ထိုင်း-မြန်မာနယ်စပ်က ကျောင်းပြင်ပ ကလေးငယ်တွေကို ပညာရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့နိုင်ဖို့ (UNESCO) အဖွဲ့တာဝန်ရှိသူတွေက ထိုင်းပညာရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ မြန်မာရွှေ့ပြောင်းကျောင်းပညာရေး တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်နယ်မှာတော့ မူးယစ်ဆေးဝါးပြဿနာဟာ လျော့ကျမသွားတဲ့အပြင် ပိုမိုကြီးထွားလာတယ်လို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ က ပြောကြားလိုက်ပါတယ်။
ကယားပြည်နယ်ထဲက လွိုင်ကော်မြို့တွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့်အပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ကြတဲ့ ကရင်နီလူငယ်တွေကို အာဏာပိုင်တွေ တားဆီးတဲ့အတွက် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။