မူးယစ်ဆေးဝါးပြဿနာ ဘက်စုံထောင့်စုံ ချဉ်းကပ်ဖြေရှင်းပါ

မူးယစ်ဆေးဝါးပြဿနာ ဘက်စုံထောင့်စုံ ချဉ်းကပ်ဖြေရှင်းပါ
by -
ကေအိုင်စီ
ဇွန်လ ၂၆ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဖြစ်သည်။ ထိုနေ့တွင် မြန်မာနိုင်ငံတဝှမ်းလုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ကြသကဲ့သို့ ကရင်အမျိုးသားအ စည်းအရုံး-ကေအဲန်ယူကလည်း ၎င်းတို့ဖမ်းဆီးရမိသော သိန်းလေးထောင်ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လက်ရှိ ရင်ဆိုင်နေရသော မူးယစ်ဆေးဝါး ပြဿနာကို မြန်မာနိုင်ငံအတွင်း အထူးသဖြင့် တိုင်းရင်းသား လူမျိုး အများစုနေထိုင်ကြသည့် ပြည်နယ်ဒေသများတွင် အမျိုးသားရေး ရန်သူသဖွယ် ရင်ဆိုင်နေကြရသည်။ ယခု အသစ်တက် လာသည့် အရပ်သားအစိုးရအနေဖြင့် ရက် ၁၀၀ စီမံချက်ကာလတွင် ကိုင်တွယ်ဆောင်ရွက်နိိုုင်မည် မဟုတ်သော်လည်း ထိုကာ လနောက်ပိုင်း မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အစိုးရသစ်၏ မူးယစ်ဆေးဝါး ပြဿနာအပေါ် သဘောထားကိုကြည့်မည်ဆိုပါက “နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံညီလာခံ)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတဆင့် မူးယစ်ဆေးဝါးပြဿနာကို သိသာထင်ရှားစွာ လျော့နည်း ကျဆင်းအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း” ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသွားခဲ့သည်။

ယခုဆိုလျှင် စိတ်ကိုပြောင်းလဲပျက်စီးစေနိုင်သည့် မူးယစ်ဆေးကို လူငယ်များအကြား ပိုမို သုံးစွဲမှုများသည့်အတွက် မြို့ပေါ်ရှိ စာသင်ကျောင်းများတွင်ပင် “မူးယစ်ကင်းဇုန်”ဟူ၍ ရေးသားထားသည်ကိုလည်း တွေ့မြင်နေရသည်။ နိုင်ငံအတွင်း မူးယစ်ဆေး ဝါး ကင်းစင်ရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်ဟု ဇွန်လ ၂၈ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအာဘော်တွင် ဖော်ပြထားသည်။

အမှန်စင်စစ်အားဖြင့် မူးယစ်ဆေးဝါးပြဿနာသည် အစိုးရအဆက်ဆက် နိုင်ငံစီမံခန့်ခွဲမှု ညံ့ဖျင်းပြီး ပြည်တွင်း စီးပွားရေးချွတ်ခြံု ကျမှု၏ နောက်ဆက်တွဲအကျိုးဆက်ပင် ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်က ၎င်းတို့အလိုကျ ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ အစည်းအချို့၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို မျက်ကွယ်ပြုခဲ့သည်များလည်း ရှိသည်။ တိုင်းရင်းသားဒေသ များကို စစ်မပြုဘဲ အလွယ်တကူ လူညွှန့်တုံးစေမည့် မူးယစ်ဆေးဖြင့် ပျက်စီးခြင်းရောက်ရန် စစ်ရေးမဟာဗျူဟာချကာ တမင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ကောက်ချက်ချထားခဲ့ကြသည်။

လက်ရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု အခြေအနေများကို ကြည့်မည်ဆိုလျှင်လည်း အစိုးရတာဝန်ရှိသူများ ပေါ့လျော့မှုရှိ ကြောင်း ဖြစ်စဉ်တချို့၌ မြင်တွေ့နိုင်သည့်အပြင် မူးယစ်ဆေးဝါးကို အကြောင်းပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အ ပေါ် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရေး အပြစ်ဖို့ ပြောဆိုခဲ့မှုများလည်းရှိကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေ သည်။ မူးယစ်ဆေးဝါး ပြဿနာမှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း မငြိမ်းချမ်းခဲ့သော ပြည်တွင်း စစ်မီး၏ နောက်ဆက်တွဲ ဆိုးကျိုးများဟုဆိုလျှင် မှားမည်မထင်ပေ။

သတိမမူလျှင် ဂူကိုမမြင်နိုင်သကဲ့သို့ မူးယစ်ဆေးဝါးပြဿနာ၏ တရားခံဟူ၍ အချင်းချင်း အပြန်အလှန် အပြစ်ဖို့ ထောက်ပြပြော ဆိုခြင်းထက် အစိုးရတာဝန်ရှိသူများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်အ ဖွဲ့အစည်းများနှင့် နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ လူထုလူတန်းစား တိုင်းရင်းသားပြည်သူအားလုံးကလည်း အသိစိတ်၊ သတိစိတ်ဖြင့် ထိရောက်စွာ စနစ်တကျ ၀ိုင်းဝန်းတိုက်ဖျက်သွားမှသာ သန့်ရှင်းသော မျိုးဆက်သစ်များ၏ အနာဂတ်နှင့် နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်ပေသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...