အိမ်ယာမဲ့များအားတစ်ရက်သီးသန့် သန်းခေါင်စာရင်းကောက်မည်

အိမ်ယာမဲ့များအားတစ်ရက်သီးသန့် သန်းခေါင်စာရင်းကောက်မည်
by -
ချမ်းစွန်း

ချမ်းစွန်း(ရွှေဟင်္သာ သတင်းဌာန)။     ။အိမ်ခြေ အတည် တကျနှင့် အိမ်ထောင်စု စာရင်း မရှိသည့် အိမ်ယာမဲ့များ လူဦးရေစာရင်းကို လာမည့် မတ်လ အတွင်း သန်းခေါင် စာရင်း ကောက်ယူ ာ၌ တစ်ရက်
သီးသန့် သတ်မှတ်၍ ကောက်ယူ သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

“အိမ်ခြေရာ ခြေမဲ့ ဆိုတဲ့ ခြေသလုံး အိမ်တိုင် သမားတွေ၊ အိမ်မရှိဘူး လမ်းဘေးမှာ လျှောက်သွား နေတဲ့ သူတွေ အဲဒီလူတွေ အတွက် တစ်ရက် သတ်မှတ်ပြီး သီးသန့် ကောက်သွား ပါ့မယ်၊ မတ်လ (၃၀) ရက်နေ့ သတ်မှတ် ပေးထားပါတယ်” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

၄င်း အိမ်ခြေရာမဲ့ များကိုမူ အိမ်ထောင်စု စာရင်းဝင် လူဦးရေ ကဲ့သို့ မေးခွန်းပေါင်း (၄၁) ချက်ဖြင့် ကောက်ခံ သွားမည် မဟုတ်ဘဲ သတ်မှတ် ထားသည့် မေးခွန်း (၁၁) ချက် ဖြင့်သာ ကောက်ခံ သွားမည် ဖြစ်သည်။

မတ်လ ၃၀ ရက် တစ်ရက်တည်းဖြင့် အိမ်ခြေအတည်တကျမရှိသူတို့၏စာရင်းကို ၄င်းတို့နေထိုင်သည့် ကောက်ကွက်ကို တာဝန်ကျသည့် စာရင်းကောက်မှ ၄င်းတို့၏စာရင်းကို ကောက်ယူသွား မည်ဟု ဆိုပါသည်။ ထိုကောက်ကွက်တွင် နေထိုင်သူများမှ ယင်းအိမ်ခြေ ရာမဲ့ သူများ စာရင်းကို ဝိုင်းဝန်း ပြောကြားပေးရမည် ဖြစ်ပြီး စာရင်းကောက်များနှင့် အတူ အထောက်အကူပြု အဖွဲ့၊ ရပ်ကွက် ကျေးရွာ အုပ်စု သန်းခေါင်စာရင်း ကော်မတီ တို့မှလည်း ပူးပေါင်း ပါဝင် ကြရမည် ဖြစ်သည်။

ထို့ပြင် ၄င်းတို့ လှည့်လှည် နေထိုင် တတ်သည့် ဘူတာရုံ၊ သင်္ဘောဆိပ်၊ ပန်းခြံ စသည့် ထင်ရှား နေရာများတွင်လည်း ကောက်ခံသွားမည် ဖြစ်သည်။ ထို့ပြင် နေအိမ် ရှိသော်လည်း မမှတ် မိသော ကလေးများ ကိုလည်း (၂၉) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ထိုအိမ်တွင် မရှိနေလျှင် အချက် (၁၁) ချက်
မေးခွန်း များဖြင့် အိုးမဲ့အိမ်မဲ့ စာရင်းတွင်  ထည့်သွင်း ကောက်ခံ သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။ အခြားအိမ်သို့ ရောက်နေသော ဧည့်သည် တစ်ယောက်သည် (၂၉) ရက်နေ့ည သန်းခေါင်ယံ အချိန်တွင် ကိုယ့်အိမ်တွင် မရှိ နေလျှင် ထိုဧည့်သည် ရောက်ရှိ နေသာ နေရာတွင် သန်းခေါင်စာရင်း ကောက်သွားမည် ဖြစ်ပြီး တစ်အိမ်ကို တာဝန်ရှိသူ (သို့) အိမ်ထောင် ဦးစီးက  ဖြေကြားရမည် ဖြစ်ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက ပြောသည်။

၂၀၁၄ ခုနှစ် ပင်မ သန်းခေါင် စာရင်း ကောက်ယူရေး စီမံချက်တွင် ကောက်ခံသွားမည့် လူဦးရေ များကို အိမ်ထောင်စုလူဦးရေ - ကိုယ့်အိမ်နှင့်ကိုယ်နေသည့် သူများ၊ အဖွဲ့အစည်းနှင့် နေသည့် လူဦးရေ - ဘုန်းကြီး၊
ထောင်သား အကျဉ်းသား၊ တပ်ဘားတိုက်တွင် နေသည့် သူများ၊ အုပ်ချုပ်သူတစ်ယောက်၏ အောက်၌ နေထိုင် သူများ နှင့် အိမ်ခြေရာ ခြေမဲ့ ဆိုသည့် ခြေသလုံးအိမ်တိုင် သမား၊ အိမ်ခြေ အတည် တကျ မရှိပဲ လမ်းဘေး၌ လျှောက်သွားနေသည့်လူဦးရေ များ စသည့်ဖြင့် ကောက်ခံ သွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း တွင်ဆယ်နှစ်လျှင် တစ်ကြိမ်ကျ (၁၉၇၃) ခုနှစ် နှင့် (၁၉၈၃) ခုနှစ် တို့တွင်ကောက်ခံ ခဲ့ဖူးသည်။ ၁၉၈၃ နောက်ပိုင်းမှသည် မကောက်ခံ နိုင်ခဲ့သည်မှာ
နှစ်ပေါင်း (၃၀) ကျော် ကြာမြင့် ခဲ့ပြီးနောက် (၂၀၁၄) ခုနှစ်တွင် ထပ်မံကောက်ခံရန် စီစဉ် နေခြင်း ဖြစ်သည်။

စာရင်း ကောက်မည့် ရက်မှာ ၂၀၁၄ မတ်လ (၃၀)မှ ဧပြီလ (၁၀) ရက်နေ့ အထိစုစုပေါင်း (၁၂) ရက်ဖြစ်သည် ကောက်ယူချိန်မှာ နံနက် (၇) နာရီမှ ည (၆) နာရီအထိ ဖြစ်သည်။၂၀၁၄ ခုနှစ် မတ်လ (၂၉) ရက်နေ့ ညသန်းခေါင်ယံ အချိန်သည် သန်းခေါင်စာရင်း ရည်ညွန်းချိန် ဖြစ်ရာ ထိုအချိန်တွင် ရောက်ရှိ နေသည့်
နေရာ၌ စာရင်းဝင် မည်ဖြစ်သည်။