မဲပေးပါအမည်ဖြင့် ကမ်ပိန်းတစ်ခု မွန်ပြည်နယ်လူငယ်ရေးရာကော်မတီပြုလုပ်

မဲပေးပါအမည်ဖြင့် ကမ်ပိန်းတစ်ခု မွန်ပြည်နယ်လူငယ်ရေးရာကော်မတီပြုလုပ်
by -
ရန်လင်းအောင် (MNA)

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားများ မဲပေးရေး ကမ်ပိန်းတစ်ခုကို မွန်ပြည်နယ် လူငယ်ရေးရာကော်မတီက ဩဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သည်။

“နိုင်ငံသားတစ်ယောက် ဖြစ်တဲ့ အတွက် မဲပေးဖို့ပေါ့။ ဒါက ကျွန်မတို့ နိုင်ငံသား အခွင့်အရေးလည်း ဟုတ်တယ်။ ကျွန်မတို့ နိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက်ကို ကျွန်မတို့အတွက် တာဝန်တစ်ခုလည်း ဖြစ်တယ်။ ဒီလိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် ဒီမဲပေးခြင်းကနေပဲ စတာဖြစ်တဲ့အတွက် လူတစ်ယောက်ချင်းစီရဲ့မဲက အရေးကြီးပါတယ်” ဟု မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီအဖွဲ့ဝင် မိဇင်ဝင်းမွန်က ပြောသည်။

ယခုအခါ လူငယ်များကြားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမပေးရန် (no vote) တိုက်တွန်းမှုများ  ရှိနေသည့်အတွက်  မွန်ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့်  မဲပေးပါ အမည်ရှိ ကမ်းပိန်း ကို လုပ်ဆောင်ရခြင်းဖြစ်ပြီး ၎င်းကမ်ပိန်းကို သက်ဆိုင်သည့် မြို့နယ် လူငယ်ရေးရာကော်မတီများက မွန်ပြည်နယ်ရှိမြို့နယ် ၁၀မြို့ နယ်စလုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးမည့် ကိုအေးချမ်းကိုက “ပြည်နယ်အတွက် ဘယ်လိုမျိုး ကိုယ်စားလှယ်တွေ အဆင်ပြေနိုင်မလဲ။ ကိုယ်စားလှယ်တွေ အနေနဲ့ ဘယ်လိုတွေ ဂတိဂဝတ်တွေ ရှိမှာလဲ။ အဲ့ဒါတွေ အရင်နားထောင်သင့်တယ်ပေါ့။ ဒါအပြင်ကို လူငယ်တွေကို ဘယ်လိုတွေ အခွင့်အလမ်းတွေ ပေးနိုင်မလဲပေါ့။ နောက်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ကိုယ်စားလှယ်တွေကိုပဲ ကျွန်တော်အနေနဲ့ မဲပေးဖို့ စဉ်းစားထားပါတယ်” ဟု ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...