မီးလောင် ၄,၈၂၂၊ သေဆုံး ရ၇၊ ဒဏ်ရာရ ၁၁၁၊ ဒုက္ခသည် ရ၀,၀၀၀

မီးလောင် ၄,၈၂၂၊ သေဆုံး ရ၇၊ ဒဏ်ရာရ ၁၁၁၊ ဒုက္ခသည် ရ၀,၀၀၀
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန် ရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း အားမဇ္စျိမသတင် းဌာနက ဇူလိုင် ၂၃ ရက်နေ့တွင် စစ်တွေမြို့၊ ပြည်နယ်ဥပဒေရုံးရှိ ၎င်း၏ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့သည်။

ဦးလှသိန်း
ရခိုင်ပြည်နယ် ဥပဒေချုပ်
(ရခိုင်ပြည်နယ် ပဋိပက္ခတွင် အစိုးရ၏ အရေးယူ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန် ရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း အားမဇ္စျိမသတင် းဌာနက ဇူလိုင် ၂၃ ရက်နေ့တွင် စစ်တွေမြို့၊ ပြည်နယ်ဥပဒေရုံးရှိ ၎င်း၏ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဥပဒေချုပ်က မေလကုန်ပိုင်းမှစ၍ ပဋိပက္ခဖြစ်စဉ် တခုလုံးအတွင်း မီးလောင်၊ သေကြေ ပျက်စီး ဆုံးရှုံးမှုများ၊ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားရှိမှုများ၊ ညမထွက်ရ အမိန့် ပြန်လည် ရုတ်သိမ်းရေးနှင့် မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ဆောက်လုပ်နေရာချထားမှု စသည့် အခြေအနေများကို မဇ္စျိမအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ရခိုင်ပဋိပက္ခ စဖြစ်တဲ့နေ့က စပြီး ဒီနေ့အထိ မီးလောင်၊ သေကြေ၊ ပျက်စီးဆုံးရှုံးမှု အခြေအနေကို သိပါရစေ။

ဦးလှသိန်း။   ။ စစ်တွေမှာ ပဋိပက္ခကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၃,၆၃၆ လုံး၊ သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦး။ ကျောက်တော်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၇၁ လုံး၊ သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရ ၃ ဦး။ ပေါက်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၂၁ လုံး၊ သေဆုံး ၃ ဦး၊ ဒဏ်ရာရ ၁၆ ဦး။ ရသေ့တောင်မှာ မီးလောင်ပျက်စီး အိမ်ခြေ ပေါင်း ၃၆၇ လုံး၊ သေဆုံးသူ ၁၄ ဦး ၊ဒဏ်ရာရသူ ၂၉ ဦး။ မောင်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၄၇၄ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ သေဆုံးသူ ၂ဝ ဦး၊ ဒဏ်ရာရသူ ၆ ဦး။ ရမ်းဗြဲမှာတော့ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၅ လုံး၊ သေဆုံးသူ ၁ ဦး။
uhlathein
ဆိုတော့ ရခိုင်တပြည်နယ်လုံးမှာ မီးလောင်ပျက်စီးမှုပေါင်း ၄,၈၂၂ လုံး၊ သေဆုံးသူ ရ၇ ဦး၊ ဒဏ်ရာရ ၁၁၁ ဦး ရှိပါတယ်။ ဒီစာရင်းတွေဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ နှစ်မျိုးစလုံး အကျူံးဝင်ပါတယ်။ မီးလောင်ပျက်စီး ဆိုရာမှာ မီးလောင်သွားတာရော၊ မီးမလောင်ဘဲ အဖျက်ခံရလို့ ပျက်စီးသွားတာရော တပေါင်းတည်း ဆိုလိုတာပါ။

ဒီကာလအတွင်းမှာ အရေးယူခံထားရတဲ့ အရေအတွက်ကို သိလိုပါတယ်။

ဦးလှသိန်း။   ။ ပဋိပက္ခ ဖြစ်စဉ်က စပြီးတော့ ညမထွက်ရ အမိန့်ကို ထုတ်ပြန်တဲ့ နောက်ပိုင်း ကနေ့ထိ ဖမ်းဆီး အရေးယူခဲ့မှု စာရင်းအရ စစ်တွေမှာ ၁၃၆ ဦး၊ ရသေ့တောင်မှာ ၁၈၁ ဦး၊ ကျောက်တော်မှာ ၁၈ ဦး၊ မင်းပြားမှာ ၄ ဦး၊ မောင်တောမှာ ၄၉၃ ဦး၊ဘူးသီးတောင်မှာ ၃၅ ဦး၊ သံတွဲမှာ ၄ ဦး၊ ကျောက်ဖြူမှာ ၁ ဦး။ သဘောကတော့ ပဋိပက္ခ ထဲမှာ ပြစ်မှုကျုးလွန်ခဲ့ပြီးတော့ ညမထွက်ရ အမိန့်ကို ဖေါက်ဖျက်တဲ့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူထားပြီးတော့ ရခိုင်ရော ဘင်္ဂါလီပါ စုစုပေါင်း ၈၇၂ ဦး ရှိတယ်။

သူတို့တွေကို ဘယ်လို အရေးယူ ဆောင်ရွက်သွားမှာပါလဲ။

ဦးလှသိန်း။   ။ ဒီလူတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈၈ အရ ဥပဒေနဲ ့ အညီအရေးယူ ဆောင်ရွက်သွားမှာ ပါ။ အမှန်တကယ် ပြစ်မှု ကျူးလွန်ခဲ့ရင်တော့ ပြစ်ဒဏ်အားဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ပါတယ်။ ဖမ်းဆီးတဲ့ အခါမှာလည်း ဒီလူတွေကို ည ၈ နာရီ နောက်ပိုင်းမှ ဖမ်းဆီးခံရတာ များပါတယ်။

ညမထွက်ရအမိန့်ကို ပြင်ဆင်၊ ရုတ်သိမ်းမယ့် အစီအစဉ် မရှိသေးဘူးလား။

ဦးလှသိန်း။   ။ ညမထွက်ရအမိန့်ကြောင့် အားလုံးမှာ အခက်အခဲဖြစ်ရတယ်။ စျေးရောင်းဖို့ စျေးသည်ဆိုတာ မနက် ၅ နာရီ ထကြရတယ်။ ၅ နာရီခွဲလောက်ဆိုရင် စျေးသွားခင်းကျင်းရတယ်။ ၆ နာရီ ရ နာရီ စျေးဖွင့်ဆိုတာနဲ ့တခါတည်း အားလုံး ရောင်းလို့ အဆင်ပြေပြီ။ အခုက ၆ နာရီမှ ထွက်လို့ရမယ်။ တောင်ကုတ်ကို ထွက်ဖို့ မလိခတို့၊ ရွှေပြည်တန်တို့ ၆ နာရီဆို ထပြီး၊ မမီ မီအောင်လုပ် နေကြရတယ်။ ခရီးသည် အားလုံးလည်း ဒုက္ခရောက်ကြတယ်။ စျေးရောင်းဖို့ခေါင်းရွက် ဗျက်ထိုးကအစ ဒုက္ခရောက်တယ်။ တည်ငြိမ်မှုရှိလာရင် သတ်မှတ်ချိန်ကို လျော့အောင် လုပ်ချင်တယ်။ လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပြင်ဆင်သတ်မှတ်ရေး အစည်းအဝေး ရှိပါတယ်။ အဲဒီ အစည်းအဝေးပြီးရင် ကျနော်တို့ ထုတ်ပြန်ပေးမှာပါ။

ပြည်ပနိုင်ငံသားတချို့ မြန်မာရေပိုင်နက်ထဲ တရားမဝင် ရောက်လာတာ ဖမ်းဆီးထားတယ်လို့ ကြားသိရပါတယ်။ သူတို့တွေကို ဘယ်လို အရေးယူထားပါသလဲ။

ဦးလှသိန်း။   ။ မှန်ပါတယ်။ ဒီရက်ပိုင်း ဇူလိုင် ၂ဝ နေ့က ရခိုင်ပြည်နယ်၊ မေယုကျွန်း အနောက်တောင်ဖက် မြန်မာရေပိုင်နက်မှာ မြန်မာ့ရေတပ်မတော်က စက်လှေတစီး ဖမ်းဆီးခဲ့ပါတယ်။ စက်လှေပေါ်မှာ ဘင်္ဂလားဒေ့ချ် နိုင်ငံသား ၉၁ ဦး စီးနင်းလိုက်ပါလာပြီး ပိုင်ရှင် ထိုင်းနိုင်ငံသား ၁ ဦးနဲ့ စက်လှေလုပ်သား မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၈ ဦး ပါဝင်ပါတယ်။ သူတို့တွေဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံကနေ မလေးရှား နိုင်ငံအသွား မြန်မာရေပိုင်နက် အတွင်းကို ဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ သိရတယ်။

ဒီလိုပဲ ကုန်ခဲ့တဲ့လကလည်း ဘင်္ဂလားဒေ့ချ်ကနေ မလေးကို သွားတဲ့ စက်လှေတစီးကို ဂွမြို့နယ်မှာ ဖမ်းမိလို့ စက်လှေမှာ ပါလာတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၈၈ ဦးကို ထိန်းသိမ်းခဲ့ရပါသေးတယ်။ သူတို့တွေ အားလုံးကို ၁၉၄၇ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ ပုဒ်မ ၁၃(၁) အရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တရားမဝင် ရောက်ရှိလာသူတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ် ပါသလား။

ဦးလှသိန်း။   ။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဖမ်းမိတဲ့အခါ ဥပဒေအရ အမိန့်ချပြီးလို့ရှိရင် ပြည်နှင်ဒဏ် ပေးပြီးတဲ့အခါဖြစ်စေ၊ သတ်မှတ်ပြစ်ဒဏ်ကို ခံယူပြီးတဲ့အခါဖြစ်စေ၊ လဝက ကနေတဆင့် သူနဲ့ သက်ဆိုင် ရာနိုင်ငံ သံရုံးကို လွှဲပေးရပါတယ်။ ဒီနေရာမှာ နှစ်မျိုးရှိတယ်။ ဥပဒေအရ ပြစ်ဒဏ်ချပြီးတာနဲ ့သူတို့သံရုံးကို လွှဲပေးရ တယ်။ သက်ဆိုင်ရာ နိုင်ငံ ပြန်ရောက်တဲ့အခါ ဒီက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ကျခံစေတယ်။ နောက်တမျိုးက ဒီနိုင်ငံရဲ့ဥပဒေနှင့်အညီ ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၅ နှစ်ကို ဒီမှာ ကျခံစေပြီးမှ သံရုံးက တဆင့် သက်ဆိုင်ရာ နိုင်ငံကို ပြန်ပို့တာလည်း ရှိတယ်။

ရခိုင်ပြည် အရေးအခင်း စတင်ဖြစ်ပွားချိန်က စပြီး ဒီကနေ့အထိ မီးဘေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိလို ့ရှောင်တိမ်း နေထိုင်သူ ဒုက္ခသည်ပေါင်း ဘယ်လောက် ရှိနေပြီလဲ။ စောင့်ရှောက်မှုတွေကို ဘယ်လို ဆောင်ရွက် ပေးထားပါသလဲ။

ဦးလှသိန်း။   ။ စတင် ဖြစ်ပွားခဲ့တဲ့ အချိန်တုန်းက စစ်တွေမှာ ရခိုင်ဒုက္ခသည် စခန်းပေါင်း ၅ဝ ကျော် ရှိခဲ့တော့ ဒုက္ခသည် ရှစ်ထောင်လောက် (ရခိုင်တိုင်းရင်းသား) ရှိခဲ့တယ်။ ဒါက အိမ်မီးလောင်ခံရ၊ ဖျက်ဆီးခံရတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်။ အိမ်တွေ မီးလောင် ဖျက်ဆီးခံရခြင်း မရှိသော်လည်း စိတ်လုံခြုံရေး မရှိတဲ့အတွက် ဒုက္ခသည် ငါးထောင်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံမှုရှိတယ်ဆိုတော့ အိမ်မီးလောင်ခံရလို့ နေစရာမရှိတဲ့ ဒုက္ခသည်နဲ့ စိတ်လုံခြုံမှုမရှိတဲ့အတွက် ပြောင်းလာတဲ့ဒုက္ခသည်တွေ ပေါင်းလိုက်ရင် ခန့်မှန်းခြေ ရပြီနော်။

နောက် ဘင်္ဂါလီ မူဆလင် ဒုက္ခသည်တွေ အနေနဲ့ကတော့ မောင်တောမှာ ၁,၃၂၉ ဦး ရှိတယ်။ စစ်တွေမှာတော့ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်ပေါင်းက ငါးသောင်း သုံးထောင် ရှိတယ်။ ဒီအထဲမှာ စစ်တွေမြို့ထဲကို စားနပ်ရိက္ခာအတွက် သွားရောက်ဝယ်ယူဖို့ အခက်အခဲရှိတဲ့ ဘင်္ဂါလီကျေးရွာများမှ လာသူတွေလည်း ပါဝင်တယ်။ ဆိုတော့ မီးလောင်မှု ကြောင့် ဒုက္ခသည် ဖြစ်တဲ့ ဘင်္ဂါလီမူဆလင်က သုံးသောင်းလောက် ရှိမယ်။ အချို့ဘင်္ဂါလီတွေက မြို့ထဲ မလာရတော့ စားစရာ မရှိ။ မရှိတော့ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ညှိပြီးတော့ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့)နဲ ့ပေါင်းပြီး ပေးရတယ်။ ဒီလိုပဲ မောင်တောဘက်မှာလည်း တချို့ သက်ရွ့ာ၊ မြိုရွာတွေက ဘင်္ဂါလီရွာတွေကို ဖြတ်ပြီးတော့ မောင်းတောလည်း လာမရလေတော့ သူတို့ကိုလည်း ပေးနေရတယ်။

ဒုက္ခသည်စခန်းတွေ ဆောက်လုပ်မှုအနေအထားကိုလည်း သိပါရစေခင်ဗျာ။

ဦးလှသိန်း။   ။ ရခိုင်တိုင်းရင််သားဒုက္ခသည်နဲ့ ဘင်္ဂါလီဒုက္ခသည် နှစ်မျိုးလုံးအတွက် ပြည်နယ်အစိုးရက စစ်တွေမှာ ဒုက္ခသည်တန်းလျားပေါင်း ၁၇ဝ ဆောက် လုပ်ပေးနေတယ်။ တန်းလျားတခုစီရဲ့ အတိုင်းအတာက ၄၅ ပေ x ၂၃ ပေ x ၈ ပေ။ ရောတိုင်၊ မြေစိုက်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုး။ တန်ဖိုးအားဖြင့် ၃၃ သိန်း သုံးသောင်း။ ရခိုင်ဒုက္ခသည်များ အတွက် တဲအလုံး ရဝ ဖြစ်ပြီးတော့၊ မူဆလင် ဒုက္ခသည်များအတွက် တဲအလုံး ၁ဝဝ ဆောက်လုပ်နေပါတယ်။

အဆောက်အဦးများနဲ့ သက်ဆိုင်တဲ့ ကုလ၊ INGOs အဖွဲ့များကတော့ ဘင်္ဂါလီ မူဆလင်များအတွက် လိုအပ်တဲ့ တန်းလျား ၆ဝဝ ကို သီးသန့် ဆောက်လုပ်ပေးဖို ့ ရှိတယ်။ သူတို့ရဲ့ တန်းလျားတခုမှာ မိသားစု ၁ဝ စု (ခန့်မှန်းခြေ လူ ၆ဝ) နေထိုင်နိုင်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်သာ ပါရှိပြီး သောက်သုံးရေ ပါရှိပါမယ်။

နောက်ပြီးတော့ ဆောက်လုပ်တဲ့ စနစ်ကိုလည်း ပြောပါဦးမယ်။ တဲက တန်းလျားမှာ အလယ်ခွဲဆောက်တယ်။ အလယ် မခွဲတဲ့ အခါကျတော့ အလယ်မှာ လမ်းလုပ်လို့ရှိရင် မိသားစုနှစ်စု မျက်နှာချင်းဆိုင် နေဖို့ကလည်း ခက်တယ်။ အဲဒါကြောင့် အလယ်ကို ခွဲဆောက်လုပ်ရတာပါ။ သူက ဟိုဘက်လှည့်၊ ကိုယ်က ဒီဘက်လှည့်ဆိုရင်၊ မျက်နှာချင်းဆိုင် ဆိုလိုရှိရင် မိသားစုတွေ နေရေးထိုင်ရေး ခက်မယ်။ အခုလို အလယ်ခွဲ၊ ကျောခွဲ ဆောက်တဲ့အခါမှာ လောလောဆယ်က မူဆလင်ဒုက္ခသည်တွေအတွက် ယာယီရွက်ဖျင်တဲ ၁,၂ဝဝ ထိုးပေးတယ်။ တန်းလျား အလုံး ၉ဝ ခန့် ဆောက်လုပ်ပေး ပြီးနေပြီ။ စစ်တွေ ရခိုင် ဒုက္ခသည်တွေ အတွက် နေပူခံရပ်ကွက် ဒုံးတိုက်ကွင်းမှာ တန်းလျား ၂၅ လုံး၊ မင်းဂံရပ်ကွက်မှာ ၈ လုံး၊ ဓညဝတီရပ်ကွက််မှာ ၈ လုံး ဆောက်လုပ်နေပါတယ်။ အတော်များများ ပြီးစီးနေပြီ။

မောင်တောဒေသမှာဆိုရင် တိုင်းရင်းသား ဒုက္ခသည်တွေ မီးလောင်ခံရတဲ့ အိမ်တွေ အတွက် နိုင်ငံတော်အစု်ိးရက ၂၄ ပေ x ၁၈ ပေ x ၁၂ ပေ၊ အုတ်ဖိနပ်၊ သစ်မာတိုင်၊ ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုး။ တန်ဖိုး ၂၈ သိန်း ၄ သောင်းတန် အိမ်တွေ ဖြစ်တယ်။ မောင်တော ဒေသမှာတော့ ခုနကပါတဲ့ စာရင်း အတိုင်း အိမ်ခြေ ၄၇၂ လုံး ဆောက်ပေးရမှာ ဖြစ်ပါတယ်။