရှိလာရင်တော့ တမျိူးတဖုံလုပ်ဖို့ရှိပါတယ်။ တရားဝင်စာရောက်ရင် သတင်းထုတ်ပြန်မှာပါ" PACE အဖွဲ့၏ Program Manger ကိုဟန်စိုးထွန်းက အတည်ပြုပြောကြားသည်။
PACE အဖွဲ့ကို နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေအထွေရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာခွင့်မပြုကြောင်း ဇူလိုင် ၃၀ ရက်စွဲဖြင့် အကြောင်းကြားခဲ့ပြီး သြဂုတ် ၁၅ ရက်က ပြန်လည်ခွင့်ပြုခဲ့ခြင်းကြောင်း သိရသည်။
PACE ကို အသင်းအဖွဲ့မှတ်ပုံတင်မရှိဘဲ နိုင်ငံတကာရန်ပုံငွေများလက်ခံခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲလေ့လာစောင့်ကြောင့်ကြည့်ခွင့်ကို တားမြစ်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းအဖွဲ့သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများနှင့် ၂၀၁၉ ခုနှစ် ရန်ကုန်က မြို့တော်စည်ပင်ရွေးကောက်ပွဲများကို ကန့်သတ်ချက်မရှိဘဲ စောင့်ကြည့်လေ့လာခွင့်ရခဲ့ကြောင်း သိရသည်။
ထို့သို့ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်အကြောင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီး PACE အဖွဲ့ကလည်း စောင့်ကြည့်လေ့လာမှုကန့်သတ်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုနှင့် သမာသမတ်ကျမှုအပါ် သက်ရောက်မည်ကို စိုးရိမ်ကြောင်း ထုတ်ပန်ချက်တစ်စောင်ကို သြဂုတ် ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ပါတီမှ ကျောက်တံခါးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ထင်က "UEC ရဲ့လုပ်ရပ်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောချင်တယ်။ အခုလိုလုပ်ဆောင်ခြင်းက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်စေတယ်" ဟု ဝေဖန်ပြောဆိုသည်။