ဆရာ၊ဆရာမများကို ခရိုင်အဆင့်သန်းခေါင်စာရင်းသင်တန်းပေး

ဆရာ၊ဆရာမများကို ခရိုင်အဆင့်သန်းခေါင်စာရင်းသင်တန်းပေး
by -
သက်သန္တာလှိုင်

မွန်ပြည်နယ်၊ သထုံမြို့ အမှတ် ၁  အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများကို မတ်လ ၆ ရက်နေ့မှစ၍  ၅ ရက်ကြာ ထပ်မံပြီး သင်တန်းပေးသွားမည်ဟု သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ခရိုင်မှူးက ပြောသည်။

ပြည်နယ်အဆင့် သင်တန်းတက်ရောက်ပြီးသော နည်းပြများက ခရိုင်အဆင့် သင်တန်းပြန်လည်းပို့ချ မည်ဖြစ်ပြီး မြို့နယ်အဆင့်ဆရာ/ဆရာမများကို ယခုခရိုင်အဆင့်သင်ကြားနေသော ဆရာ/ဆရာမများက ပြန်လည်းသင် ကြားပေးမည် ဖြစ်သည်။

’’စာရင်းကောက်နဲ့ စာရင်းစစ်ကို ဘယ်လိုသင်ကြားထားလဲဆိုတော့ စာရင်းကောက်တွေဆိုရင် ကောက်ကွက် အလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူရမယ် စာရင်းစစ်တွေကတော့ ကောက်ထားတဲ့စာရင်းတွေကို စာရင်းပြုစုတယ် အဓိက ကတော့ ကောက်ယူလာတဲ့ စာရင်းတွေက မှန်ကန်လား၊ လိုအပ်ချက်တွေရှိလား ဆိုတာကို နည်းစနစ်တကျ သင်ကြားပေးပါတယ်’’ ဟု သထုံခရိုုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင် ဦးစီးဌာန ခရိုင်မှူး ကိုကိုမောင်က ပြောသည်။

ဆရာ/ဆရာမများကို ယင်းကဲ့သို့ သင်တန်းပေးရခြင်းမှာ မြန်မာနို်င်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းကိုအောင်မြင် စွာ ကောက်ယူန်ိုင်ရန် ရည်ရွယ်ပြီး သင်ကြားခြင်း ဖြစ်သည်။

၎င်းသင်တန်းကိုလည်း မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် ၂ ခုတွင် အချိန်တူညီစွာ သင်တန်း ပို့ ချခြင်းဖြစ်သည်။

စာရင်းစစ်တစ်ဦး၏ လက်အောက်တွင် စာရင်းကောက် ၅ ဦးရှိပြီး ၎င်းစာရင်းကောက်တစ်ဦးလျှင် ကောက်ကွက် ပေါင်း ၃၅ ကွက်အများဆုံး သတ်မှတ်ပေးထားသည်။ ကောက်ကွက်တစ်ကွက်တွင် အိမ်ထောင်စု ၁၀၀ မှ ၁၅၀ အထိရှိသည်။

၎င်းဆရာ/ဆရာမများ သင်တန်းကာလပြီးဆုံးပါက သက်ဆိုင်ရာမြို့နယ်များတွင် မြို့နယ်အဆင့်နည်းပြများပြု လုပ်ရမည် ဟု ခရိုင်မှူး ကိုကိုမောင်က ပြောသည်။

ဘီးလင်မြို့နယ် အ.ထ.က ခွဲ (နှင်းပုလဲ) ကျောင်းအုပ်ဆရာဖြစ်သူ ဦးဝင်မောင်က ’’ ဦးတို့ကို ပညာရေးမှူးကနေ ရွေးချယ်ထားတာပါ သင်တန်းပေးတယ်ဆိုတာ ဒီသန်းခေါင်စာရင်း ကောက်တဲ့အခါ ဘယ်လိုလုပ်ရမလဲ ဘယ်လိုမေးရမလဲဆိုတာကို အဓိက သင်ကြားတာပါ အခုခရိုင်အဆင့် ဆရာ/ဆရာမတွေကတော့ မူလတန်းအုပ်နဲ့ အလယ်တန်းပြတွေပါ ’’ ဟုပြောသည်။

သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် ဆရာ/ဆရာများကို လာရောက်သင်ယူနိုင်သည့်အခါတွင် ခရီးစရိတ်နှင့် စားစရိတ်ကို သီးသန့်ပေးထားပြီး သင်တန်းပို့ချသည့် ဆရာတစ်ဦး တစ်ရက်လျှင် ၁၄၀၀၀ ရရှိပြီး သင်ယူသည့် နည်းပြများက ၁၁၀၀၀ ရရှိသည်ခြင်းဖြစ်သည်။

သထုံခရိုင်အတွငး် စာရင်းကောက် ဆရာ/ဆရာမများ ၁၃၅၈ ဦးရှိပြီး အရံများကိုလည်း ၁၀၇ ဦး ထားရှိသည်။ စာရင်းစစ်များကိုလည်း ၁၇၆၄ ဦးနှင့် အရံ ၆၉ ဦးရှိသည်။ သထုံခရိုင်ရှိ မြို့နယ် ၄ မြို့နယ်တွင် ကောက်ကွက် ပေါင်း ၁၁၈၀ ကောက်ကွက် ရှိသည်။ ၂၀၁၄ သန််းခေါင်စာရင်းကောက်ယူမည် အချိန်တွင် ဆရာ၊ဆရာမများကို
စားစရိတ်နှင့် သွားလာစရိတ်ကိုလည်း ပြန်လည်းပေးမည်ဖြစ်သည်။ မြို့နယ်အဆင့် ဆရာ/ဆရာမ များကိုလည်း မတ်လ ၁၇ ရက်မှ ၂၂ ရက် အထိသင်တန်းပြန်လည်းပို့ချမည်ဖြစ်သည်။