မလေးရှားနိုင်ငံရောက် ရခိုင် အဆိုတော် ၀င်းကိုခိုင်ကိုတွေ့ဆုံမေးမြန်းခန်း

မလေးရှားနိုင်ငံရောက် ရခိုင် အဆိုတော် ၀င်းကိုခိုင်ကိုတွေ့ဆုံမေးမြန်းခန်း
by -
နိရဥ္စရာ

သူ့အသံကို ကြားလိုက်လို့ရှိရင် ပရိတ် သတ်တွေ ငြိမ်းချမ်းသွားစေရမယ်။ အေးချမ်းသွားစေရမယ်။ ပရိတ်သတ်တွေ မွန််းကျပ်နေတာတွေ ပွင့်သွား စေရမယ်ဆိုတဲ့ မလေးရှားနိုင်ငံရောက် ရခိုင် အဆိုတော် ၀င်းကိုခိုင်ကိုတွေ့ဆုံမေးမြန်းခန်း

win-ko-khaing

ခိုင်မောင်ဦး (မလေး) က တွေ့ဆုံးမေးမြန်းသည်။

( ပထမဆုံး ကိုယ်ရေး ကိုယ်တာလေးက စပြီး မေးချင်ပါတယ်။ ၀င်းကိုခိုင် ဆိုတာက နာမည်အရင်းပါလား။)

ကျွန်တော်နာမည် အရင်းက ၀င်းကိုပါ။ ၀င်းကိုခိုင်ဆိုတာက အနုပညာ နာမည်ပါ။

(ကိုဝင်ကိုခိုင်ရဲ့ မွေးရပ် ဇာတိနေရာကို ပြောပြပေးပါလား)

ကျွန််တော်ရဲ့ မွေးရာဇာတိက တောင်ကုက်မြို့နယ် ခရိုင်ရွာက ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဖေအမေ နာမည်တွေက ဦးသန်ရွှေနဲ့ ဒေါ်သောင်းခင်ဖြစ်ပါတယ်။ မွေးချင်းအာဖြင့် လေးယောက်ရှိပါတယ်။ ကျွန်တော် အထက်က အစ်မနှစ်ယောက်ရှိတယ်။ အစ်မနှစ်ယောက်က ကျွန်တော်ငယ်ငယ်ကတည်းက ဆုံးသွားခဲ့ပါပြီ။

(ကိုဝင်းကိုခိုင် အနေနဲ့ မလေးရှားမှာ တတိယအကြိမ်မြောက် လာဆိုတာလို့ သိရပါတယ်။ အခုအခေါက် ဆိုရတာနဲ့ တခြား အခေါက်တွေ သီဆိုရတာ ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ။)

ဒီကို ကျွန်တာဆိုတာ သုံးခါရှိပြီ။ ပထမဦးဆုံးကတော့ Education fund က ကိုအောင်မျိုးတို့ လုပ် တာပါ။ အဲဒီတုန်း ကလဲ လူ ၅၀၀ လောက်ရောက်တယ်။ အဲဒီပွဲက ပထမဆုံးပွဲဖြစ်တာကြောင့် ကျွန်တော့ အနေ နဲ့ ပထမဆုံး အတွေ့ကြံုပေါ့နော်။ ဒုတိယအခေါက် ကျတော့ ကိုအေးသိန်းတို့ လုပ်ကြပါတယ်။ သူတို့ လုပ်တဲ့ ပွဲကတော့ ပရိတ်သတ်တွေက တက်တက်ကြွကြွ ပိုရှိတာကိုတွေ့ရပါတယ်။ အခုပွဲကတော့ အယင်ပွဲတွေထက် အရှိန် ပိုမြှင့်လာတယ်လို့ ခံစားရပါတယ်။

(ကို်ဝင်းကိုခိုင် အနေနဲ့ နောက်ထပ် ဘယ်နိုင်ငံတွေကိုသွားပြီးတော့ သီဆိုဖို့ အစဉ်တွေရှိပါသေးလဲ။)

နောက်ထပ် သီချင်းဆိုဖို့ ပွဲတွေကတော့ မရှိသေးပါဘူး။ နောက်တစ်ပတ်ကို ဒီခရီးစဉ်နဲ့ ပက်သက် ပြီး စင်္ကာပူသွားဖို့ရှိတယ်။ အဲ့ဒီမှာ တစ်ပက်လောက်နေမယ်။ ပြီးတော့ ထိုင်ကို သွားမယ်။ ပြီးတာနဲ့ မြန်မာ ပြည်ကို ပြန်မယ်။

( ပြည်ထဲမှာ သီဆိုရတာနဲ့ ပြည်ပမှာ သီဆိုရတာ ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ)

ပြည်ထဲမှာက ဘယ်လိုလဲဆိုတော့ ရွာနဲ့နီးတဲ့မြက်ကို ရွာနွား မစားဘူးဆိုသလို (ရယ်လျှက်) ပြည်ထဲ လူတွေက နည်းနည်းတော့ ရိုးအီနေပြီးပေါ့နော်။ ရိုးအီးနေပြီးဆိုတဲ့ စကားလုံးတောင် သိပ်မကြိုက်ဘူး။ ပြောချင် တာက ဒီကလူတွေက ကိုယ်နေရာနဲ့ အရမ်းကိုဝေးကွာနေတော့ ကျွန်တော်သီချင်းက စာနာပေးထားတဲ့ သီချင်း တွေ၊ နောက်တစ်ခုက သူတို့ကိုယ်စား ခံစားလို့ရတဲ့ ပာာတွေ ပိုများတယ်။ ဘဝနဲ့ရင်ပြီးတော့ ရေးထားတဲ့ သီချင်းတွေက ဝေးနေရတဲ့ ရခိုင်သူရခိုင်သားတွေနဲ့ အရမ်းကို တိုက်ဆိုင်သွားတယ်။ ပာိုမှာရှိနေကြတဲ့ လူတွေ ကျတော့ ကိုယ်ကိုယ်တိုင်က ဝေးတဲ့ ခံစားမှုတွေ သူတို့မှာ မရနှိင်ဘူးလေ။ ဒါပေမယ့် ကျွန်တော့ အနုပညာကို ပြည်တွင်း လူတွေလည်း အားပေးကြပါတယ်။ ကျွန်တော်အမြင်ကတော့ ပြည်တွင်းမှာရှိတဲ့ ပရိက်သက်ထက် ပြည်ပမှာရှိတဲ့ ပရိသက်က ကျွန်တာ့သီချင်းကို ပိုနှစ်သက်အားပေးကြတာ တွေ့ရတယ်လေ။

(နောက်ထပ် တစ်ခြားခွေတွေ ထုက်ဖို့ ရှိပါလား။ ဘယ်လိုသီချင်းမျိူးကို ထုက်ဖို့ အစီအစဉ် ရှိပါသလဲ။)

လောလောဆယ်တော့ ၂၀၀၂နှစ်ကတည်းက IC တီဝိုင်းနဲ့ လုပ်ထားတာ တစ်ခုရှိတယ်။ ကိုသိန်း ထိုက်ဇော်နဲ့ ဆိုဖို့လုပ်ထားတာပါ။ ဂျိူးလီယက် ဆိုတဲ့ နာမည်နဲ့ လုပ်ထားတာပါ။ ဒါပေမယ့် ကိုသိန်းထိုက် ဇော်က မဆိုတော့ဘူး။ အခုက ကျွန်တော်တစ်ယောက်ထဲ မူပိုင်ဝယ်ထားတယ်။ အဲ့ဒီခွေထဲမှာ ပထမတော့ မပာာနွယ် သီချင်းပါတယ်။ အကုန်လုပ်ထားပြီးပြီ။ ဆိုဖို့ဟာမှာ သီချင်းတွေ နည်းနည်း ထပ်ထည့်ရအုံးမယ်။ လောလောဆယ်တော့ သုံးသပ်နေတုန်းဘဲ ရှိသေးတယ်။ မကြာခင် ထွက်လာတော့မှာပါ။

(ကိုဝင်းကိုခိုင်ရဲ့ တကိုယ်တော်တေးစီရီးနဲ့ Group အားဖြင့် ဘယ်နှစ်ခွေလောက် ရှိပါလဲ။)

ကျွန်တော်ရဲ့ တကိုယ်တော်အားဖြင့် စီရီးထုက်ထားတာ ၃ခွေလောက်ရှိပြီ။ Group ကတော့ ၂၀ ကျော်နေပြီ ထင်ပါတယ်။ အဲ့ဒီအထဲမှာ ပရိက်သက်အားပေးဆုံးနဲ့ အရောင်းရဆုံးခွေကတော့ ''အာရက္ခမြေ'' တေးစီရီးဖြစ်ပါတယ်။

(ကိုဝင်းကိုခိုင်ကို မျိူးချစ်အဆိုတော်ကြီးလို့ ရခိုင်သူရခိုင်သားတွေက ဂုဏ်ယူပြောဆို နေကြတယ်။ အဲ့ဒီအပေါ်မှာ အစ်ကိုအနေနဲ့ဘယ်လို့ခံစားရပါသလဲ။)

အဲဒါကတော့ သူတို့အနေနဲ့ အမျိူးချစ်တယ်။ အမျိူးသားရေး သီချင်းတွေဆိုလို့ ခံစားရတယ်။ ကျွန်တော်ကလဲ အမှန်တကယ် ကိုယ့်အမျိူးကို ချစ်ပါတယ်။ ရခိုင်သွေးပါတာပေ့ါနော်။ ရခိုင်မျိူးတွေ အတွက် ဆိုရင် အနစ်နာခံနိုင်တယ်။ အပြောအဆိုခံနိုင်တယ်။ သည်းခံနိုင်တယ်။ လုံလဝိရိယရှိတယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ ရခိုင်နဲ့ ပက်သက်ပြီး ထူးခြားမှုတွေ တော်တော်များများ ရှိတယ်လို့ ပြောလို့ရပါတယ်။ အချစ်ရေးနဲ့ ပက်သက်ပြီးတော့ အဲ့သလောက် သည်းမခံနိုင်ဘူး(ရယ်လျက်)။ ကျွန်တော်ကလည်း အမျိုးသားရေး သီချင်းတွေ အဆိုများတယ်။ နောက်တစ်ခုကလည်း ကျွန်တော့်ဆီမှာလည်း အမျိူးသားရေနဲ့ ပက်သက်ပြီး အသွင်းသဏ္ဍာန်တွေကို ကျွန်တော်ဆီမှာ မြင်နေရတဲ့အတွက်ကြောင့် မျိူးချစ်ပုဂ္ဂိုလ်လို့ ပြောလို့ရပါတယ်။

(ကိုဝင်းကိုခိုင်အနေနဲ့ သီချင်းတွေနဲ့ ပက်သက်ပြီး အနာဂက်မျော်လင့်ချက်တွေကို နည်းနည်း ပြောပြ ပေးလို့ ရပါဖို့လား။ )

ကျွန်တော်ရဲ့ အနာဂက်မျော်လင့်ချက်ကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် အများကြီး ပြော လိုက်လို့ ကောင်မှာလားမသိဘူး။ (ရယ်လျှက်)။ ကျွန်တော် မျှော်လင့်ထားက အနုပညာကိုဘဲ မျှော်လင့်တယ်။ အနုပညာဆိုတာ တကယ် အဆင့်အတန်ရှိတဲ့ International မှီတဲ့ အနုပညာမျိူပေ့ါ။ ဆိုလိုတာက အဆင့်အတန်းရှိတဲ့ ဂီတသမား၊ အဆင့်တန်းရှိတဲ့ သီဆိုမှုတွေကို သီဆိုနိုင်တဲ့ လူတယောက်ဖြစ်လာအောင် အနာဂက်မှာ မျှော်လင့်ထားပါတယ်။ အနာဂါက်မှာ မျှော်လင့်လို့ရလာတဲ့ လူမျိုးဂုဏ်ကိုဆောင်မှုတွေ ကိုယ့်နိုင်ငံ ကိုယ့်လူမျိူးရဲ့ဂုဏ်၊ ကမ္ဘာကြီးရဲ့ အဆင့်အတန်းကို ဆောင်နိုင်အောင်၊ နောက်တစ်ခုတော့ ကျွန်တော် အဓိကရွည်ရွယ် ချက်ကတော့ ကျွန်တော့ သီချင်းကို နားထောင်လိုက်တယ်၊ ကျွန်တော်ရဲ့အသံကို ကြားလိုက်လို့ရှိရင် ပရိတ်သတ်တွေ ငြိမ်းချမ်းသွားစေရမယ်။ အေးချမ်းသွားစေရမယ်လေ။ ပရိတ်သတ်တွေ မွန််းကျပ်နေတာတွေ ပွင့်သွားစေရမယ်။ ပြီးတော့ လူတွေမတွေးမိသေးတဲ့ အကြောင်းအရာတွေ သူတို့ သိစေသွားရမယ်။ ကျွန်တော် သိထားတာ ခံစားထားတွေကို မြင်သွားစေရမယ်။ သူတို့မြင်သွား သိသွားတာတွေကိုလဲ သူတို့ဘဝမှာ အရင်မခံစားဖူးတဲ့ ဘဝ အဘိမ္မာတွေ အတွေ့အကြံုတွေ၊ အကြောင်းအရာတွေကို ကျွန်တော်ဆိုတဲ့ သီချင်တွေ၊ ရေးထားတဲ့ သီချင်းစာသားတွေကို အနာဂါက်မှာ ဖြစ်လာအောင် မျှော်လင့်ချက် အပြည့်နဲ့ ကြိုးစားနေပါတယ်။

( အခု ရခိုင်သီချင်းတွေ ဆိုသလိုမျိူး ဗမာသီချင်းတွေ ထုက်ဖို့အစီစဉ်တွေ ရှိပါသလား။)

မပာာနွယ်ကလဲ ဗမာလိုဆိုထားတာဆိုတော့ ဗမာသီချင်းကလဲဆိုထားပြီးပြီလေ။ ဒါပေမယ့် ဗမာခွေ ထုက်ဖို့ အနေထားဆိုတော့ စီပွားအရကတော့ ကိုက်တယ်လေ။ ဗမာခွေထုက်ဖို့ကတော့ အစီစဉ်တွေရှိတယ်။ အခုလောလောဆယ်တော့ ထုတ်ပေးဖို့သူ အနေအထားတော့ မရှိသေးဘူး။ ရခိုင်ခွေကျတော့ စီပွားရေးအရ ရပ်တည်လို့ မရသေးဘူး။ ရခိုင်ပရိတ်သက်တွေကလည်း ဗမာလိုဆိုရင်လဲ မကြိုက်တာတွေ ကြားနေရတယ်။ တကယ်လို့ ဗမာခွေလုပ်ဖြစ်ခဲ့ရတော့ ရခိုင်ပရိတ်သက်တွေကို သဘောထား မေးပြီးမှ ဗမာခွေ လုပ်ဖြစ်သွားမှာပါ။

( ကိုဝင်းကိုခိုင််အနေနဲ့ ဂီတလောကနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ တစ်လျှောက် ဘယ်လိုအခက်တွေနဲ့ ကြုံလာခဲ့ရတယ် ဆိုတာ နည်းနည်းရှင်းပြပေးပါလား)

အခက်အခဲကတော့ အများကြီးရှိခဲ့ပါတယ်။ ဒါပမယ့် ဘယ်လောက်ဘဲ ခက်ခက်ခဲခဲ ရှိခဲ့မှု ရှိပါစေ ကိုယ် ကြိုးစားမှု၊ လုံ့လဝိရိယကိုတော့ ဘယ်တော့မှမလျှော့ခဲ့ဘူး။ ဥပမာ ပြောရရင်တော့ ပတ်ဝန်ကျင်က မကောင်း ပြောတာတွေ၊ ချန်ထားခဲ့တာတွေ၊ ဖယ်ထားခဲ့တာတွေ၊ နောက်ပြီးတော့ အဖက် မလုပ်ချင်တာတွေ အဲ့ဒါတွေ ကျွန််တော်ဘဝမှာ အများကြီးပါ။ ကျွန်တော်ကတော့ မှန်ကန်တဲ့ကြိုးစားမှု၊ မှန်ကန်တဲ့ ကျင့်ကြံခြင်း၊ မှန်ကန်တဲ့ နည်းလမ်းတွေကို ကျွန်တော်လိုက်ရှာတယ်။ ဆိုကြပါစို အနုပညာ လုပ်ဖို့ မှန်ကန်တဲ့ နည်းလမ်းတွေရှိတယ်။ ကျွန်တော်ကတော့ ကိုယ်သင့်တော်မယ့် ဆရာကောင်းတွေ လိုက်ရှာတယ်။ ဒါကြောင့်မို့လို့လဲ ဆရာကောင်း တွေရတယ်။ ကျွန်တော်ကို ဘယ်လောက်ဘဲ မကောင်းပြောပြော လူတွေက ဘယ်လောက်ပင် ချုပ်ချယ် ထားပါစေ။ အခက်အခဲတွေဖြစ်အောင် ဘယ်လောက်ဘဲ ကြံဆောင် ထားပါစေ။ ငွေမရှိလို့ ဒုက္ခ ဘယ်လောက်ဘဲ ရောက်ပါစေ။ ဒီလို နည်းပညာတွေ အတက်ပညာတွေ (Techniques) တက်ထားတဲ့ တစ်နေ့မှာ ကျွန်တော့်ကို ချုပ်ချယ်ထားလို့ ရတော့မှာ မဟုက်ဘူး ဆိုတာ ယုံကြည်တယ်။ ယုံကြည်တဲ့ အတွက် အဲဒီအတိုင်းဘဲ လုပ်လာတယ်။ အခက်အခဲတွေ ကတော့ အများကြီးရှိခဲ့တယ်။

(ရခိုင်ပြည်မှာရှိတဲ့ မျိူးဆက်သစ် အဆိုတော်လေးတွေရဲ့ သီဆိုမှုတွေအပေါ် ကိုဝင်းကိုခိုင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။)

ရခိုင်ပြည်မှာရှိတဲ့ မျိူးဆက်သစ် အဆိုတော်လေးတွေကို ကျွန်တော်ပြောချင်တာကတော့ သူတို့ရဲ့ မွေးရာ ပါရမီတွေနဲ့ တက်လာကြတယ်။ ဒါပေမယ့် သီချင်း သီဆိုမှုအပိုင်းတွေနဲ့ ပက်သက်ပြီးတော့ လေ့လာမှု တွေသိပ်မရှှိတာ တွေ့ရပါတယ်။ ဒါကြောင်မို့ မျိူးဆက်သစ်တွေကို ပြောချင်တာတော့ ဘာအလုပ်ဘဲ လုပ်လုပ် လုပ်တဲ့ အလုပ်မှာ လုပ်တဲ့ နည်းစနစ်တွေ ကိုယ်စီရှိကြတယ်။ သီချင်းဆိုတဲ့ အခါမှာလဲ သီချင်းဆိုတဲ့ နည်းစနစ်ကို ရအောင်ရှာပြီးတော့ ဆိုကြပါလို့ ပြောချင်ပါတယ်။

( မလေးရှားမှာ အလုပ် လာရာက်လုပ်ကိုင်နေကြတဲ့ ရခိုင်ပြည်သူတွေနဲ့ ကျန် ကမ္ဘာ့နိုင်ငံအသီသီးမှာ ရောက်ရှိနေကြတဲ့ ရခိုုင်ပြည်သူတွေကို ကိုဝင်းကိုခိုင်အနေနဲ့ ဘာများပြောချင်ပါလဲ။ )

မလေးရှားမှာရော ကျန်ကမ္ဘာနိုင်ငံအသီးသီးတွေမှာရော ရောက်ရှိပြီး အလုပ်လုပ်နေကြတဲ့ ရခိုင်ပြည် သူရခိုင်သားတွေ ကျွန်တော့စိတ်ထဲမှာ ရှိတိုင်းပြောရရင်တော့ အားတော့ အားနာပါတယ်။ ဒါပေမယ့် မပြော မဖြစ် ပြောရတော့မယ်လေ။ ကိုယ့်နေရင်း ကိုယ်ဒေသ ပြန်ပြီးတော့ တိုးတက်လာအောင် ကိုယ် တတ်နိိုင်တဲ့ ဘက်က တတ်နိုင်သလောက် လုပ်ဖို့ဖိက်ခေါ်ချင်ပါတယ်။ နောက်တစ်ခုက ဒီမှာဘဲ တစ်သက်လုံး မနေဘဲ အလုပ်တွေကို ဘယ်လိုနည်ပညာမျိူးတွေနဲ့ လုပ်ကြတယ်။ သူတို့ ဘယ်လိုတည်ဆောက်ကြတယ်။ တိုးတက် တဲ့ နည်းပညာတွေကိုပါ သေချာလေ့လာပြီးတော့ ကိုယ်နေရာ ကိုယ်ဒေသတွေမှာ ပြန်ပြီးတော့ အကျိူးပြုလာ နိုင်အောင် ကြိုးစားကြဖို့ကို ပြောချင်ပါတယ်။

(ကိုဝင်းကိုခိုင်ကို ဆက်သွယ်လို့ရမယ့်လိပ်စာ သိုမပာုက် ဖုန်းနံပါက်ကို ပရိက်သတ်သို့ပြော ပေး ပါလား။)

ဖုန်းနံပါကတော့ ၀၉၇၃၀၉၉၅၄၂ ၊ အီမေးလ်လိပ်စာက [email protected] (ကိုဝင်းကိုခိုင်အနေနဲ့ ရခိုင်ပြည်သူတွေကို အစ်ကိုရဲ့ ရင်တွင်းဖြစ် စကားလေး တခွန်းလောက် ပြောပေးပါလား။)

အခုလို နေထိုင်တဲ့ဘဝမျိူးထက် ပိုမြင့်တဲ့ ဘဝပုံစံမျိူးနဲ့ ကိုယ်ဘာသာတရား ကိုယ်လူမျိူး ယဉ်ကျေးမှုတွေနဲ့ မြင့်မြတ်တဲ့ ကျင့်စဉ်များနဲ့အတူ အဆင့်တန်မြင့်မားတဲ့ စိက်ထားတွေနဲ့ ဘဝမှာ လှလှပပဖြစ်စေချင်၊ အောင်မြင်စေချင်တဲ့ ဆန္ဒမျိုးတွေ ရခိုင်ပြည်သူတွေမှာ အများကြီး ရှိနိုင်ကြပါစေလို့ ကျွန်တော် ပြောချင်ပါတယ်။

Most read this week