Published
Friday, May 31, 2019
ကရင်နီဘာသာ အစီအစဉ် (မေလ ၃၀၊ ၂၀၁၉)
တပ်ရင်းအနီးရှိ တောင်ယာမြေနေရာမှာ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ရင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာက တောင်သူတွေဆီကနေ သိရပါတယ်။
ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် တတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအနက် ဟိုတယ်နဲ့ခရီးသွားကဏ္ဍဟာ အအောင်မြင်ဆုံးဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
သစ်တောနည်းဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူတွေထံ ချပြဆွေးနွေးခြင်းနှင့် အကြံပြုချက်များရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲကို လွိုင်ကော်မြို့မှာ ကျင်းပခဲ့ပါတယ်။