ကြိုတင်မဲပုံးသည် ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲပုံများ ခွဲခြားထားခြင်းမရှိဘဲ မဲပုံးတစ်ပုံးထဲ၌ မဲ ၄ မဲ ထည့်ရခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင် ဗမာ၊ ကရင်၊ ပအိုဝ့် တိုင်းရင်းသားဖြစ်ပါက တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦးအတွက် မဲပြားတစ်ပြားထည့်ရသည်။
လျှိုဝှက်ဆန္ဒပြုခန်းအတွင် မဲဆန္ဒရှင်တစ်ဦးတည်း ဆန္ဒပြုမဲထည့်ခွင့်ရှိပြီး မဲလက်မှတ်များကို စာအိတ်ဖြင့်မဲပုံးထဲကို စုထည့်ရခြင်းဖြစ်သည်။
ဝယ်သွန်ချောင်းကျေးရွာ၌ မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၆၈၇ ဦးရှိသည့်အနက် ဝဲကလိအမြှောက်တပ်မှ ကြိုတင်မဲထည့်ရသည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များလည်း ၄၇၆ ယောက်ရှိသည်ကို တွေ့ရှိရသည်။
သံဖြူဇရပ်မြို့နယ်၌ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိူးသားပါတီ၊ အမျိူးသမီးပါတီ(မွန်)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိူးသား တိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိူးရေးပါတီ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။