“ ၂၀ ရက်နေ့နောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မှာပါ။ ခေါင်လံဖူးမြို့နယ်ကျန်နေတဲ့အတွက် ဒီကနေ့ပဲ ကျွန်တော်တို့အ တွင်းရေးမှူး လေယာဉ်နဲ့ သွားယူနေပါတယ်။” ဟု နိုဝင်ဘာ ၁၇ ရက်ကဆက်သွယ် မေးမြန်းစဉ်၎င်းကပြောခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲရလဒ်များကိုနိုဝင်ဘာလ ၁၅ ရက်နေ့က အများစုကိုကြေညာနိုင် ခဲ့သော်လည်း ကချင်ပြည်နယ်ရှိနေရာတစ်ချို့ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
“ NLD ကပဲရဖို့များပါတယ်။ မိုးညှင်းနဲ့ မိုးကောင်းဘက်မှာ မဲက တော်တော်ပြတ်ထားတာလေ။” ဟု ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းကျော်ဦးက ပြောသည်။
ထို့ပြင် ခရိုင်ကော်မရှင်ရုံးက နိုဝင်ဘာလ ၁၈ ရက်တွင် ဆင့်ခေါ်ထားကြောင်းလည်း ၎င်းကပြောသည်။
ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲ ကချင်ပြည်နယ်၏ နေရာအတော်များများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ကသာ အများစု အနိုင်ရရှိထားသည်။