ဆက်သွယ်ရေး ဥပဒေကြမ်းကို ယခုလ ရ ရက်နေ့က သတင်းစာတဆင့် ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့အတူ ၁၈၈၅ ခုနှစ်က The Myanmar Telegraph Act 1885 နှင့် The Myanmar Wireless Telegraph Act 1934 ကို ရုပ်သိမ်းလိုက်ပါတယ်။
ဆက်သွယ်ရေး ဥပဒေကြမ်းကို ယခုလ ရ ရက်နေ့က သတင်းစာတဆင့် ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့အတူ ၁၈၈၅ ခုနှစ်က The Myanmar Telegraph Act 1885 နှင့် The Myanmar Wireless Telegraph Act 1934 ကို ရုပ်သိမ်းလိုက်ပါတယ်။ ၂ဝဝ၄ ခုနှစ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ထုတ်ထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ကို ရုပ်သိမ်းထားခြင်း မရှိသေးပါဘူး။ အများပြည်သူကလည်း ပြင်နိုင်မယ် ပြောထားတာကြောင့် ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အင်္ဂလန်နို်င်ငံက MBA (Telecom ) နဲ့ ဘွဲ့ ရယူထားတဲ့ ဦးပြည်စိုးထွန်းနဲ့ မဇ္စျိမ က အင်တာဗျူး လုပ်ထားတာကိုကောက်နှုတ် ဖော်ပြ ပေးထားပါတယ်။
ဦးပြည်စိုးထွန်း (CEO)
In Mai Kha Co..Ltd
B.E ( Electronic)
MBA ( General Management) (ရန်ကုန် စီးပွားရေး တက္ကသိုလ်)
MBA ( Telecom) (University of Derby ) အင်္ဂလန် နိုင်ငံ
ဒီလထဲမှာပဲ ထွက်လာတဲ့ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးချင်တာကို Overall အနေနဲ့ ပြောပေးပါဦး။
ဥပဒေကြမ်း တစ်ခုကို မြင်တာဆိုရင် Public အတွက် ဘယ်လို Save ဖြစ်မလဲ။ ဘယ်လိုမျိုး Cover ပေးမလဲ ဆိုတာနဲ့ပြောချင်ပါတယ်။ အဲဒါ အရေးကြီးတယ်လို့ ထင်တယ်။ ဆက်သွယ်ရေးမှာ ဥပဒေ အနေနဲ့ ဆွဲမယ် ဆိုရင် Section တွေ ခွဲပြီးမှ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ဆက်သွယ်ရေး လိုင်စင် ရမယ့် သူတွေ အတွက် စဉ်းစားရမယ့် အချက် တစ်ချက် ရှိသလို၊ ပြည်သူတွေ အတွက် စဉ်းစားရမှာလည်း ရှိတယ်။ အဲဒီ နှစ်ချက်ကို ဇောင်းပေးပြီး စဉ်းစားရမယ်။ ဖတ်ကြည့်တဲ့ အခါမှာ လွတ်နေတာ တစ်ခု တွေ့့ပါတယ်။ ဆက်သွယ်ရေး လိုင်စင် ရမယ့် သူတွေက သုံးမယ့် ပစ္စည်းတွေပေါ့။ အဲဒီ Equipment ရဲ့ Vendor တွေနဲ့ပတ်သက်ပြီးတော့ Point out လုပ်ထားတာ မတွေ့ရဘူး။ ဆက်သွယ်ရေးဆိုတာ နိုင်ငံရဲ့ National Security နဲ့ ပတ်သက်ပြီးတော့ အရမ်းကို အရေးပါတယ်။ Developed Country တွေမှာတော့ သူတို့ဟာသူတို့ပဲ Technology ကို Develop လုပ်ကြတာ များတယ်။ ကိုယ်ရဲ့ National Security ကို ထိခိုက်မှာ စိုးတော့ အဲဒါကို အဓိက အရမ်းထားတယ်။ မြန်မာနိုင်ငံ အနေနဲ့က သေချာပေါက်က ကိုယ့်ဟာကိုယ် Develop လုပ်ဖို့ဆိုတာ Technology မရှိနိုင်ဘူး။ အဲဒီအချိန်မှာ ပေးမယ့် Vendor တွေက အရမ်းကို အရေးပါလာပြီ။ မသိတဲ့ Technology ကို ဝယ်လိုက်ရပြီ ဆိုရင်ကိုယ်မသိ တာတေ အများကြီး ပါလာနိုင်တယ်။ High Tech တွေ ပါလာနိုင်တယ်။ နဂိုကလည်းက Precise လုပ်ထားတဲ့ ဆော့ဝဲလ် ထည့်လိုက်တာလည်း ဖြစ်နိုင်တယ်။ အဲဒါမျိုးကို ဒီဥပဒေကြမ်းမှာ ပြောထားတာ မတွေ့ရဘူး။ Vendor တွေ အနေနဲ့ ဘယ်လို လုပ်သင့်တယ် ဆိုတာမျိုး မပါဘူး။ ပြီးတော့ ဖြစ်လာခဲ့ရင် ဘယ်လို တရားစွဲလို့ ရတယ်ဆိုတာမျိုး မပါဘူး။ ဒါကို ဒီဥပဒေမှာ ထည့်သွင်းသင့်တဲ့ လို့ မြင်ပါတယ်။ အဲဒါ လွတ်နေတာ တွေ့တယ်။ Vendor တွေနဲ့ ပတ်သက်ပြီး ပြောထားတာ ဘာမှ မတွေ့ဘူး။ ကိုယ်က သုံးနေရင်း တစ်ခုခု Software updated လုပ်မယ်ဆိုပြီး ဒေတာ တွေ ယူသွားတာ ဖြစ်နိုင်တယ်။ အရမ်း အရေးကြီးပါတယ်။
ဆက်သွယ်ရေး ပစ္စည်းလို့ သုံးထားတာ ဥပဒေ တစ်ခုလုံးမှာ သုံးထားပါတယ်။ ပြီးတော့ နောက်ပိုင်း ဖော်ပြတဲ့ အချက်တွေထဲမှာ လိုင်စင် မရှိရင် မသုံးရ ဆိုတာ ပါနေပြန်တယ်။ အဲဒါလေးကို ပြောပေးပါဦး။
ဆက်သွယ်ရေး ပစ္စည်းလို့ ပြောထားတဲ့ နေရာမှာ အခန်း (၁) ရဲ့ (ည)မှာ ဆက်သွယ်ရေး ပစ္စည်းဆိုတာ တယ်လီဖုန်း၊ ဖက်စ် ၊ တဲလက်စ် ဆိုပြီး သုံးထားတယ်။ တကယ်တမ်းပြောရရင် ဒါတွေက ခေတ်နဲ့ အညီ ပြင်သင့်တယ်။ ဆက်သွယ်ရေး ပစ္စည်းမှာ ဒါတွေ ပါတယ်လို့ ဖော်ပြထားတယ်။ နောက် အခန်း ၅ မှာ ဆက်သွယ်ရေး ပစ္စည်းများ ဆိုင်ရာ လိုင်စင်မှာ ဒီပစ္စည်းတွေ ကိုင်ရင် လိုင်စင် လျှောက်ရမယ်။ လိုင်စင် ရယူထားတဲ့သူက သုံးလို့ ရတယ်။ ဒီနေရာမှာ ဖြစ်သင့်တာက ဖုန်းဆိုတာ လူတိုင်းကိုင်ကြတယ်။ ဒါတွေက ပြောင်းသင့်တယ် ။ ဘာမှတော့ မဖြစ်ဘူး ဒီလိုပဲ နားလည်မှုနဲ့ ကိုင်ရင် ရနိုင်တယ် ဆိုပေမယ့် law တစ်ခုမှာ ဆိုတာ တိတိကျကျ ပါသင့်တယ်။ တကယ်ဆို ဒါတွေက ဆက်သွယ်ရေး ပစ္စည်း မဟုတ်တော့ဘူး။ Home Applicant ဖြစ်သွားပြီ။ သေချာ Special purpose နဲ့ လုပ်ထားတဲ့ ပစ္စည်းဆိုရင်တော့သေချာပေါက် တရားဝင် လိုင်စင် လျှောက်သင့်တယ်။ အဲဒီတော့ လူတစ်ယောက်က ပြဿနာ ဖြစ်တယ် ဆိုရင် ဖုန်းကိုင်ထားတယ် ။ လိုင်စင် မရှိဘူး ဆိုရင် ဒါက သူ့ကို အပြစ်ရှာလို့ ရတဲ့ အကွက်တစ်ခု ဖြစ်လာမယ်။ ဒါက မကောင်းဘူး။ ဒါက အရင်တုန်းက ဖြစ်တတ်တဲ့ဟာမျိုးပါ။ Law အရသာ ဆိုရင် မြန်မာပြည်မှာ ရှိတဲ့လူတွေ အကုန်လုံးကို တရားစွဲလို့ ရတဲ့ ဥပဒေ ဖြစ်နေတယ်။ အခု လက်ရှိအချိန်မှာ လိုင်စင်ရတယ် ပြောရတာ မြန်မာ့ဆက်သွယ်ရေး ပဲ ရှိတယ်။ သူက ဆင်းမ်ကတ်ရော၊ ဟန်းဆက်ရော သူ့ဆီက သုံးမယ် ဆိုရင် အကျံုးဝင်တယ်။ ဒီလိုမဟုတ်ဘူးဆိုရင် law အရသာ ဆိုရင် အားလုံး တရားစွဲ လို့ ရနေတယ်။
လိုင်စင် လျှောက်တဲ့နေရာမှာသတ်မှတ်ချက်နဲ့အညီ ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်ဆိုတာ ပါတယ်။ အဲဒီအပိုဒ်ကိုရော ဘယ်လို မြင်ပါသလဲ။
သတ်မှတ်ချက်နဲ့ အညီ ဆိုတာ ဘယ်လို သတ်မှတ်ချက်မျိုးလဲ။ နောက်ပြီး ပြောထားတာ ရှိသေးတယ်။ ဦးစီးဌာနကထောက်ခံတာ၊ ငြင်းပယ်တာတွေ လုပ်နိုင်တယ်။ အဲဒါမျိုးက တိတိကျကျ ပြောသင့်တယ်။ မဟုတ်ရင် နောက်ပိုင်း ဦးစီးဌာနကို ပိုက်ဆံပေးမှ Approve လုပ်လို့ ရမှာလား ။ သတ်မှတ်ချက်နဲ့ အညီ လျှောက်မှ ရမှာလား။ တကယ်လို့ Law အရ တိတိကျကျ သတ်မှတ်ထားတယ် ဆိုရင် ဒါတွေက ဝေဝါး မနေတော့ဘူး။ ပုံမှန်အားဖြင့် Public က အသုံးများတဲ့ မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး အခန်း (၁၇) မှာ ပါတာ ဆက်သွယ်ရေး ပစ္စည်း တင်သွင်းရင် ဦးစီးဌာနကို လျှောက်ထားရမယ် ဆိုတာ ပါတယ်။ တကယ်လို့ အမြဲတမ်း လျှောက်ရမယ်ဆို ဖြစ်နိုင်တာတွေ အများကြီးပဲ ။ နောက် ငြင်းပယ်ခြင်း ထောက်ခံခြင်း ဆိုတာမှာ အခန်း ( ၁ဝ) အပိုဒ် ၃ဝ မှာ ဆိုရင် စံချန်စံညွှန်း လျှောက်ထား တာကို ထောက်ခံလို့ ရတယ်။ ငြင်းပယ်လို့ ရတာ ပါတယ်။ ဒါဆို ဝေဝေဝါးဝါးဖြစ်နိုင်တယ်။ သူကျေနပ်ရင်ထောက်ခံမယ်။ သူမကျေနပ်ရင် မထောက်ခံဘူး ဖြစ်နိုင်တယ်။ ဒါမျိုးဆို ရှေ့မှာ ဖြည့်သင့်တာက အချက်အလက်ပြည့်စုံ မှန်ကန်တယ် ဆိုရင် ထောက်ခံမယ်၊ မပြည့်စုံဘူးဆိုရင် မထောက်ခံဘူး ဆိိုတာမျိုး ဖြစ်သင့်တာပေါ့။ နိုင်ငံ အတွက် မသင့်တော်တာ၊ သုံးစွဲသူအတွက် မသင့်တော်ဘူး ဆိုရင် ငြင်းပယ်နိုင်တယ်။ ဒါမျိုးဖြစ်သင့်တယ်။
ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ငန်းရပ်များအား တားမြစ်ခြင်း ဆိုတဲ့ အခန်းက တော့ ကောင်းတယ် လို့ မြင်ပါတယ်။ အကို့ အမြင်ကရော ဘယ်လို ရှိပါသလဲ။
ဒီအခန်းကတော့ တော်တော်လေး ကောင်ပါတယ်။ အော်ပရေတာ အချင်းချင်းညှိပြီး စျေးနှုန်းတွေ မြင့်အောင် လုပ်မှာကို တားမြစ်ထားတာ။ ဒါက ကောင်းပါတယ်။ နောက် အပိုဒ် ၃၈ မှာပါတာက ဆက်သွယ်ရေး ဝန်ဆောင်မှုကို ရယူ သုံးစွဲရန် ကန့်သတ် ချုပ်ချယ်ခြင်း မပြုရလို့ ပါတယ်။ ဒီမှာ အော်ပရေတာ တွေက လုပ်တတ်တာက Contact ချုပ်တာမျိုရှိတယ်။ အဲဒါမျိုးကို မလုပ်ရမှာလား၊ ဒါမှ မဟုတ် သပ်သပ်ကြီး မသုံးမနေရ လုပ်မှာကို ဆိုလိုတာလား။ အဲဒါ မကွဲပြားဘူး။ ကွဲကွဲပြားပြား ဖြစ်သင့်တယ်။ နောက်တစ်ချက်က အပိုဒ် ၄၉ မှာ ပျက်စီးမှု ရှိရင် ထိခိုက်သူက လုပ်ငန်းလိုင်စင် ရရှိသူထံမှ သတ်မှတ်ချက်နှင့်အညီ လျော်ကြေး ရပိုင်ခွင့် ရှိသည်ဆိုတာ ဘယ်သူက သတ်မှတ်တာ လဲ။ ဝန်ကြိးဌာနက သတ်မှတ်တာလား၊ လုပ်ငန်း လိုင်စင် ရရှိသူက သတ်မှတ်တာလဲ ဆိုတာ တိတိကျကျ မပါဘူး။ တရားမ မှုနဲ့ တရားစွဲပြီးမှ ရမယ့် သတ်မှတ်ချက်လား၊ ဒါကလည်း public ဘက်က ကြည့်ရင်တော့ မကောင်းဘူးပေါ့။ နောက်တစ်ချက်က ၅ဝ မှာ အဆောက်အအုံ တွေမှာ ဆက်သွယ်ရေးဝန်ဆောင်မှု အတွက် ကွန်ရက် တပ်ဖို့ လိုအပ်ရင် ဦးစီးဌာနက ညွှန်ကြားနိုင်ပြီး အဲဒီလို ပစ္စည်းတပ်ဖို့ လုပ်ငန်းလိုင်စင်ရရှိသူက စရိတ်ငွေကြေး အားလုံးဖြစ်စေ၊ တစိတ်တစ်ဒေသ ဖြစ်စေ ကျခံရန် ညွွှှန်ကြားနိုင်သည် ဆိုတာ ပါတယ်။ ဒါဆို လုပ်ငန်းရှင်က အနည်းဆုံးတော့ တစ်စိတ်တစ်ဒေသ ကျခံ ရမယ့် သဘော ဖြစ်နေတယ်။ လုပ်ငန်းရှင်ဘက်က စဉ်းစားရင် ကျခံဖို့ လိုအပ်ရင် ကျခံမယ်။ မလိုအပ်ဘူး ဆိုရင် မကျခံဘူးပေါ့။ အဲဒါကို ဦးစီးဌာနက ဝင်ရောက် ညွှန်ကြားနိုင်သည် ဆိုရင် ဝင်ပြီး ညှိနှိုင်းပေးမ လား၊ Force အနေနဲ့ တပ်ခိုင်းမလား ဆိုတာကလည်း စဉ်းစားစရာ အချက်ပေါ့။
နောက်တစ်ချက်က အခန်း ၃ မှာ ပါတဲ့ National Gateway (အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ဝင်ပေါက် ထွက်ပေါက် ) နဲ့ ပတ်သက်ပြီး ပြောနေကြပါတယ်။ အကို့အမြင်ကလည်း ဘယ်လို ရှိပါသလဲ။
အဲဒါက တော်တော်များများလည်း ပြောနေကြပါတယ်။ ဘယ်နိုင်ငံမှာ မဆို National Gateway နဲ့ ပတ်သက်ပြီး Control လုပ်ကို လုပ်ထားတာ ရှိပါတယ် ။ မ လုပ်လို့လည်း မရပါဘူး။ ဒါက National Security အရ ဆိုရင် လုပ်ကို လုပ်ထားရပါမယ်။ ဒါဆို Satellite ဖုန်းတွေ ယူလာမယ် ဆိုရင် Satellite အချင်းချင်းပဲ ပြောမယ်။ ဒါတွေဆို အစိုးရနဲ့ Agreement လုပ်ပြီး ဒီလို ဖုန်းတွေ ရောင်းမယ် ဆိုရင် ဒီ ဝင်ပေါက် ထွက်ပေါက်ကို မဖြတ်ဘဲ သုံးရမှာလား။ ဒါတွေကို ကြိုပြီး စဉ်းစားထားသင့်ပါတယ်။ နောက်ပြီး တော်တော်များများပြောချင် တာက ဝင်ပေါက်၊ ထွက်ပေါက်ကနေ သုံးရမယ် ဆိုရင် အင်တာနက်ကနေ သုံးတဲ့ Viber တို့လို ဟာမျိုးကို ပြောနေတာပေါ့။ ဒါတွေက သုံးလို့ ရတယ်၊ မရဘူး ဆိုတာ ဒီ Law ထဲမှာ တိတိကျကျ သတ်မှတ်ပေးသင့် တယ်။ user တွေက သုံးမယ် ဆိုရင် ဒီလိုင်းပေါ်မှာ ကိုယ်ကြိုက်တာ လုပ်ခွင့်ရှိရမယ်။ ဘယ်ဟာကို သုံးရမယ် မသုံးရဘူး ဆိုတာ control မလုပ်သင့်ဘူး။ ဒါကို ရှင်းရှင်း လင်းလင်း ပြောရမယ်။ တစ်ခုခု ပြသနာဖြစ်ရင် ဒီပြသာနာကိုပဲ ကိုင်ပြီး ပြောလို့ ရတာမျိုး မလုပ်ရဘူး။ ဥပဒေ တစ်ခုက ရှင်းရှင်း လင်းလင်းပြောရမယ်။ သူတို့ ပြောချင်တာက နယ်စပ်တွေမှာ ဖုန်းတွေ ဟိုဘက်နဲ့ ဒီဘက် ချိတ်ပြီး ခေါ်တာမျိုး ကို ပြောချင်တာဖြစ်ပါတယ်။ Viber လိုမျိုး သုံးတာကို ပြောချင်တာ မဟုတ်ပါဘူး။
ပြစ်ဒဏ်နှင့် ပြစ်မှု များ အခန်းမှာရော ပြောချင်တာ ရှိရင် ပြောပါဦး။
အဲဒီ အခန်းမှာ ရေးထားတာက တော်တော်များများတော့ လိုအပ်တယ် မထင်ဘူး။ ပြောချင်တာ ပိုင်ရှင် ခွင့်ပြုချက် မရဘဲ ဝင်ရောက်ကြည့်ရှုတာတို့ ဘာတို့၊ အသရေဖျက်တာတို့ပေါ့။ အဲဒါတွေက သူ့ဟာသူနဲ့ ရှိပြီးသားလေ။ ဒီမှာပြောဖို့ မလိုဘူး ထင်တယ်။ ဒီဘက်က ခေတ်မီ နေပြီ။ ကိုယ့်အကောင့်မှာ hack လိုက်ပြီး ကိုယ့်အကောင့်ကနေ လှုံ့ဆော်တာမျိုး လုပ်နေတယ်။ ဒါမျိုးဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတာကို တိတိကျကျ ဖော်ပြထားသင့်တယ်။ ဒါဆို ဘယ်လို အရေးယူပေးမှာလဲ။ ကိုယ်က မသိဘဲ ခံလိုက်ရရင် ပြောရင် ယုံမလား၊ ဒါမျိုး ပြသနာတွေလည်း ရှိတယ်။ ဒီလို ပြသနာ ဖြစ်ရင် တကယ် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ ပြစ်ဒဏ်ချသင့်တယ် ဆိုတာမျိုးရေးထားသင့်တယ်။ တခြားဖြစ်သင့်တာ မဟုတ်ဘဲနဲ့ ဒီဥပဒေကို ယူယူသုံးစွဲပြီး Action ယူတဲ့ဟာမျိုး မဖြစ်သင့်ဘူး။ များသောအားဖြင့် အရင်တုန်းက ဖြစ်ခဲ့တာပဲလေ။ ၆၅ မှာ ဆိုလည်း ပေးပို့ခြင်း၊ ဖြန့်ချီခြင်း ဆိုတာ ပါနေတယ်။ တကယ်လုပ်ခဲ့တယ်ဆိုရင် အပြစ်ပေးရမှာပါ။ တရားဥပဒေ အရ ရင်ဆိုင်ဖြေရှင်းပြီး မှ ပြစ်ဒဏ်ချသင့်တယ်။ အခုက ဖြစ်နေတာက ဒါတွေက တန်းပြီး အပြစ်ပေးလို့ ရတဲ့ ပြစ်မှု ဖြစ်နေတယ်။ အခုချိန်မှာ Technology က အရမ်းကို တိုးတက်နေတော့ ရိုးရိုးလေး မတွေးသင့်တော့ ဘူး။ သူများပို့လိုက်တာကို ကိုယ်က လက်ခံ လိုက်တာနဲ့ အပြစ် ဖြစ်နေမယ်။ မသိဘဲနဲ့ share လိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါတွေကို တန်းပြိး ပြစ်မှုနဲ့ ပြစ်ဒဏ် ချလိုက်ရ တာမျိုး ဖြစ်နေတယ်။ တကယ်တမ်းတော့ တရားရုံးမှာ တရားမနဲ့ တင်ပြီး အပြစ်ရှိတာ သေချာမှ ပြစ်ဒဏ်ချလို့ ရတာမျိုးဖြစ်သင့်တယ်။ တချို့မူပိုင်ခွင့်နဲ့ ပတ်သက်တာလည်း ပါနေတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ မူပိုင်ခွင့်က မူပိုင်ခွင့်ဥပဒေပဲ ဖြစ်သင့်တယ်။
ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်ရပ်ရပ်မှာ တာဝန် ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ကို တာဝန် နှောက်ယှက်တာတို့ ဘာတို့ ပါနေတယ်။ ဒါက ကုမ္မဏီ ဝန်ထမ်းလည်း ဖြစ်နိုင်တော့ ဘယ်လို ထင်ပါသလဲ။
အဲဒီမှာ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းဆိုတာ ကုမ္မဏီက လိုင်စင်ရရင် ကုမ္မဏီက ဝန်ထမ်းလည်း ဖြစ်နိုင်တယ်။ ဒါသူ့ တာဝန် ဝတ္တရားကိုး နှောင့်ယှက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းသူရဲ့ Authority က တော်တော်မြင့်နေတယ်။ ဒီလိုမျိုး မြင့်နေတာတော့ မကောင်းဘူးပေါ့။ သူ့ ဝတ္တရား ဆိုတာ ဘယ်ဟာတွေကို ပြောတာလဲ။ တိတိကျကျ မရှိဘူးလေ။ အာဏာပိုင် အဖွဲ့အစည်းလည်း မဟုတ်တော့ Right က အရမ်းပေးထားသလို ဖြစ်နေ တယ်။
လုပ်ငန်း လိုင်စင် ရရှိသူက ငါးနှစ်က နေ အနှစ်နှစ်ဆယ် ဆိုတာကရော နည်းတယ်၊ များတယ် ဘယ်လို သုံးသပ်ပါသလဲ။
Business အသေးလေးတွေ ဆိုရင် ငါးနှစ်လောက် ပေးတာက fair ဖြစ်ပါတယ်။ အကြီးကြီးတွေဆိုလည်း
နှစ် နှစ်ဆယ် လောက် ပေးရမှာပေါ့။ ကိုယ်က Annual ပဲ ပေးမယ်ဆိုရင် အရမ်းတော့ မကောင်းဘူး။ Annual ပေးရင် တချို့ Cost တွေက ချလို့ မရတော့ဘူး ဖြစ်သွားမယ်။ ထပ်တိုးတယ်ဆို တဲ့ နေရာမှာ ဘယ်လောက် တိုးမလဲ ၊ အဲဒါတွေ သေသေချာချာ ပြောရမယ်။ နိုင်ငံတကာမှာ ဆိုရင်ရော ဘယ်နှနှစ်လောက် အများအားဖြင့် လုပ်ကြပါသလဲ။ သူတို့ကတော့ Investment Law နဲ့ပဲ သုံးတာ များတယ်။ အဲဒီလိုမျိုးတော့ မရှိဘူး။
၇၅ နဲ့ ရ၄ မှာ ပြောထားတဲ့ အချက်တွေမှာ ဝင်ရောက် ကြည့်ရှုနိုင်တယ်၊ ကြားဖြတ် ဖမ်းယူနို်င်တယ် ဆိုတာမျိုး
တွေ ရှိနေတယ်။ ရ၆ မှာက ကြိုတင်စီမံ ဆောင်ရွက် ထားရမည် ဆိုတာမျိုးပါတယ်။ ဒါတွေက ကြိုတင်ပြီးတော့ စပြီး တပ်ဆင်ကလည်းက interception လုပ်လို့ ရအောင် လုပ်ထားရမယ် ။ ဒါတွေက လုပ်သင့်တယ် ဆိုပေမယ့် သုံးစွဲသူရဲ့ အချက်အလက်တွေကို ဘယ်လို အာမခံမလဲ ဆိုတာ မပါဘူး။ ဒါတွေကို ရော ဘယ်လို မြင်ပါသလဲ။
ဒါတွေက စောင့်ကြည့်သူရဲ့ Ethic နဲ့ဆိုင်တယ်။ ပြောရရင် ထည့်သင့်တယ်ပဲ ပြောရမလားပဲ။ဒါကနိုင်ငံတစ်နိုင် ငံရဲ့ လူတွေရှဲု့ Mindset နဲ့လည်း ဆိုင်တယ်။ ကိုယ်က ပြည်သူ အတွက် ရည်ရွယ်ပြီး လုပ်တာ။ Criminal Case တွေ အတွက် လုပ်တာ ဆိုရင် ကောင်းတယ်လို့ ပြောရမှာပေါ့။ အမျိုးသား လုံခြံုရေးကို ထိခိုက်နိုင်တဲ့ ဟာမျိုးတွေ အတွက် သုံးမယ်ဆိုရင် ကောင်းတာပေါ့။ အဲဒါမျိုးတေ ွမသုံးဘဲနဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတို့ ဘာတို့နဲ့ ဆိုင်ရင်တော့ Ethically issue ဖြစ်သွားပြီ။ ဒါဆိုရင် မကောင်းဘူး။ ဒါပေမယ့် ဒီတစ်ချက်က နိုင်ငံတော် လုံခြံုရေး အတွက် ထည့်ထားတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် ဖြစ်သင့်တယ် ပဲပြောရမှာပေါ။ ဒါပေမယ့် Public ကို ထိခိုက်တဲ့ ဟာမျိုး ဆိုရင်တော့ Public ပြန်ပြီး Sue(တရားစွဲဆို) လုပ်လို့ ရတဲ့ ဟာမျိုး ထည့်ထားသင့်တယ်။ Public ကိုယ်တိုင်က သူတို့ရဲ့ ဂုဏ်သိက္ခာ အရသော်လည်းကောင်း၊ စိတ်ပိုင်းညှိုးနွမ်း စေအောင် အလွဲသုံးစား လုပ်တယ် ဆိုရင်လည်း Public ကလည်း ပြန်ပြီး တရားစွဲနိုင်တာမျိုး ရှိသင့်တယ်။ Security အရ တော့ နိုင်ငံတော် လုံခြံုရေး အတွက်တော့ ထည့်သင့်ပါတယ်။
ဆက်သွယ်ရေး Reform Plan အရဆိုရင် လိုင်စင်ရ အော်ပရေတာက လေးခု ဖြစ်နေတယ်။ မြန်မာနို်င်ငံ အနေနဲ့ဆိုရင် သင့်တော်တယ်လို့ ထင်ပါသလား။
ဒါက သင့်တော်တယ် ပြောရမယ်။ သိပ်များတယ် ဆိုရင်လည်း Public က ကြည့်ရင် Competition များရင်
ကောင်းပါတယ်။ ဒါပေမယ့် Operator တွေ အတွက် အလုပ်မဖြစ်ပါဘူး။ကမ္ဘောဒီးယားမှာ ဆိုရင် အဲဒီလိုမျိုး
ဖြစ်ပါတယ် ။ အဲဒီတော့ လေးခု လောက်ကတော့ Fair ဖြစ်ပါတယ်။ ဒါပေမယ့် အကုန်လုံးကို ကိုယ့်လူတွေချည်း ပဲ ယူထားမယ် ဆိုရင်တော့ မကောင်းဘူးပေါ့။ တကယ်တမ်းက Foreign investment လည်း ရှိသင့်တယ်။
အသုံးပြုသူ ကာကွယ်ပေးခြင်းမှာ စျေးနှုန်းကို ဦးစီးဌာနကို တင်ပြရမယ် ဆိုတာ ပါနေတယ်။ အဲဒါ စျေးနှုန်းကို တစ်ယောက်က လျော့ချ ချင်တယ် ဆိုရင် ပြသနာများဖြစ်နေမလား။ ဘယ်လို ထင်ပါသလဲ။
အဲဒါ နှစ်ဖက် ဖြစ်နေပါတယ်။ သူတို့က ညှိပြီး စျေးတင်တာမျိုး မဖြစ်သင့်ဘူး ဆိုပြီး ဦးစီးဌာနက ကာဗာ ပေးတာမျိုး ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဦးစီးဌာနကို လာဘ်ထိုးပြီး ကျွန်တော်တို့ မကိိုက်ပါဘူး စျေးနှုန်း တင်ချင်တယ် ဆိုတာမျိုးဖြစ်လာနိုင်သလို၊ တစ်ယောက် က စျေးနှုန်းချချင်တယ်၊ တစ်ယောက်က စျေးနှုန်း မချချင်ဘူး ဖြစ်နေတယ် ဆိုရင် ဦးစီးဌာနက မချချင်တဲ့သူဘက် ဘက်လိုက်ပြီး မချပေးတာမျိုး ဖြစ်နိုင်တယ်။
တကယ်တမ်းတော့ ပြိုင်ဆိုင်မှုက ပြိုင်ဆိုင်ချင်သလို ပြိုင်ဆိုင်နိုင်မယ်။ အဲဒီမှာ ပြိုင်ဆိုင်မှုကို တားမြစ်တဲ့ နေရာ မှာလည်း ပါနေတယ်။ အဲဒီ နှစ်ခုက ညှိနေတယ်။ အဓိက ရေးထားတာကို စျေးများတာကို ပြိုင်ဆိိုင်မှာစိုးလို့ လုပ်ထားတာပဲ။ ဒါပေမယ့် နောက်တစ်မျိုးလည်း စဉ်းစားရမယ်။ နှစ်ဖက်လုံး စဉ်းစားသင့်တယ်။
ဦးစီးဌာနအနေနဲ့ အမြင့်ဆုံး ထားရမယ့် စျေးကိုပဲ သတ်မှတ်ပေးတာ ပိုကောင်းမလား။
ဒါက ပိုကောင်းတာပေါ့။ ဆက်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ ဆားဗစ် ဆိုတာ ပြည်သူနဲ့ အများဆုံး ဆက်စပ် နေတယ်။ ပြည်သူမှာ ဝင်ငွေက limition ရှိတယ်။ အဲဒီ အတွက် ပြည်သူက Burden ဖြစ်ရင် မကောင်းဘူးပေါ့။ မြှင့်တင်တာကို သာ ဦးစီးဌာနကို တင်ပြရတာမျိုး ဖြစ်သင့်တယ်။ နှစ်ဖက်လုံး စဉ်းစားရမယ်။ အခုက Conflict ဖြစ်နေတာပေါ့။
အခြား ဘာများ ဖြည့်စွက် ပြောကြားလိုပါသလဲ ။
တစ်ခုတော့ ရှိပါတယ် ။ အော်ပရေတာ ပေးတာက ဓါတ်ဆီဆိုင်လိုမျိုး ဖြစ်ရင် မကောင်းဘူး ။ အခုဆို ဓါတ်ဆီဆို်င် သာ များတယ်။ စျေးက မကျဘူး။ အဲဒါကောင့် ပြိုင်ဆိုင်မှုကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်ကို တားမြစ်ခြင်းဆိုတာ ပါတာ ကောင်းပါတယ်။ ပြန်ပြီး ချံု ပြော ရရင်တော့ ဘာပဲဖြစ်ဖြစ် ဥပဒေထဲမှာ ပြစ်မှုဆိုလည်း ပြစ်မှု၊ လုပ်ပိုင်ခွင့် ဆိုလည်း လုပ်ပိုင်ခွင့် ဖော်ပြတာ ကောင်းပါတယ်။ ပြည်သူတွေ သက်တောင့်သက်သာ သုံးစွဲနိုင်မှုကလည်း အဓိက ဖြစ်သလို၊ နိုင်ငံရဲ့ Security ကိုထိန်းနိုင်မယ့် ဥပဒေ ဖြစ်အောင် လုပ်ဖို့ သင့်တယ်။ ထပ်ပြောချင်တာက Vendor တွေ ကိစ္စကို ဒီဥပဒေကြမ်းမှာ ရေးထားတာ မရှိပါဘူး။