သမ္မတဦးသိန်းစိန် အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် ကရင် အမျိုးသား အစည်း အရုံး (KNU) ဥက္ကဌ စောမူတူး စေးဖိုး ဦးဆောင်သော အဖွဲ့သည် ဇန္နာဝါရီ (၃)ရက်နေ့ ညနေပိုင်းတွင် ထိုင်း မြန်မာ နယ်စပ်မှ ထွက်ခွာသွားခဲ့ပါသည်။
ယင်း ခရီးစဉ်တွင် အထွေထွေ အတွင်း ရေးမှူး ပဒိုစော ကွယ်ထူးဝင်း၊ကာကွယ်ရေး ဌာန တာဝန်ခံ ဗိုလ်မှူးချုပ် ရော ဂျာခင်၊ ဗဟို အလုပ် အမှုဆောင်ပဒိုစော တာဒိုမူး၊ စစ်ထောက် ချုပ် ဗိုလ်ချုပ် စောအိုင်းဇက် နှင့် တပ်မှူး အချို့ အပါ၀င် စုစုပေါင်း (၁၀) ဦးထက်မနည်း လိုက်ပါသွား ကြောင်း အတွင်းရေး မှူး(၂)ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
ထို့အပြင် (KNU) ဌာနချုပ်မှ လည်း ခရီးစဉ် ၏ ရည်ရွယ် ချက် နှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန် ခဲ့ရာတွင် လည်း ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ် များ၊တစ်နိုင်ငံ လုံး ဆိုင်ရာ အပစ် အခတ်ရပ်စဲ ရေး လုပ်ငန်းစဉ် များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာများ ကို အစိုး ရနှင့် ဆွေးနွေး သွားမည်ဖြစ် ကြောင်း ပါရှိခဲ့ပါသည်။
ထို့ကြောင့် ခရီးစဉ်ဖြစ် လာပုံ၊ ခရီးစဉ် ရည်ရွယ် ချက်နှင့် ရလာဒ် များအတွက် မည်သို့ ဆောင်ရွက်သွား ကြမည်ကို အသေးစိပ် သိရှိနိုင် ရန် (KNU) အတွင်းရေး မှူး (၂) ဖြစ်သူ ပဒိုမန်းမန်းအား ရွှေဟင်္သာသတင်း ဌာနက ဆက်သွယ် မေးမြန်းခဲ့ပါသည်။
မေး။ ။သမ္မတနဲ့ရော ကာချုပ်နဲ့ရော တွေ့ဆုံဖို့ အစီစဉ် ဘယ်ကနေ ဘယ်လိုဖြစ် လာရတာ လဲ သိပါရစေ။
ဖြေ။ ။ဒီလိုပါ။ ၀န်ကြီး ဦးအောင်မင်း၊ ဦးခင် ရီတို့ ကရင်နှစ် သစ်ကူးနေ့ကို လာရင်းနဲ့ (KNU) ဥက္ကဌတို့နဲ့ တွေ့ဆုံ ဆွေးနွေးဖြစ် ခဲ့ပါတယ်။ လာမဲ့ နိုင် ငံရေး ဆွေးနွေးပွဲ မှာ ဘဲဖြစ်ဖြစ်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စမှာ ဘဲဖြစ်ဖြစ်ပေါ့လေ အထစ် အငေါ့လေး တွေနဲနိုင် သမျှနဲအောင် ဆိုရင် မဆွေးနွေး ခင်မှာ သမ္မတ ကိုရော ကာချုပ်ကိုရော သွားတွေ ့သင့်တယ် ဆိုပြီးသူတို ့က အကြံပြု ရာ ကနေ ဒီခရီး စဉ် ဖြစ်လာတယ် လို့ဘဲ ပြောလို့ ရပါတယ်။
ဒီခရီးစဉ် ဟာလည်း အလွတ် သဘော ဘဲပြောပြော ၊ကြိုတင် ညှိနှိုင်းတယ် လို့ဘဲ ဆိုဆိုပေါ့လေ ပြောလို့တော့ ရပါတယ်။ ဒါပေမဲ့ လာမည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အတွက် ရည်ရွယ်ပြီးသွား တယ်လို ့ဘဲခံ ယူထားပါ တယ်။
မေး။ ။ဒါဆိုရင် ဒီခရီးစဉ်ဟာ တိုင်းရင်းသား တွေရဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နဲ့ ဆက်စပ် နေပါသလား။ ဘယ် လိုမျိုး အထောက် အကူ ပေးနိုင်မလဲ။
ဖြေ။ ။ တကယ်တော့ ဒီအစီစဉ် ဟာ (NCCT) နဲ့ မဆိုင် ပါဘူး။ သူတို့ အစီစဉ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အ ထောက် အကူတော့ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့ လဲဆို တော့ သူတို့ ပြန်လာရင် ရလာတဲ့ အဖြေ တွေကို (NCCT) ကို ရော၊ ကျင်းပမဲ့ ဒုတိယ အကြိမ် တိုင်းရင်းသား ညီလာခံကို ပါ တင်ပြမှာ ဖြစ်တယ်။
ကျနော် တို့ သိထား တာက (NCCT) က တင်ပြတဲ့ ပရိုပိုဇယ် ရှိတယ်။ ပြီးတော့ အစိုးရ ဖက်က တင်ပြတဲ့ ပရိုပိုဇယ် တွေ ရှိတယ် လေ။ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရေး စာချုပ် နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ အစီစဉ် ကိစ္စတွေပေါ့။ ဒီနှစ်ခု ထဲမှာ ကွာဟနိုင်မဲ့ အချက်တွေ မှာ နီးစပ်လာ အောင်ပါ။ ပြီးတော့ အဲဒီ အပေါ်မှာ သမ္မတနဲ့ ကာချုပ်တို့ရဲ့ အမြင်ကို လည်း သိရှိဖို့ ပေါ့နော် အဲဒီအတွက် ရည်ရွယ်ပြီး တွေ့ဖို့ ဆုံးဖြတ် တာ ဖြစ်တယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ အချက် အလက်အရ ပြောရ ရင်တော့ ဘယ်အချက် တွေကို အခြေခံပြီး တော့ သမ္မတနဲ့ ကာ ချုပ်တွေ ကို တင်ပြမှာလဲ။
ဖြေ။ ။ ဟုတ်ကဲ့ အချက် အလက်အရ ပြောရ မယ်ဆိုရင် တင်ပြ ဆွေးနွေးမဲ့ အချက်တွေ ကတော့ ရှေ့ဆက်သွား မဲ့ ငြိမ်းချမ်း ရေး လုပ်ငန်း စဉ်ရယ်၊ တနိုင်ငံ လုံး အပစ် အခတ်ရပ်စဲ ရေးစာချုပ် ကိစ္စရယ်၊ ပြီးတော့ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးရေး လုပ်ငန်းစဉ် တွေမှာ ဘယ်လိုမျိုး ရှေ့ဆက် သွားကြမလဲပေါ့။
အထူး သဖြင့် တပ်ဖက် ဆိုင်ရာ ကိစ္စတွေမှာ အထစ်အငေါ့ မရှိအောင် ဘယ်လို လုပ်ကြရင် ကောင်းမလဲ ပေါ့ဆိုတဲ့ ကာ ချုပ်ရဲ့ သဘောထား လည်း သိဖို့ လို တယ်လေ။ အကန့် အသတ်နဲ့ အတားအဆီး တွေ ဖြစ်မဲ့ အရာတွေကို အလွတ် သဘော ဆွေးနွေး ကြတာပါဘဲ။
မေး။ ။ အခုလိုမျိုး အထစ် အငေါ့လေး တွေ မရှိအောင် ၊ အဆင်ပြေ ချောမွေ့ အောင် ဆိုတဲ့ ရည်ရွယ် ချက်မျိုး နဲ့သွားမယ် ဆိုတော့ ပြီးခဲ့တဲ့ အပတ်က ဦးအောင်မင်း တို့နဲ့ (NCCT) အဖွဲ့တွေ တွေ့တုန်းက အထစ် အငေါ့လေးတွေ ရှိခဲ့လို့ လား သိပါရစေ။
ဖြေ။ ။ အဲဒီလိုလဲ မဟုတ် ပါဘူး။ ကျနော်မြင် တာကတော့ ဒီလိုပါ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မှာ ကျနော်တို့ တိုင်းရင်းသား ဖက်ကတော့ ရှင်းရှင်း လေးဘဲ တင်ပြထားတယ်။ အဲဒါက ဒီမိုက ရေစီကို အခြေခံတဲ့ ဖက်ဒ ရယ် ပြည်ထောင်စု စနစ်တည် ဆောက် ဖို့ တင်ပြ ထားပါတယ်။ အဲဒီလို ပါဘဲ အစိုးရဖက် က တင်ထားတဲ့ ပရိုပိုဇယ် မှာလည်း ဖက်ဒရယ် ပြည်ထောင်စု ကို အခြေခံတဲ့ နိုင်ငံတော် လို့ တင်ပြထား ပါတယ်။ ဒီနှစ်ခုမှာ စိတ် စေတနာ အမှန် နဲ့ ညှိနှိုင်း ခဲ့ကြရင် မခက်ဘူး ပေါ့နော်။
ဘာကြောင့် အဲဒီလို ဖြစ်နေရ တာလဲ ဘာ အဓိပ္ပါယ် ကွဲပြား နေလို့လဲ။ အဲတာတွေ အလွတ်သဘော သွားညှိတာပါဘဲ။ သမ္မတနဲ့ ကာချုပ်တို့ ကလည်း အပြုသဘော တုန့်ပြန်လိမ့် မယ်လို့ ယူဆပါတယ်။ ညှိမယ်ဆို လည်း သိပ်မခက်ခဲ တော့ဘူးလို့ ယုံကြည် တယ်လေ။
သမ္မတ နဲ့ ကာချုပ်တို့ ကလည်း ဒီကိစ္စ တွေကို အချိန်ပေးပြီး အသေးစိပ် ညှိနှိုင်းလိမ့်မယ် တော့မဟုတ် ဘူးပေါ့။ ဒါပေမဲ့ ဘယ်အပိုင်းက ပြေလည်မယ်။ ဘယ်အပိုင်းက ဆက်ညှိရမယ်။ ဘယ်အပိုင်းက အချိန်ယူရမယ် ဆိုတဲ့ အခြေ အနေလေး တွေတော့ သိလာရမယ် လို့ ကျနော့် အနေနဲ့ ယုံကြည်ပါတယ်။
မေး။ ။ခေါင်းဆောင်တွေ ပြန်ရောက်ရင် ရလာတဲ့ အဖြေတွေ ကို ဘယ် အချိန်မှာ ဘယ်လိုမျိုး အစီစဉ် တွေနဲ့ ချပြ ဖို့ ရှိသလဲ။
ဖြေ။ ။ အဲဒါ ကတော့ ဒီလိုပါ။ ကျနော်တို့ မှာ လာမဲ့ ဇန္နာဝါရီ (၂၀)ရက် နေ့မှာ ကျနော်တို့ရဲ့ လောခီးလာ (လေး ၀ါး) စခန်းမှာ လက်နက် ကိုင် တိုင်းရင်း သား တွေရဲ့ ဒုတိယ အကြိမ်ညီလာ ခံရှိတယ်။ အဲဒီမတိုင် ခင်လည်း (NCCT) အဖွဲ့တွေ တွေ့ဦးမယ် ဆိုတော့ ရလာတဲ့ အဖြေတွေ ကို တင်ပြမယ် လေ။ အချင်းချင်း ညှိနှိုင်း ပြီးတော့ လာမဲ့ ညီလာ ခံကို တင်ပြ မှာပေါ့။ အဲဒီအစီ စဉ်မျိုးပါ။
စကားချပ်။ ။ ထို့ကြောင့် လာမည့် ဇန္နာဝါရီ အကုန်ပိုင်း တွင် လက်နက်ကိုင် တိုင်းရင်း သား များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ် စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့် အစိုးရ ကိုယ်စားလှယ် တို့ ကရင်ပြည်နယ် ဖါးအံမြို့တွင် တွေ့ဆုံဆွေး နွေးသည့် အခါ အပြုသဘော ဆောင်သော တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲ ရေး စာချုပ် လက်မှတ် ရေးထိုးနိုင် မည့် အဆင့် တခုသို့ ရောက်ရှိလိမ့် မည် ဟု ယုံကြည်ကြောင်း ပဒိုမန်းမန်းက ဆိုပါသည်။