လူထုကောင်းကျိုးဆောင်ရွက်ဖို့ ကျားခေါင်းပါတီမှတ်ပုံပြန်တင်

လူထုကောင်းကျိုးဆောင်ရွက်ဖို့ ကျားခေါင်းပါတီမှတ်ပုံပြန်တင်
by -
သျှမ်းသံတော်ဆင့်

နိုင်ငံရေးကိုတရားဥပဒေဘောင်းအတွင်းမှာလုပ်ဖို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံပြန်တင် လိုက်ပြီ လို့ကြားသိရပါတယ်။  ပါတီရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ ခွန်ထွန်းဦး နဲ့ စိုင်းညွန့်လွင် ကိုယ်တိုင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားလိုက် တာဖြစ်တယ်လို့လဲဆိုပါတယ်။

နိုင်ငံရေးကိုတရားဥပဒေဘောင်းအတွင်းမှာလုပ်ဖို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံပြန်တင် လိုက်ပြီ လို့ကြားသိရပါတယ်။  ပါတီရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ ခွန်ထွန်းဦး နဲ့ စိုင်းညွန့်လွင် ကိုယ်တိုင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားလိုက် တာဖြစ်တယ်လို့လဲဆိုပါတယ်။ ပါတီဝင်တွေဟာ ဘယ်သူတွေပါဝင်သလဲ။ သျှမ်းပြည်အတွင်းမှာ သျှမ်းပါတီတိုးများလာတာ နဲ့အမျှ တခြားသော ပါတီတွေ နဲ့ရော ပေါင်းစည်းဖို့ ရှိပါသလား။ အခြေအနေကိုသိရအောင် ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
နေပြည်တော်သို့ ပါတီမှတ်ပုံတင်သွားကြသည့် SNLD အကြီးအကဲများ
မေလ ၂၃ ရက်မှာ SNLD အနေနဲ့ တရားဝင်မှတ်ပုံပြန်တင်ပြီလို့ကြားသိရတယ်ခင်ဗျ။ အခြေအနေလေး ပြောပြပေးပါဦး။

ဟုတ်ပါတယ်။ ကျနော်တို့ ပါတီတည်ထောင်ခွင့်ကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာ သွားပြီးလျှောက်တင် ထားပါတယ်။ မေလ ၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်တယ်။ မေလ ၁၇ ရက်ကျတော့ ပါတီတည်ထောင်လိုသူများ ၁၅ ဦးကအစည်းအဝေး လုပ်ပြီး ပထမ ခေါင်းဆောင် အဖြစ်ခွန်ထွန်းဦး နဲ့ ဒု တိယခေါင်းဆောင် အဖြစ် စိုင်းညွန့်လွင်ကိုရွေးချယ် လိုက်တယ်။   အဲဒီ ၂ ယောက်ကိုရွေးချယ်ပြီးတော့ ကျနော်တို့ ပါတီရဲ့ အလံနဲ့ အမှတ်တံဆိပ်၊ နောက်ပြီး ပါတီရဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်၊ စတာတွေကိုပြုစုပြီးတော့ မေလ ၂၃ ရက်မှာ ပါတီ ခေါင်းဆောင် ၂ ဦးက နေပြည်တော်မှာ ပါတီမှတ်ပုံသွားတင်ပါတယ်။ အဲဒီမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဦးတင်အေးနဲ့ တခြားကော်မရှင်အဖွဲ့ဝင်တွေကိုယ်တိုင် ကျနော်တို့ကိုလက်ခံတွေ့ဆုံပြီးတော့ ကျနော်တို့ရဲ့မှတ်ပုံတင် လျှောက်လွှာကိုလက်ခံလိုက်ပါတယ်။

ကျနော်တို့ရဲ့ပထမခေါင်းဆောင်ခွန်ထွန်းဦးကို ဘာပြောစရာရှိသေးလဲလို့ မှတ်ပုံတင်အပြီး ဦးတင်အေး ကမေးတော့ - ခွန်ထွန်းဦးက ကျနော်တို့မှတ်ပုံတင်မြန်မြန်ကျရင်တော့ကောင်းတာပေါ့ ဆိုတော့ဦးတင် အေးက- စိတ်ချပါ။ လုပ်ထုံး လုပ်နည်းအရ သတင်းစာထဲမှာကြေငြာမယ်။ အလွန်ဆုံးကြာရင်လဲ တလပေါ့လို့ပြောပါတယ်။

၁၉၉၀ က အနိုင်ရလာခဲ့တဲ့ ပါတီတခုဖြစ်တဲ့အလျောက် အခုအခြေအနေနဲ့ အရင်တုန်းကအခြေအနေနဲ့က ဘယ်လိုကွာခြား ချက်ရှိပါသလဲ။

ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်က အရင်အတိုင်းဘဲ။ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေး၊ တိုင်းရင်းသားတန်းတူညီမျှခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးဆိုတဲ့အချက်တွေကတော့ အရင်အတိုင်းပါဘဲ၊ နဲနဲကွဲပြားသွားတာကတော့ အရင်ကျနော် တို့ရဲ့ ဖွဲ့စည်းပုံမှာ ဗဟိုဦးစီးအဖွဲ့ကို ၃၅ ဦးထားတယ်။ စီအီးစီကို အရင်တုန်းက ၁၅ ဦး ကနေ ၂၁ ဦးအထိ ထားခွင့်ရှိတယ်လို့ ရေးထားတယ်။ အခုတော့ ၁၁ ဦးဘဲပြောင်းလဲဖွဲ့စည်းလိုက်တယ်။ ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ဘဏ္ဍာရေးမှူး၊ စည်းရုံးရေးမှူး။ စာရင်းစစ်မှူးအပြင် ဌာနခွဲ ဥက္ကဌ ၄ နေရာရှိမယ်။ သျှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ပေါ့နော်။ အဲဒီဌာနခွဲ ဥက္ကဌ ၄ ဦးနဲ့ စောစောက ရ ဦးနဲ့ပေါင်းတော့ ၁၁ ဦး၊ အဲတာ စီအီးစီ ဖြစ်တယ်။ အရင်ပုံစံနဲ့နဲနဲကွဲတာ အဲတာရှိမယ်။ နောက်တခု ပါတီရဲ့အမှတ်တံဆိပ်၊ အရင်က ဝါစိမ်းနီ နဲ့ ကျားခေါင်းပါတဲ့ တံဆိပ်ကို ဆိုင်းဘုတ်ရဲ့ ဘယ်ဘက်ဒေါင့်မှာတင်ထားတယ် အရင်တုန်းက။ အခုတော့ အဲဒီအမှတ်တံဆိပ်ကို ဆိုင်းဘုတ်ရဲ့ အထက်ဖက် အလယ်တည့်တည့်ကိုရွှေ့ထားတယ်။ အဲဒီအမှတ်တံဆိပ်ရဲ့အောက်မှာမှ (ငဝ်ှုငု္မ်းတှီမူဝ်ှ္ဓရှေသှီ ္ပိူဝ်ှူ္ဓိူဝ်း တဿး) လို့ သျှမ်းလို စာလုံးသေးသေးလေးနဲ့ တကြောင်းရှိမယ်။ နောက်ပြီး အလယ်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့စာရှိမယ်။ အောက်ဆုံးမှာကျတော့ အင်္ဂလိပ်လိုတတန်းပေါ့နော်။ အဲလို ၃ တန်းအညီစီထား ပါတယ်ခင်ဗျ။ ဒါလေးလဲကွဲပြားမှုရှိပါတယ်။

အရင်က သျှမ်းပါတီ တခုထဲရှိတယ်ဆိုပေမယ့် အခု သျှမ်းပါတီက ၃ ခုရှိလာတော့ ပါဝင်တဲ့ လူတွေကကော လူဟောင်းတွေ ဘဲလားခင်ဗျ။

ပါဝင်တဲ့လူတွေက လူဟောင်းတဝက်နဲ့ အသစ်ထပ်ဖြည့်တာ တဝက်ပေါ့။ ကျနော်တို့ဥက္ကဌနဲ့အတွင်းရေးမှူး အကျဉ်းကျ နေစဉ် ကာလအတွင်းမှာရော သူတို့အကျဉ်းမကျစဉ်တုန်းကရော သူတို့ပြုစုပျိုးထောင်ခဲ့တဲ့လူငယ်တွေရှိတယ်။ အဲဒီလူငယ်တွေ စကောလားရှစ်ရလို့ဘဲဖြစ်ဖြစ်၊ အကြောင်းတစုံတရာကြောင့် အခွင့်ရေးရလို့ နိုင်ငံခြားထွက်ပြီး ပညာသင်ယူ နေတဲ့ အနေအထားဘဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်တွေကို အများဆုံးပြန်လည်ပြီးတော့ အားဖြည့်ထားပါတယ်။ ဟောင်ကောင်၊ ထိုင်း က ကျုလားလုံးကွန်း ၊ အမေရိကန်နိုင်ငံ တွေမှာ နိုင်ငံရေးသိပ္ပံ၊ ဥပဒေပညာရပ်သွားလေ့လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကိုပြန်ပြီး တော့မှ အားဖြည့်ထားပါတယ်။

ဟုတ်ကဲ့။ အရင်က ဆရာတို့ပါတီတခုတည်းနဲ့လူထုရဲ့ထောက်ခံမှုကိုရယူပြီးတော့ ရပ်တည်လာခဲ့တယ်။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲဝင် ကျားဖြူရှိတယ်။ မကြာခင်ကဘဲ သျှမ်းနီပါတီ မှတ်ပုံတင်ကျလာတယ်။ အခုလဲ ဆရာတို့က ပါတီမှတ်ပုံ တင်ပြန်တယ်။ အခုလိုပါတီတွေများပြားလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

အခြေအနေနဲ့ အချိန်အခါအရ ပါတီတွေ တခုမကရှိလာတာကိုလက်သင့်ခံတယ်။ အခြေအနေနဲ့ အချိန်အခါက တောင်းဆိုလို့ လုပ်ရတာဘဲလေ။ ပြီးတော့ ပါတီတခုတည်းရှိနေရင်ကျနော်တို့မှာ ရွေးချယ်စရာလမ်း ကြောင်းမရှိဘူး။ ပါတီအများကြီးရှိ လာတဲ့အခါကျတော့ ကျနော်တို့မှာရွေးချယ်စရာတွေရှိလာတယ်။ ဒီမိုကရေစီနည်းဆန်လာတယ်။ ဒါတချက်။ နောက်တချက် ကကျတော့ ပါတီတွေများလာရင် ပါတီတိုင်းပါတီတိုင်းဟာ ပြည်သူလူထုကိုအကျိုးပြုဖို့အတွက််ရည်ရွယ်ပြီး ပါတီထောင် ကြ တာချည်းဘဲ။ အဓိကရည်မှန်းချက်ကတော့ ပြည်သူလူထုကောင်းကျိုးအတွက်ဆောင်ရွက်ကြမယ့်သူတွေချည်းဘဲ။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်ကွဲပြားသွားမယ်။ အဲလိုကွဲပြားသွားတဲ့အပေါ်လူထုက ရွေးချယ်မှာဘဲ။ ဥပမာတချို့က SNLD ဆိုပါစို့။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းနိုင်သရွေ့ကတော့ တခြားစီးပွါးရေး လူမှုရေးကဏ္ဍတွေ   တိုးတက်ဖွံ့ဖြိုး မှာ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးမှုရှိမှာမဟုတ်ဘူး။ တရားဥပဒေ စိုးမိုးမှုမရှိရင်ငြိမ်းချမ်းမှုရှိနိုင်မှာမဟုတ်ဘူး။ ငြိမ်းချမ်းမှု မရှိနိုင်သမျှ စီးပွါးရေးကလည်း ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှာမဟုတ်ဘူး လို့ ခံယူချက်ရှိတဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့လုပ် နည်း လုပ်ဟန်က နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမှု အဓိကထားပြီးလုပ်သွားမှာဘဲ။ ဒါ သူ့ရဲ့ရည်ရွယ် ချက်။ ဒီဥစ္စာကို ကြိုက်တယ်ဆိုရင်သူ့ကိုရွေးချယ်ပေါ့။ တခြား ပါတီတခုကနေပြီးတော့ ပြည်သူလူထုရဲ့ ဆင်းရဲတွင်းနက်နေ တဲ့ ဘဝကိုအရင် ကယ်တင်ချင်တယ် စီးပွါးရေးကသာလျင်အဓိကဖြစ်တယ်လို့ယူဆတယ်။ ယူဆတဲ့အတိုင်း စီးပွါးရေးဖွံ့ဖြိုးတိုး တက်အောင် ကြိုးစားမယ်လုပ်ဆောင်မယ်ဆိုရင်လဲဘဲ အဲဒီအယူအဆကိုကြိုက်တဲ့လူတွေ က သူ့ကိုရွေးချယ်သွားမယ်လေ။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ ရွေးချယ်ပိုင်ရှိတဲ့အတွက်ကြောင့် ပါတီ ၂ ခု ၃ ခု ပါတီအများကြီးရှိလာတာကို ဒီမိုကရေစီနည်းလဲ ကျတဲ့အတွက်   ကျနော်ကတော့လက်သင့်ခံတယ်။ ရွေးချယ်ခွင့်ရှိတဲ့အတွက်ကြောင့်မို့လို့ လက်သင့်ခံတယ်။ အကောင်းမြင် ပါတယ်။

ကျနော်တို့ကြားသိရသလောက်လူထုက ပြောတာက ပါတီတခုတည်းရှိရင်ကောင်းတယ်လို့ပြောကြတယ်။ ဒီအခြေအနေအရ ပါတီတခုတည်းဖြစ်ဖို့ ပေါင်းစည်းနိုင်ဖို့ ဘယ်လိုအလားအလာတွေ့ရပါသလဲခင်ဗျ။

ပါတီပေါင်းစည်းဖို့ဆိုတာက ၁- ရည်ရွယ်ချက်ချင်းတူရမယ်။ ၂- လုပ်နည်းလုပ်ဟန်တူရမယ်။ အကယ်၍ ရည်ရွယ်ချက်ချင်း တူရင် လုပ်နည်းလုပ်ဟန်ကွဲပြားနေသော်လည်းဘဲ အနည်းဆုံးအားဖြင့် မဟာမိတ်အနေနဲ့ လက်တွဲလို့ရတယ်။ တကယ်လို့ ရည်ရွယ်ချက်လဲတူမယ်။ လုပ်နည်းလုပ်ဟန်လည်းတူမယ်ဆိုရင်တော့ ၂ ပါတီကို တခုတည်းပေါင်းလို့တောင်ရတယ်။ ရည်ရွယ်ချက်ခြင်းမတူဘူး။

လုပ်နည်းလုပ်ဟန်လဲကွဲပြားမယ်ဆိုရင်တော့ တူတဲ့နေရာ တွဲလုပ်မယ် မတူတဲ့နေရာခွဲလုပ်မယ် ။ ဒါဘဲပေါ့။ အခု အခြေအနေမှာတော့ ကျနော်တို့က ပါတီမှတ်ပုံတင်ဖို့ ဒီနေ့မှသွားပြီးလျှောက်ထားတယ်ဆိုတော့ တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်မရသေးဘူး။ ဒါကြောင့်မို့လို့ တခြားသော ပါတီနှင့်ပူးပေါင်းဖို့ ဆိုတာ ဒီအချိန်မှာ ကျနော်တို့ ဘယ်လိုမှမစတင်နိုင်သေးပါဘူးခင်ဗျ။

လက်ရှိကျနော်တို့နိုင်ငံ ကျနော်တို့တိုင်းပြည်အခြေအနေနဲ့ပါပတ်သက်ပြီး နောက်ဆုံးအနေနဲ့ ဘယ်လိုသုံး သပ်ပြောဆိုလိုပါ သလဲ။

ကျနော်တို့လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၆၅ နှစ်ကျော်လာပါပြီ။ ဒါပေမယ့်လို့ လွတ်လပ်ရေးအရသာကို ဒီနေ့ဒီအချိန်အထိ မခံစားရသေးဘူး။ အတိအကျပြောရရင် လွတ်လပ်ရေးအရသာကို စိတ်တိုင်းကျ မြည်းစမ်းခွင့်မရသေးဘူး။ အဲဒါဟာ တဖက် မှာ ကျနော်တို့ဖက်မှာ အားနည်းချက်ရှိသလို လူထုဖက်မှာ နိုင်ငံရေးကို ပစ်ပယ်ထားတဲ့အတွက် နိုင်ငံရေးကိုသိပ်စိတ်မဝင် စား တဲ့မတွက်၊ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေနဲ့ဘဲဆိုင်တယ်ဆိုတဲ့ စိတ်ထားမျိုးရှိခဲ့လို့လဲဘဲ အပြစ်တခုပေါ့နော်။ ဒါကြောင့် ဒီနေ့ကစလို့ကျနော်တို့ ဟာ ပါတီနိုင်ငံရေးဆိုတာ ဘာလဲ အမျိုးသားနိုင်ငံရေးဆိုတာဘာလဲ ဆိုတာတွေကို သေချာ စိတ်ဝင်တစားလေ့လာပြီးတော့မှ ကျနော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကိုလဲ နိုင်ငံရေးနဲ့မကင်းကွာအောင် တွန်းအားပေး ကြဖို့ အားပေးကြဖို့ လိုပါတယ်။ အဲဒါမှသာလျင် ကျနော်တို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေဟာဘာလဲ။ ရွေးချယ်ရမယ့် လမ်းကြောင်းက ဘာလဲဆိုတာကို နားလည်လာကြမှာပါ။ ဆိုလိုတာကတော့ ကျနော်တို့အားလုံး နိုင်ငံရေးကိုနေ့တဓူဝလုပ် နေတဲ့ ထမင်းစားရေသောက်လိုဘဲ မဖြစ်မနေ ဝိုင်းဝန်းပြီးတော့မှ စိတ်ဝင်တစားနဲ့လေ့လာကြမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ကျနော်တို့ရဲ့လက်တကမ်းမှာဘဲရှိနေပါတယ်။ ရောက်လာမှာပါလို့ဘဲကျနော်ပြောချင်ပါတယ်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဟာ ၁၉၈၈ ခုနှစ်က စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ သျှမ်းပြည်နယ် မှာ အမတ်နေရာအများဆုံးနဲ့ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ဒုတိယအမတ်နေရာအများဆုံး ရွေးချယ်ခံခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။

Most read this week