ဒေါ်စုမိတ်ဆွေ စီးပွားရေး ပညာရှင် ဦးမြင့်၏ ပေးစာ

ဒေါ်စုမိတ်ဆွေ စီးပွားရေး ပညာရှင် ဦးမြင့်၏ ပေးစာ
by -
ဦးမြင့်

ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြားဆက်ဆံ ရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေးပေးပြော ဆိုနေကြ တာကို လူကြီးမင်းတို့လည်းသိပြီးဖြစ် မှာပါ။ ကျနော့်အနေနဲ့ သူနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ဖူးပါတယ်။

အယ်ဒီတာခင်ဗျား …

(သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးရာ အကြံပေးခေါင်းဆောင် ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် အကြံပေးခြင်းမျိုး ရှိခဲ့ကြောင်း ပြောဆိုခဲ့သူတဦး ဖြစ်သည်။ သူ၏ အယ်ဒီတာ့ထံ ပေးစာကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။)

ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေးပေးပြောဆိုနေကြ တာကို လူကြီးမင်းတို့လည်း သိပြီးဖြစ်မှာပါ။ ကျနော့်အနေနဲ့ သူနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးပြောဆိုမှှုတွေဟာ လွတ်လပ် ပွင့်လင်းမှှု ရှိပြီးတော့ နားလည်မှှုရှိတဲ့ မိတ်ဆွေ အနေ အထားနဲ့ စကားပြောခဲ့ကြတာပါ။ ကျနော်ဟာ သူ့ထက် အများကြီး အသက်ကြီးသူ ဖြစ်ပြီး၊ တက္ကသိုလ် ပါမောက္ခအဖြစ်လည်း ခေတ္တ တာဝန် ထမ်းဆောင်ခဲ့ဖူးသူပါ။ သူက အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ကျနော့်ကို တလေးတစားနဲ့ “ဆရာ” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။

တခါတခါမှာတော့ ကျနော်တို့ စီးပွားရေး အကြောင်းတွေ ပြောဆိုဆွေးနွေးကြပါတယ်။ အဲလို အချိန်တွေ ဆိုရင်တော့ ကျနော်က ပိုပြီး စိတ်တိုနေတတ်ပါတယ်။ အဲလို အခါမျိုးမှာဆိုရင် သူကတော့ အေးဆေး တည်ငြိမ်စွာနဲ့ သူပြောချင်တာကို ရွှင်ရွှင်လန်းလန်း ပြောဆိုဆွေးနွေးလေ့ ရှိပါတယ်။ ဒါ့ကြောင့် ကျနော့်အနေနဲ့ ‘ဘယ်သူက ဘယ်သူ့ကို စိတ်သက်တောင့်သက်သာ ဖြစ်လာအောင် ကြိုးစားနေတာလဲ” လို့တောင် မကြာခဏ တွေးမိပါတယ်။

စီးပွားရေးဟာ အလွန် အရေးကြီးတာကြောင့် စီးပွားရေး ပညာရှင်တွေတင် မကဘဲ ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ကျနော် သူ့ကို ပြောပြခဲ့ဖူးပါတယ်။ သူကလည်း သဘောတူပါတယ်။ ကျနော့်အနေနဲ့ ကုလသမဂ္ဂမှာ ဝါရင့် စီးပွားရေးပညာရှင် တယောက်အနေနဲ့ အနှစ် ၂ဝ တာဝန် ထမ်းဆောင်ခဲ့ဖူးပေမယ့် ကျနော့်ကို ကုလသမဂ္ဂ အတွေ့အကြံု အနှစ် ၂ဝ ရှိခဲ့တဲ့ လူတယောက်အနေနဲ့ မမြင်ဖို့နဲ့၊ ၁ နှစ် အတွေ့အကြံုကို အကြိမ် ၂ဝ တွေ့ကြံုခဲ့တဲ့သူအဖြစ်ပဲ သဘောထားဖို့ သူ့ကို ကျနော်ပြောဆိုခဲ့ ပါတယ်။ ကျနော့် အနေနဲ့ ကုလသမဂ္ဂမှာ အနှစ် ၂ဝ တာဝန် ထမ်းဆောင်ခဲ့ဖူးတာကြောင့် လိုအပ်လာရင် သဘောထားတွေ အယူအဆတွေကို အလွန်ပင် ပျော့ပြောင်းပေးနိုင်တဲ့သူ ဖြစ်ပါတယ်။

ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစား ထင်မြင်ချက်ပေး ဝေဖန်ပြောဆိုကြသူအားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ကျနော့်စာကို နိဂုံးချုပ်ပါရစေ။ အားလုံးအနေနဲ့ စိတ်သက်တောင့်သက်သာနဲ့ အမြင်ကြည်လင်စေရေးအတွက် ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး ပါးခဲ့တဲ့ စကားလေးကို ဖော်ပြပါရစေ။

“ချစ်ခင်ရပါသော မစုစု၊ မိုးဇက်ရဲ့ ဂီတကို နားဆင်ပါ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ပြီးတော့ မစုစုရဲ့ အင်တာနက်သုံးတဲ့အခါ “server not found” တို့၊ “Oops! You have been disconnected” ဆိုတဲ့ စာတွေ တွေ့ခဲ့ရင် သိပ်ပြီး စိတ်ညစ်မနေပါနဲ့။ အဲဒါက မစုတယောက်ထဲ မဟုတ်ဘဲ ကျနော်တို့အားလုံး အချိန်တိုင်း ရင်ဆိုင်ကြံုတွေ့နေရတဲ့ဟာပါ။ နွေးနွေးထွေးထွေး ခင်မင်လေးစားလျက် - ဆရာဦးမြင့်”

ဆုမွန်ကောင်းများစွာဖြင့်
ဦးမြင့်

Most read this week