ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ အဓိပတိကောင်စီအလှည့်ကျ ဥက္ကဌ ဒေါက်တာ ဇလှေထန်းဟာ ချင်းပြည်နယ် ဖလမ်းမြို့ နယ် TlangHmun ကျေးရွာက အဖ U Hrang Sin နှင့် အမိ Pi Khaw Lian Cuai တို့ရဲ့သားဖြစ်ပါ တယ်။ မွေးချင်း အမ တယောက်ရှိပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ အဓိပတိကောင်စီအလှည့်ကျ ဥက္ကဌ ဒေါက်တာ ဇလှေထန်းဟာ ချင်းပြည်နယ် ဖလမ်းမြို့ နယ် TlangHmun ကျေးရွာက အဖ U Hrang Sin နှင့် အမိ Pi Khaw Lian Cuai တို့ရဲ့သားဖြစ်ပါ တယ်။ မွေးချင်း အမ တယောက်ရှိပါတယ်။ သူဟာ ဖလမ်းမြို့အထက်တန်းကျောင်းမှာ ပညာ သင်ယူခဲ့ပြီး ရန်ကုန်မြို့ အမျိုးသား အထက်တန်း ကျောင်းကနေ ၁၀ တန်း ကိုအောင်မြင်ခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှာ ဆေး ကျောင်း တက်ရောက်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကျောင်းပြီး ရမှာဖြစ်ပေမဲ့့ ကျောင်းသား ဘဝကတည်းက နိုင်ငံရေး လှုပ်ရှားခဲ့လို့ မဆလ ဦးနေဝင်းအစိုးရက ဖမ်းဆီးပြီး အကျဉ်းချခံခဲ့ရတာကြောင့် ၁၉၇၇ ခုနှစ်ကျမှ MBBS ဘွဲ့ကို ရရှိခဲ့တာပါ။
အဲဒီနောက်ပိုင်း နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဇာတ်မြှူပ်ခဲ့ပြီး ဆရာဝန်တဦးအနေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်၊ တာဟန်းရပ်ကွက်မှာ ဆေးခန်းဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ရတယ်။ ဒါပေမယ့် ၈၈ အရေးအခင်းပြီးလို့ ၁၉၉၀ ခုနှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှာ အမျိုးသားနိုင်ငံရေး ဓါတ်ခံရှိထားသူပီပီ နိုင်ငံရေးစင်မြင့်ပေါ်ကို တဖန် တက်ရောက်လာခဲ့ပြန်တယ်။ ဒီလိုနဲ့ ၉၀ ရွေး ကောက်ပွဲမှာ Chin National League for Democracy ( CNLD) ပါတီ မှ ဖလမ်းမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးခံခဲ့ရပါတယ်။ ဒါပေမယ့် ၉၀ ရွေး ကောက်ပွဲကနေ ရွေးချယ်ခံ ရတဲ့ အမတ်တွေဟာ လွှတ်တော်ခေါ်ယူ ခွင့်မရလိုက်ရတဲ့အပြင် စစ်အစိုးရ ရဲ့ဖမ်းဆီး ထောင် ချခြင်းကို ခံခဲ့ပါတယ်။
အဲဒီချိန်မှာ ဒေါက်တာဇလှေထန်းလည်း အာဏာပိုင်တွေက ဖမ်းဆီးထောင်ချဖို့ စီစဉ်နေတဲ့ အချိန်မှာ ကံကောင်း ထောက်မ စွာနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရ တယ်။ ပြည်ပရောက် ဒေါက်တာ စိန်ဝင်းအစိုးရအဖွဲ့မှာ ပညာ ရေးနဲ့ ကျန်းမာရေး ၀န်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ပါသေးတယ်။ ကျန်းမာရေးအခြေအနေကြောင့် ၀န်ကြီးဘဝ ကနေ အနားယူပြီး သူ့မိသား စုရှိရာ အမေရိကန်ပြည်ထောင်စုကို ထွက်သွားခဲ့ရတယ်။ ဒီလိုနဲ့ နိုင်ငံရေးနဲ့ ရေစက်မကုန်နိုင်တဲ့ ခေါင်းဆောင်ကြီးဟာ ၂၀၁၁ ခုနှစ် အတွင်း ချင်းအမျိုးသားတပ်ဦး CNF ရဲ့ အရေးပေါ်ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတယ်။ ဒီလိုနဲ့ CNF အဓိပတိ ကောင်စီအ လှည့်ကျဥက္ကဌ တာဝန်ကို ကိုယ်စားလှယ် အားလုံး တခဲနက်ထောက်ခံမှုကြောင့် လက်ခံလိုက်ရတယ်။
ဥက္ကဌကြီးရဲ့ဖြတ်သန်းလာခဲ့တဲ့ ဘဝပုံရိပ်တချို့နဲဲ့အတူ ခိုနူမ်းထုန်(ချင်းသတင်းဌာန) က တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။
မေး ။ ။ လက်ရှိနိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားတွေအခြေအနေ မဆွေးနွေးခင်မှာ အန်ကယ်လ် ရဲ့ နောက်ကြောင်းဘဝကို ပြန်ပြောင်းကြည့်ရအောင်ပါ။ ရန်ကုန်မှာ ဆေးကျောင်းတက်ခဲ့တဲ့ချိန်မှာ အန်ကယ်တို့ ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ။
ဖြေ ။ ။ ၁၉၆၉ ခုနှစ်မှာ ဦးနေဝင်းက ဆိုရှယ်လစ်စနစ်နဲ့တိုင်းပြည်အုပ်ချုပ်တယ်၊ ဆိုရှယ်လစ်ဖွဲ့ စည်းပုံဥပဒေ ပြန်ရေးဆွဲတယ်၊ အဲဒီချိန်မှာ ဦးနေဝင်းက ဘယ်သူမဆို အနာဂါတ်နိုင်ငံတော်အုပ်ချုပ်ပုံကို လွတ်လွတ်လပ်လပ်အ ကြံပေးနိုင်တယ် ဆိုပြီး MP Pu LianUk က ဦးဆောင်မှုနဲ့ ချင်းလူငယ်များအကြံ ပေးချက်ဆိုပြီး ကျနော်တို့ လူ ၂၂ ယောက် လက်မှတ်ထိုးပြီး တင်ပြခဲ့တယ် အဲဒါကြောင့် အဖမ်းခံခဲ့တာဘဲ၊ အဲဒီတုန်းက ချင်းလူကြီး ၅၃ ဦးလောက်အဖမ်းခံရတယ်၊ ချင်းလူငယ် အကြံပေးချက်ထဲမှာ ကျနော်တို့က ဖက်ဒရယ်မူကိုရေးခဲ့တယ်၊ အဲဒါကို ချင်းတောင် မြို့နယ်တိုင်းမှာ စည်းရုံး ရေး လုပ်ခဲ့တယ်၊ အစိုးရကမကြိုက်လို့ အဖမ်းခံခဲ့ရတာပါ။
မေး ။ ။ အန်ကယ်လ်တို့ အဲလိုအဖမ်းခံပြီး ထောင်ချခံရတော့ ထောင်ထဲမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဆုံခဲ့တဲ့ဖြစ်ရပ်လေး ပြောပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ကို အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရတယ်၊ ချက်ချင်းအဆောင်မှာ မပို့ဘူး၊ တိုက်ထဲမှာ ကျနော်က ၉ လနေခဲ့တယ်၊ တိုက်ကနေ အဆောင်ကိုအပို့ခံရတယ်၊ အဆောင် ၄ ပေါ့၊ အဲဒီမှာဘဲ ဆလိုင်းတင်မောင်ဦးနဲ့ သွားဆုံတာပါ။ သူက တခြားကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံတာ ကျနော်တို့ အဖမ်းခံတဲ့ဟာနဲ့တော့ မပတ်သက်ဘူး၊ အဆောင် ၄ ရောက်တော့ တပတ်လောက်အကြာမှာ ကျနော် ထမင်းစားပြီး ပန်းကန်ဆေးတဲ့ အချိန်မှာ ကျနော့်ကို ချဉ်းကပ်ပြီးတော့ အကို ကျနော်လည်း ချင်းပါဆိုပြီး သူ့ဟာသူလာမိတ်ဆက်တယ်၊ အဲဒီကနေစပြီး ကျနော်တို့နှစ် ယောက်က ညီအကိုလိုဘဲ ထောင် ထဲမှာနေကြတယ်၊ ရ၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတဲ့နေ့မှာဘဲ ကျနော်ပြန်လွတ် လာပါတယ်။
မေး ။ ။ ဆရာဝန်ဘွဲ့ ရပြီးတဲ့နောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ခေတ္တရပ်နားပြီး ဆရာဝန်တဦးအနေနဲ့ဘဲ နေထိုင်ခဲ့တယ်လို့သိရပါ တယ်။ ဒါပေမယ့် ဘယ်လိုနဲ့ နိုင်ငံရေးလောကထဲကို ပြန်ဝင်လာခဲ့လဲ။
ဖြေ ။ ။ ရ၉ ခုနှစ်မှာ တာဟန်းမှာ ဆေးခန်းစဖွင့်တယ် ၉၀ အထိပေါ့၊ ဆရာဝန်လုပ်ပြီး ဆေး ခန်းတွေဖွင့်ပြီးတဲ့ နောက်မှာ လူမှုရေး လုပ် ငန်းတွေမှာဘဲ ကျနော်ပိုလုပ်လာတယ်၊ ဒါပေမယ့် မမျှော်လင့်ဘဲနဲ့ ၈၈ အရေးအခင်းပေါ် လာတော့ အဲဒီမှာ ပါတီတွေဖွဲ့နိုင် ပြီ ဆိုတဲ့အချိန်မှာ ကျနော်ပြန်စဉ်းစားတယ် ဒီလောက် အဖမ်းခံ ထောင်တွေကျပြီးတော့ နိုင်ငံရေး လုပ်ရှားခွင့်မရတဲ့အချိန်မှာတောင် လုပ်လာခဲ့ကြပြီးတော့ ဒီချိန်မှာ နိုင်ငံရေးမလုပ်တော့ဘဲနဲ့ ထိုင်ကြည့်မယ်ဆိုရင် မဖြစ်နိုင် ဘူးဆိုပြီး မကျေနပ်ချက်နဲ့ ဖလမ်း ပြန်ပြီး ဖလမ်းမြို့က လူကြီးတွေနဲ့ အစည်းအဝေးထိုင်ကြပြီ ချင်းဒီမိုကရက်တစ်ပါတီဆိုပြီး ဖွဲ့လိုက်ကြတယ်။
မေး ။ ။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲမှာ အန်ကယ်က ချင်းဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် မဟုတ်ဘဲ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ချင်းလိဒ်)ဖြစ်သွားတာလဲ။
ဖြေ ။ ။ ၈၈ အရေးအခင်းဖြစ်တဲ့ချိန်မှာ ရန်ကုန်မှာရှိတဲ့ ဆန္ဒပြ ချင်းတက္ကသိုလ်ကျောင်းသားတွေ၊ နိုင်ငံရေးဝါသနာ ပါတဲ့သူတွေ၊ ၀န်ထမ်းတွေက ချင်းလိဒ်ကို ဖွဲ့စည်းခြဲ့ကတယ်၊ ဆလိုင်းလျန်မှုန်း၊ ဆလိုင်းရမ်းလိန်မှုန်းတို့က ဦးဆောင်ခဲ့တယ်၊ ဖလမ်းမှာ ကျနော်တို့တည်ထောင်တဲ့ ချင်းဒီမိုကရက်တစ်ကို ပါတီမှတ်ပုံတင်ဖို့ ကျနော် ရန်ကုန် သွားတဲ့ချိန် မှာ ချင်းလိဒ် ခေါင်းဆောင်တွေက ကျနော့ကိုလာတွေ့ပြီးတော့ သတ်သတ်ပါတီမဖွဲ့ဖို့၊ ကျနော်တို့ ချင်းလိဒ် မှာလာပူးပေါင်းဖို့၊ မြို့နယ်တိုင်း ပါတီဖွဲ့မယ်ဆိုရင် စည်းရုံးရေး ပျက်မယ်၊ ဒါကြောင့် လာပူးပေါင်းဖို့ လာပြောတယ်၊ ဒါပေမယ့် ကျနော့ တယောက်တည်းသဘောနဲ့ ဆုံးဖြတ်လို့မရဘူး ဖလမ်းက ပါတီလူကြီးတွေကို တိုင်ပင်ရဦးမယ်ဆိုပြီး ဖလမ်းကို စာရေးတယ်၊ ဖလမ်းက လူကြီးတွေကလည်း ချင်းလိဒ်နဲ့ပူးပေါင်းတာကို ကြိုက်တယ်၊ ဒီလိုနဲ့ ကျနော် ချင်းလိဒ်ဖြစ် သွားတယ်၊ ၉၀ ရွေး ကောက်ပွဲမှာ ချင်းလိဒ်က ချင်းပြည်နယ်အပြင် အရှိုချင်းတွေရှိတဲ့နေရာတွေမှာလည်း အားလုံးပေါင်း ၁၂ နေရာ အရွေးခံခဲ့ တယ်၊ ၃ နေရာမှာဘဲ အနိုင်ရခဲ့ပါတယ်၊ ကျနော်က ဖလမ်းမြို့နယ် မဲဆန္ဒနယ်အမတ် ၂ ကနေ ၀င်ပြိုင်ပြီး အနိုင်ရ ခဲ့ပါတယ်။
မေး ။ ။ ပြည်ပကို ဘာကြောင့်ထွက်သွားရတာလဲ၊ ဘယ်ချိန်တုန်းက ထွက်သွားတာလဲ။
ဖြေ ။ ။ ကျနော်တို့ ၉၀ ရွေးကောက်ပွဲမှာ စည်းရုံးရေးလုပ်တဲ့အချိန်တုန်းကတည်းကဘဲ တခြားနိုင်ငံ ရေးပါတီတွေ က ကျနော့ကို CNF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အမြဲတမ်း စွပ်စွဲပြောဆိုကြ တယ်၊ နောက်ပိုင်းတော့ ကျနော့ကို တိုင်တန်းတဲ့ အဆင့်ထိဖြစ်သွားတယ်၊ တာဟန်းက ကျနော့် အိမ်မှာ ၃ ခါတိတိ စစ်သားတွေ လာပြီ စစ်ဆေး တယ်…၃ ကြိမ်မြောက်မှာ ကျနော့ကိုဖမ်းသွားတယ်၊ တခြားသက် သေအထောက်အထားတွေတော့မတွေ့ဘူး ဒါပေမယ့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေကို သိမ်းသွားပြီးတော့ ပုံနှိပ်အက် ဥပဒေနဲ့ ကျနော့ကို ဖမ်းသွားတာ၊ ကံကောင်း ချင်တော့ ရဲစခန်းက စခန်းမှူးက အာမခံပေးလို့ ပြန်ထွက်ပြီး အာမခံနဲ့ဘဲ ကျနော်နေ ရတယ်၊ ၉၀ ရွေးကောက်ပွဲ တုန်းကလည်း အာမခံနဲ့ဘဲ အရွေးခံရတယ်၊ ရွေးကောက်ပွဲမှာ နိုင်တော့ ကျနော့်အ မှုက ပိုဆိုးလာတယ်၊ ကျနော့ကို ပြန်ဖမ်းဖို့အထိ ပြန်လုပ်လာတယ်၊ ကျနော်လည်း ဗဟိုတရားရုံးထိ အယူခံဝင်တယ်၊ စစ်တပ် တွေရဲ့ ဖိအားကြောင့် ကျနော့် အမှုကို ဗဟိုကနေမဆုံးဖြတ်ရဲဘူး၊ နောက်ဆုံးတော့ ဗဟိုကနေ အရင်နေရာ ကလေးမြို့ မှာဘဲ ဆုံးဖြတ်ပါစေဆိုပြီး အမိန့်ချ လိုက်တယ် ကျနော့ရှေ့နေက အခြေအနေ မကောင်းဘူးဆိုပြီး လာပြော တယ်၊ ၁၉၉၀ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကျနော့ကို ရုံးချိန်းရက် သတ်မှတ် ပေးတယ်…ဒီကြားမှာဘဲ တရားသူကြီးကို တိုင်းမှူး က စစ်ကိုင်း ကိုခေါ်တော့ ကျနော့ရှေ့နေ က သေချာပြ၊ီ ဘယ်လိုမှအခြေအနေကမကောင်းဘူးလို့ လာပြောတော့ ကျနော် လည်း ၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာဘဲ မီဇိုရမ်ပြည်နယ်ကို တိတ်တခိုးထွက်လာပြီး အိုင်ဇောလ်ကို ၂၀ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။
မေး ။ ။ ပြည်ပကိုထွက်ပြေးတိမ်းရှောင်ပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုမှာ ပါ၀င်လာခံပုံ ကိုပြော ပြနိုင်မလား၊
ဖြေ ။ ။ ကျနော် နဲ့ ပူးလျန်အုပ်ကို ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ပြည်ပအစိုးရအဖွဲ့က ၉၁ ခုနှစ်မှာ လာ ဆက်သွယ်တယ်၊ သူတို့နဲ့ ပူးပေါင်းပြီး အစိုးရအဖွဲ့မှာ ပါ၀င်ဖို့ လာပြောတယ်၊ ဒါပေမယ့် အခြေအနေစော သေးတယ်ဆိုပြီး ကျနော်တို့က လက်မခံခဲ့ဘူး၊ ဒီလိုနဲ့ ၉၅ ခုနှစ်ကျတော့ ပြည်ပရောက် အစိုးရအဖွဲ့နဲ့ပူးပေါင်း ခဲ့တယ်၊ ပူပေါင်းတယ်ဆိုတာကလည်း ကျနော်တဦးတယောက် တည်းအနေနဲပူး ပေါင်းတယ်၊ ဒီလိုနဲ့ ၉၀ ကနေ ၂၀၀၀ ခုနှစ်အထိ အိုင်ဇောလ်မြို့မှာနေ တယ်၊ အိုင် ဇောလ်ကနေဘဲ ပူးပေါင်းပါ၀င်တယ်၊ ဒေါက်တာစိန်ဝင်းအစိုးရအဖွဲ့မှာ ကျနော်က ပညာရေးနှင့်ကျန်းမာရေး ၀န်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ၉၉ ခုနှစ်မှာ ပြည်ပအစိုးရအဖွဲ့ကနေ အနားယူတယ်၊ ဒီလိုနဲ့ ၂၀၀၀ ခုနှစ် မှာ အမေရိကန်မှာရှိတဲ့ ကျနော့်မိသားစုတွေထံ အိုင်ဇောလ်ကနေ ထွက်သွားခဲ့တယ်။
မေး ။ ။ အခု အန်ကယ်လ်က CNF ရဲ့ အဓိပဓိကောင်စီအလှည့်ကျဥက္ကဌတာဝန်ထမ်းဆောင် နေရတာလို့သိပါ တယ်။ အန်ကယ်က ဘယ်လိုကနေ ဘယ်လို CNF ထဲကို ရောက်သွားတာလဲ။ ဘာကြောင့်လဲ။
ဖြေ ။ ။ ကျတော်အမေရိကားရောက်ပြီး မိသားစုနဲ့ အေးအေးဆေးဆေးနေခဲ့တယ်၊ နိုင်ငံရေးလုပ်ဖို့ စိတ်မကူးတော့ဘူး ဒါပေမဲ့ ပြည်ပရောက် အမတ်များ( MPU) တို့မှာ ပါ၀င်သေးတယ်၊ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ မမျှော်လင့်ဘဲ CNF က ညီလာခံ လုပ်တော့ ကျနော့်ကိုလည်း တက်ရောက်ဖို့ဖိတ်တယ်၊ ဒါနဲ့ ကျနော်လည်း ကိုယ့်ချင်းအမျိူးသားရေးဖြစ် တယ်ဆိုပြီး ညီလာ ခံကို တက်မယ်ပေါ့၊ ကိုယ့်အမျိုးသား ရေးဆိုတော့ အပြင်ကနေ ကူညီနိုင်တာကို ကူညီမယ်ဆိုပြီး ညီလာခံကို သွားတက် တာဖြစ်တယ်၊ CNF မှာ အချိန်ပြည့် ပါ၀င်ဖို့ကိုတော့ ကျနော်စိတ်မကူးခဲ့ဘူး၊ ညီလာခံမှာ ဖွဲ့စည်းပုံ တွေပြင်ကြတယ်၊ ကျနော်တို့လို အသက်ကြီးတဲ့သူလည်း ပါဖို့ဆိုပြီးဖြစ်လာတော့ ကျနော်ရယ်၊ ဦးလျန်အုပ်၊ ဆလိုင်း ကစ်ခိုလျန် ရယ် ဆွေးနွေး ကြတယ်၊ ဒီလိုနဲ့ ဘာဘဲဖြစ်ဖြစ် ကျနောတို့လုပ်နိုင်တာရှိရင် ချင်းတမျိုးသားလုံးအတွက် တမျိုးသားလုံး အရေးဆိုရင်တော့ ကျနော်တို့လုပ်နိုင်တာရှိရင် လုပ်ဖို့ သုံးယောက်စလုံးက သဘောတူပြီး ပါ၀င်ဖို့ ဆုံးဖြတ် လိုက် တာဖြစ်တယ်။
မေး ။ ။ CNF က ပြည်နယ်အစိုးရ နဲ့ ဘယ်တော့ပြန်တွေ့ကြမှာလဲ၊ ပြန်တွေ့ရင် အဓိက ဘာတွေဆွေးနွေး ကြမှာလဲ။
ဖြေ ။ ။ မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တွေ့ဖို့စီစဉ်ထားပါတယ်၊ အဲဒီမှာ အဓိကတော့ ပထမဆွေးနွေးပွဲမှာ သဘောတူညီထားတဲ့ အချက်(၉)ချက်ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတဲ့ အသေးစိတ်ဆွေးနွေးပွဲဖြစ်ပါ လိမ့်မယ်။
မေး ။ ။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လိုလို အပစ်အခတ်ရပ်စဲထားပြီလို့ ဆိုရပါမယ်။ ခုလက်ရှိ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးက ခိုင်မြဲနိုင်ပါ့မလား၊
ဖြေ ။ ။ အဲဒီကိစ္စက ပြောလို့တော်တော်ခက်ပါတယ်၊ သူတို့စိတ်က ဘယ်လိုရှိတယ်ဆိုတာ မသိဘူးဆိုတော့ လေ၊ အစိုးရဘက်က တကယ်ငြိမ်းချမ်းရေးကို လိုလားသလား မလိုလားဘူးလား ဆိုတဲ့အပေါ်မှာ မူတည်တယ်၊ တကယ်ငြိမ်း ချမ်းရေးလိုလား တယ်ဆိုရင် မခက်ဘူး၊ အပစ်အခတ်ရပ်စဲဖို့ဆိုတာ သူတို့ဆုံးဖြတ်ဖို့ဘဲရှိတယ်၊ သူတို့ရပ်မယ ်ဆိုရင် ကျနော် တို့တိုင်းရင်းသား အားလုံးက လိုလားတာဘဲ၊ အပစ် အခတ်ရပ်စဲရေးမကဘူး၊ ငြိမ်းချမ်းရေးရပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လွတ်လွတ်လပ်လပ် နဲ့ပြည်ထောင် စုထဲမှာ လှုပ်ရှားဖို့ ပါ၀င်ဖို့ အဆင်သင့်ဘဲ၊ အတွေ့အကြံုအရတော့ အစိုးရကို ဘယ်သူမှ စိတ်မချရဲဘူး ဘာလို့ လဲဆိုတော့ သူတို့ကတိကို ခဏခဏဖျက်ခဲ့တယ်၊ ဒီတခေါက်လည်း ကတိမ ပျက်ဘူးလို့ ဘယ်သူ မှ အာမခံချက်မပေး နိုင်ဘူး၊ ဒါပေမယ့် နိုင်ငံရေးအခြေအနေအရ စိတ်ချတာ စိတ်မချတာကို အပထား သူတို့ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့မလုပ်လို့မဖြစ်ဘူး၊ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးရအောင်ဆိုပြီး လာကမ်းလှမ်း လာတာကို ကျနော် တို့က လက်မခံရင် ဘယ်တော့မှ ပြေလည်မှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေးလည်း ရမှာမဟုတ် ဘူး။
မေး ။ ။ ထာဝရ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရေး အတွက် ဘာတွေလိုအပ်သလဲ။
ဖြေ ။ ။ အစိုးရဘက်က စေတနာမှန်ဖို့ လိုပါလိမ့်မယ်၊ စေတနာမှန်မှန်နဲ့ ကျနော်တို့ကို ချဉ်းကပ်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ဆွေး နွေးမယ်၊ ဒီလိုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးရနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီမှာ အဓိက အဟန့်အတားအဖြစ်ဆုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘဲ၊ အဲဒီဖွဲ့စည်းပုံက တိုင်းရင်းသား တွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်ဆိုတဲ့ဖက်ဒရယ်မူ လုံးဝမပါ၀င်ပါဘူး၊ အဲတော့ ပထမဆုံးအဲဒါကို ပြင်ရမယ်၊ အဲဒီအချက်မှာ တော့ နှစ်ဦးနှစ်ဘက်က အလျော့အတင်းတော့လုပ်ရမှာပေါ့ နောက် လုံးဝပြင်ရမယ့်အချက် ကတော့ အရေး ပေါ်အခြေအနေ မှာ စစ်တပ်က အချိန်မရွေးအာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ဟာမျိုး လွှတ်တော်မှာ စစ်တပ်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းပါ ၀င်ခိုင်းတဲ့ဟာ မျိုးတွေကို လုံးဝရုပ်သိမ်းဖို့လိုမယ်၊ ဖွဲ့စည်းပုံမှာ ဒီလိုအချက်တွေ ပါ၀င် နေတယ် ဆိုရင် ဘယ်လိုမှ စစ်မှန်တဲ့ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ပါဘူး။
မေး ။ ။ မြန်မာအစိုးရအနေနဲ့ တခြားတိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲမှုတွေ ပြုလုပ်နေပေ မယ့် ဘာကြောင့် ခုချိန်ထိ ကချင်ဘက်မှာ သေနတ်သံတွေ မတိတ်နိုင်သေးတာလဲ။ အဲဒီပေါ်မှာဘာပြောချင် လဲ။
ဖြေ ။ ။ ကချင်က အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲတဲ့အဖွဲ့ဖြစ်ပါတယ်၊ ခုပြန်ပစ်ပြန်တယ်၊ အဲဒါက အားစမ်းတဲ့သဘောလို့ မြင်တယ်၊ ကျနော်တို့ တိုင်းရင်းသားတွေထဲမှာ လက်ရှိ ကချင်က အင်အား အကောင်း ဆုံးဖြစ်နေတယ်။ ကချင်ကို သူတို့နိုင်တယ်ဆိုရင် သူတို့လက်ထဲမှာ ထားနိုင်တယ်ဆိုလို့ရှိရင် တိုင်းရင်းသားအားလုံးကို သူတို့ ဖိအားပေးနိုင်မယ်၊ တခြားတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တဲ့အချိန်မှာ အစိုးရဘက်က အားသာမယ် ဆိုတော့ အင်အားအကြီးဆုံး ကချင်တောင် ဒီလိုကိုင်နိုင်တယ်၊ ခင်ဗျားတို့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးမလုပ်ရင် အင်အားအကြီးဆုံး ကချင်တောင်မှ ဒီလိုလုပ်နိုင်တယ်ဆိုတာ ကို ပြချင်တဲ့သဘောလို့ဘဲမြင်ပါတယ်။
မေး ။ ။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရက အပြောင်း အလဲ လုပ်ဆောင်နေတာကို တွေ့နေရတယ်၊ ဒါဟာ တကယ်ဘဲ စေတနာမှန်မှန်နဲ့ ဒီမိုကရေစီစနစ် ကို ဖော်ဆောင်ချင်တဲ့ စိတ်ဆန္ဒနဲ့လုပ်နေတာလား၊ အန်ကယ် ဘယ်လိုသုံးသပ်မိလဲ၊
ဖြေ ။ ။ မြန်မာ့နိုင်ငံရေးအခြေအနေက တိတိကျကျပြောဖို့ အင်မတန်ခက်ပါတယ်၊ နိုင်ငံတကာ ဖိအားကို လျှောချဖို့ အယုံသွင်းတာ လည်းဖြစ်နိုင်တယ်၊ နိုင်ငံတကာအခြေအနေကို ကြည့်မယ်ဆိုလို့ ရှိရင် နိုင်ငံရေးအခြေအနေက တခုပြီးတခုပြောင်းလဲလာ တယ်၊ နောက် အာဏာရှင်တွေလည်း တနိုင်ငံပြီး တနိုင်ငံ သူတို့မျက်စိရှေ့မှာဘဲ ပြုတ်ချတာကို လည်း မြင်နေရတယ်၊ ဒါ ကြောင့် အပြောင်းအလဲကို တကယ်ပြောင်း လဲချင်တဲ့ စေတနာအမှန်နဲ့ လုပ်ပေးတာလည်း ဖြစ်နိုင် ပါတယ်၊ နှစ်ပေါင်း ၆၀ ကျော်ကြာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တာလေ၊ အာဏာရှင်စနစ်နဲ့ ဆက်ပြီးလုပ်လို့မရတော့ ဘူးဆိုလည်း သိတဲ့ပုံ ရတယ်၊ ဒါကြောင့် ချက်ချင်းကြီး ဒီမိုကရေစီစနစ်ဖြစ်လာပြီး လူထုကိုလည်း လွတ်လွတ်လပ်လပ် လွတ်လိုက် မယ်ဆိုရင် သူတို့အတွက် အန္တရယ်ရှိလိမ့်မယ် ၊ သူတို့ကို လူထုက အရေးပြန်ယူမယ်၊ ထောင်ချတာမျိူး၊ အစိုးရ ပြောင်းလဲရင် သူတို့ မှာ ပြန်ခံမယ့်အခြေအနေတွေအများကြီးရှိမယ် အဲဒီ နှစ်ခုကြားမှာ နိုင်ငံရေး ကစား တာလို့ဘဲထင်ပါ တယ်။
မေး ။ ။ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာကော CNF က နိုင်ငံပါတီတခုအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိပါသလား။
ဖြေ ။ ။ ကျနော်က CNF မှာလည်း ပါ၀င်တာမကြာသေးတော့ မပြောနိုင်ဘူး၊ ဒါပေမယ့် CNF ကို အဓိက ဦးဆောင်တဲ့ ပူးဇင်ကျုံးကို မေးခဲ့ပါတယ်၊ သူပြောတာကတော့ CNF က နိုင်ငံရေးပါတီ မဟုတ်ဘူး၊ တော်လှန်ရေးပြီး တဲ့ချိန် မှာ CNF တာဝန်ကပြီးသွား တယ်၊ ငြိမ်းချမ်းရေးပြီးသွားပြီဆိုရင်လည်းပါတီပြောင်း ပြီးတော့ လုပ်ဖို့အစီအစဉ် လည်း မရှိဘူး၊ ပုဂ္ဂိုလ်ချင်းအနေနဲ့ ပါရင်လည်း ပါမယ် ဘယ်ပါတီမှာမဆို လွတ်လွတ် လပ်လပ် ပါချင်တဲ့သူပါမယ်၊ CNF ကတော့ နိုင်ငံပါတီ မလုပ်ဘူးလို့ ကျနော့်ကို ပြောပြ ပါတယ်။