ရွေးကောက်ပွဲကာလတွင် အနှောက်အယှက် မဖြစ်အောင် ထိန်းသိမ်းမည်ဟုုဆုုိ

ရွေးကောက်ပွဲကာလတွင် အနှောက်အယှက် မဖြစ်အောင် ထိန်းသိမ်းမည်ဟုုဆုုိ
သုုတလင်း — ရွေးကောက်ပွဲကာလတွင်း ကေအိုင်အေဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲအား နှောက်ယှက်ခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ကေအိုင်အေ နည်းပညာအထောက်အကူအပြုအဖွဲ့ Technical Team မှပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက  BNI သတင်းဌာနသို့ပြောသည်။

"ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ သီးခြားအကူအညီပေးဖို့တော့ မရှိပါဘူး။ ဒါပေမယ့် အနှောက်အယှက် လုံးဝ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ရှိကြဖို့ ဗဟိုကကိုက အမိန့်ထုတ်ပြန်ထားပြီးသားပါ" ဟု ဦးဒေါင်ခါးက ဆက်ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနှင့် ရွေးကောက်ပွဲများမကျင်းပနိုင်မည့် နယ်မြေစာရင်းများကို အောက်တိုဘာလ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားခဲ့ရာတွင် ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၂၁၀ ကျော်ပါဝင်ခဲ့သည်။

၄င်းနေရာများမှာ လွတ်လပ်ပြီး တရားမျှတသည့် အနေအထားမရှိခြင်း၊ နယ်မြေမအေးချမ်းခြင်းများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမူ အောက်တိုဘာလ ၁၃ ရက်နေ့က ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီဥက္ကဌ ဒေါက်တာမနာမ်တူးဂျာနှင့် တွေ့ဆုံစဉ်က တပ်မတော်အနေနှင့် တမင်တကာ ထိုးစစ်ဆင်ခြင်း မဟုတ်သော်လည်း နယ်မြေလုံခြံုရေးအရလှည့်လည် သွားလာရာတွင် နှစ်ဖက်တပ်များ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုး လိုက်သော်လည်း လက်မှတ်ရေးထိုးရာတွင်မပါဝင်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနှင့် တပ်မတော်ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းလည်းဖြစ်သည်။

" ကျွန်တော်တို့ဘက်က ရွေးကောက်ပွဲကို နှောက်ယှက်မှာမဟုတ်ဘူး။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ လုံခြံုရေးကိုတော့ တာဝန်မယူနိုင်ဘူး" ဟု ဦးဒေါင်ခါးက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကမူ တိုက်ပွဲများပြန်လည်မဖြစ်ပွားရန် တပ်မတော်ဘက်သို့ ကမ်းလှမ်းပြောဆို သွားမည်ဖြစ်သည်ဟုလည်း တရားဝင်ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့်လည်း ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာပြီး ယင်းအနေအထားက လွန်ခဲ့သော ၂၀၁၀ ခုနှစ်က ကဲ့သို့ ရွေးကောက်ပွဲမကျင်းပနိုင်မည့် အခြေအနေမျိုးထိရောက်ရှိ မည်ကိုလည်း ပါတီများက စိုးရိမ်လျှက်ရှိကြကြောင်း ၄င်းတို့နှင့် မေးမြန်းထားခဲ့သည့် အင်တာဗျူးများအရသိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...