ကရင်ပြည်နယ်၊ လှိုင်းဘွဲဲမြို့နယ်၊ ကမော့ကချူးကျေးရွာတွင် သန်းခေါင်းစာရင်းအတွက် မတ်လ (၂၃-၂၄) ရက်နေ့၌ ကျေးရွာယာအိမ်မှူးများ ငွေကြေးကောက်ခံနေကြောင်း ကမော့ကချူးဒေသခံများက
ကေအိုင်စီကို ပြောသည်။
ကမော့ကချူးရွာတွင်နေထိုင်သည့် ဦးထွန်းထွန်းက “ရွာမှာရာအိမ်မှူးတွေပိုက်ဆံလာကောက်တယ် သူတို့ပြော တာကတော့ ဆရာမတွေ သန်းခေါင်းစာရင်းကောက်ဖို့အတွက် ကျွေးမွေးဧည့်ခံဖို့ တစ်အိမ်ကို (၁၂၀၀) ကျပ် လာကောက်တယ်” ဟု ပြောသည်။
ထို့အပြင် ကျေးရွာယာအိမ်မှူးများသည် သန်းခေါင်းစာရင်းကောက်ယူရာတွင် ယခုကဲ့သို့ငွေကြေးကောက်ခံခြင်း မလုပ်သင့်ကြောင်းနှင့် ပြည်သူလူထုအတွက်လည်း နစ််နာမှုများရှိကာ ပတ်ဝန်းကျင်ကြားမည်ဆိုလျှင်
ဆရာမများအတွက်လည်း ထိခိုက်နစ်နာစေနိုင်ပြီး ဆရာမများကလည်း ၎င်းကိစ္စကို သိချင်မှသိမည်ဟု ဦးထွန်းထွန်းက ဆက်ပြောသည်။
ကမော့ကချူးကျေးရွာ ရာအိမ်မှူး ဦးပိန်က “ပိုက်ဆံကောက်တာ သန်းခေါင်စာရင်ကောက်ဖို့ အတွက်မဟုတ်ဘူး ရွာမှာရှိတဲ့ ဗာလီမှာ ကလေးတွေကို စာသင်နေတဲ့ဆရာတွေအတွက် ကောက်တာဖြစ်တယ်” ဟု ပြောသည်။
ကမော့ကခြူးကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်ဝင်းက “သူတို့လာကောက်တာအမှန် အကန်ပဲ ဒီနေ့တောင် ကျွန်တော်တွေ့လိုက်သေးတယ် သန်းခေါင်စာရင်းကောက်မယ့် ဆရာမတွေကို ဧည့်ခံကျွေးမွေးဖို့အတွက်
ဆိုပြီးတော့ လာကောက်သွားတယ်” ဟုထပ်လောင်း အတည်ပြု ပြောဆိုသည်။
သန်းခေါင်စာရင်းကောက်သည့်ကျောင်းဆရာ၊ ဆရာမ တစ်ယောက်ကို တစ်ရက်လျှင် နိုင်ငံတော်က ၃၀၀၀ ကျပ်နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA မှ ၅၅၀၀ ကျပ် စုစုပေါင်းတစ်ရက်လျှင် ၈၅၀၀ ကျပ် ရရှိပြီး
သင်တန်းတက်သည့်ကာလတွင်လည်း သင်တန်းစရိတ်များလည်း ရရှိသည်ဟု ကရင်ပြည်နယ်လဝကရုံး၊ ဒုပြည်နယ်မှူး ဦးစောတင့်လွင်က ပြောသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ လူဦးရေနှင့် အိမ်အကြောင်း အရာ အချက်အလက်များကို ကုလသမဂ္ဂလူဦိရေရန်ပုံငွေအဖွဲ့ UNFPA အပါအဝင် ကမ္ဘာကုလသမဂ္ဂ
လက်အောက်ခံအဖွဲ့အစည်းများ၏ ပံပိုးကူညီမှုဖြင့် လက်ရှိအစိုးရက သန်းခေါင်းစာရင်းကောက်ယူခြင်းကို ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူသွားမည်ဖြစ်ပြီး မနက် ရ နာရီမှ ညနေ ၆ နာရီအထိ လုပ်ဆောင် သွားမည်ဟု သတ်မှတ်ထားသည်။