ပန်ကြားရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းနှင့် မဇ္စျိမ အင်တာဗျူး

ပန်ကြားရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းနှင့် မဇ္စျိမ အင်တာဗျူး
by -
မဇ္ဈိမ

ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများ၏ ဝန်ကြီး ဦးကျော်ဆန်းနှင့် မဇ္ဈိမ သတင်းဌာနတိုု့ ရန်ကုုန်မြို့ မြန်မာအသံနှင့် မြန်မာ့ရုုပ်မြင်သံကြား ထုုတ်လွှင့်ရေးဌာနတွင် တနင်္ဂနွေနေ့ (မတ်လ ၁၈ ရက်၊ ၂၀၁၂ ခုုနှစ်) က တွေ့ဆုံုမေးမြန်းခွင့်ရခဲ့ရာ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက် လုုပ်ကိုင်နေသော မဇ္ဈိမ အတွက် ဝန်ကြီးနှင့် ပထမဆုံုးအကြိမ် မေးမြန်းခွင့် ရရှိခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ပုဂ္ဂလိကနှင့် နိုင်ငံပိုင် မီဒီယာများ ပြုပြင်ပြောင်းလဲရေး၊ ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပြည်ပ သတင်းဌာနများ၊ အာဆီယံဥက္ကဋ္ဌအဖြစ် ပြင်ဆင်မှုများ၊ နိုင်ငံတကာအကူအညီ၊ ကာ/ချုပ်၏ သဘောထားများ အပြင် ဝန်ကြီး၏ တနေ့တာ အလုပ်ချိန်တို့နှင့်ပတ်သက်၍လည်း ဖြေကြားသွားသည်။
Kyaw-Hsan-interview-with-Mizzima
မဇ္ဈိမ။  ။  ၁၉၊ ၂၀ မနက်ဖြန်၊ သဘက်ခါမှာ လုပ်မယ့် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ UNESCO တို့ ပူးပေါင်းလုပ်တဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်ဒီလိုမျိုး လုပ်တယ်ဆိုုတာ ရှင်းပြပေးပါခင်ဗျ။

ဦးကျော်ဆန်း။    ။ ကျနော်တို့က ကနေ့ ပြည်သူတွေက ဒီမိုကရေစီနဲ့ စျေးကွက်စီးပွားစနစ်ကို သူတို့က လိုချင်ကြ တယ်။ အဲဒီလို လိုချင်ကြတဲ့အတွက် ဒီမိုကရေစီနဲ့ စျေးကွက် စီးပွားရေး စနစ်ကို အကောင်အထည် ဖော်နိုင်ဖို့ရာ အတွက် အခြေခံဥပဒေ အသစ်ကိုလည်း ပြည်သူတွေ ကိုယ်တိုင် အတည်ပြုခဲ့ပြီးပြီ။ အဲတော့ အဲဒီလိုဖြစ်တဲ့အတွက် ကျနော်တို့ မီဒီယာပိုင်းကလည်းပဲ ဒီမိုကရေစီနဲ့ စျေးကွက်စီးပွားရေးစနစ် ဖော်ဆောင် တဲ့အခါမှာ အောင်အောင်မြင်မြင် အထောက်အကူပြုနိုင်ဖို့အတွက် အခြေခံဥပဒေနဲ့အညီ ကျနော်တို့ရဲ့မီဒီယာ ကိုလည်းပဲ အခြေခံဥပဒေနဲ့ ညီအောင် ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။

မီဒီယာ အရည်အချင်းရှိတဲ့ စစ်မှန်တဲ့ စတ္ထုတ မဏ္ဍိုင် အဖြစ် တည်ဆောက်သွားနိုင်အောင်အတွက် ကျနော်တို့မီဒီယာ ဥပဒေကို ရေးဆွဲ နေတာ ဖြစ်ပါတယ်။အဲဒီလို ရေးဆွဲနေတာဖြစ်နေတဲ့ အတွက် ပိုပြီးတော့ပြည့်စုံအောင်? ပိုပြီးတော့ ကောင်းအောင် အခုလို UNESCO အပါအဝင် ပြည်ပက ပညာရှင် တွေရော၊ ပြည်တွင်းက ပညာရှင်တွေရောနဲ့ အခုလို Conference လုပ်တာ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲပေးဖို့ လုပ်ကြတဲ့အခါမှာ ကျနော်တို့က ကိုယ့်နိုင်ငံရဲ့ အတိတ်သမိုင်း၊ ကိုယ့်နိုင်ငံရဲ့ ပကတိ အရှိတရားတွေကိုလည်း ကျနော်တို့က လေ့လာသင်ခန်းစာ ယူရပါတယ်။ ပြီးရင် အာဆီယံနိုင်ငံတွေနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေနိုင်ငံတကာ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ မီဒီယာ ပွင့်လင်းမှု၊မီဒီယာ လွတ်လပ်မှု၊
မီဒီယာရဲ့ ကျင့်ဝတ်၊ မီဒီယာရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကိုလည်းပဲ ကျနော်တို့က လေ့လာပါတယ်။ အဲဒီလို လေ့လာပြီးခါမှ ကိုယ့်နိုင်ငံရဲ့ အတိတ်သမိုင်း၊ ပကတိ အရှိတရားတွေနဲ့အညီ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး
ဖြစ်မယ့် စစ်မှန်တဲ့ အရည်အချင်းရှိတဲ့မီဒီယာ အရည်အချင်း ရှိတဲ့ စစ်မှန်တဲ့ စတ္ထုထမဏ္ဍိုင် အဖြစ် တည်ဆောက် သွားနိုင်အောင်အတွက် ကျနော်တို့ မီဒီယာ ဥပဒေကို ရေးဆွဲနေ တာ ဖြစ်ပါတယ်။

အဲဒီလို ရေးဆွဲနေတာ ဖြစ်နေတဲ့အတွက် ပိုပြီးတော့ပြည့်စုံအောင် ပိုပြီးတော့ ကောင်းအောင် အခုလို UNESCO အပါအဝင် ပြည်ပက ပညာရှင်တွေရော၊ ပြည်တွင်းကပညာရှင်တွေရောနဲ့ အခုလို Conference လုပ်တာ ဖြစ်ပါတယ်။

မဇ္ဈိမ။  ။ အခု နိုင်ငံတော်အစိုးရကနေ ဦးဆောင်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတယ်။ တော်တော် တက်တက်ကြွကြွ လုပ်လာတဲ့ ထိထိရောက်ရောက် လာလုပ်တဲ့ဟာလည်း တွေ့ရပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာန ကနေလည်း အခုလို လုပ်ဆောင်နေတာမျိုး ရှိပါတယ်။ နိုင်ငံပိုင်မီဒီယာနဲ့ ပတ်သက်ပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးလုပ်ဖို့ အစီအစဉ်ရှိပါသလဲခင်ဗျ။

ဦးကျော်ဆန်း။   ။ ကျနော့်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့အချိန်ကနေ စပြီးတော့နိုင်ငံပိုင် မီဒီယာတွေကို အသွင်သဏ္ဍာန်ရော၊ အနှစ်သာရရော တိုးတက်မြင့်မားအောင် အစဉ်ရှင်သန်နိုင်အောင်၊ မီဒီယာဆိုတာ ဒီနေ့လည်းဒီဟာပဲ၊ နောက်နေ့လည်းဒီဟာပဲ ဆိုရင် သူရှင်သန်နိုင်ဖို့ ခက်ပါတယ်။ အစဉ် ရှင်သန်နိုင် အောင်ကအစ ကျနော် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ လည်းပဲ နိုင်ငံပိုင် မီဒီယာတွေနဲ့ ပတ်သက်ရင် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရရော မြင့်မားအောင် အစဉ်ရှင်သန်အောင် ကျနော်ကြိုးစားပြီးတော့ ဆောင်ရွက် သွားမှာပါ။

နောက်တခုအနေနဲ့ကလည်း နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေ နိုင်ငံအစိုးရရဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးမှုတွေကို ပြည်သူတွေ သိရှိနိုင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြအောင်လည်းပဲ ပြည်သူတွေ ကို ပြန်ကြားအသိပေးသွားမှာပါ။

တဖက်ကလည်းပဲ မူဝါဒတွေ နိုင်ငံတော် အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုတွေအပေါ်မှာ ပြည်သူတွေရဲ့ သဘော ထား၊ ပြည်သူတွေရဲ့ ဆန္ဒ ဒါတွေကိုလည်းပဲ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက သိရှိနိုင်အောင် ထင်ဟပ်ပြီးတော့ ပြန်လည်ရေးသားမှုတွေ ဖော်ဆောင်ပေးနိုင်အောင် ဆက်ပြီးတော့လုပ်သွားမှာပါ။ ပြီးလို့ချင်ရင်လည်းပဲ ပုဂ္ဂလိက မီဒီယာတွေကို လွတ်လပ်မှုနဲ့တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံ တရားကို ဟန်ချက်ညီ ကျင့်သုံးပါလို့ ကျနော်က တိုက်တွန်းနေသလို State media တွေကိုလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံ တရားကို ယခင်ကလည်း ကျင့်သုံးခဲ့တယ် ရှေ့ဆက်ပြီးလည်း ကျင့်သုံးနိုင်အောင် ကျနော် ဆောင်ရွက်သွားမှာပါ။

တဖက်ကလည်းပဲ အဲဒီလွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို ယှဉ်တွဲပြီးခါမှ အပြု သဘောဝေဖန်ရေးသား အကြံပြုဖို့ကိုလည်းပဲ State media တွေက ဆောင်ရွက်နိုင်အောင် ကျနော် ဆက်ဆောင်ရွက်သွား မှာပါ။

မဇ္ဈိမ။   ။ ခုုနက ပုဂ္ဂလိကပိုင် မီဒီယာနဲ့ ပတ်သက်ပြီးတော့ ပြောသွားတော့ ဒီ ၂၀၁၂ (ခုုနှစ်) အတွင်းမှာ ဒီနှစ် အတွင်းမှာ၊ နေ့စဉ်သတင်းစာတွေ ချပေးဖို့ အစီအစဉ်ရှိပါသလား ခင်ဗျ။

ဦးကျော်ဆန်း။  ။  မီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေသစ်ကို ကျနော်တို့ အခု ရေးဆွဲနေပါတယ်။ ကျနော်တို့ ဒီနေ့ ဆောင် ရွက်မယ့် UNESCO  နဲ့ ဒီ Conference ဟာလည်းပဲ အဲဒီ မီဒီယာအသစ် ရေးဆွဲတဲ့အခါမှာ အထောက်အပံ့ရအောင် အထောက်အကူရအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ မီဒီယာ ဥပဒေအသစ်ဟာ အခု ၂၀၁၂ အတွင်းမှာ လွှတ်တော် ကို တင်ပြီးတော့ အတည်ပြုနိုင်မယ့် အခြေအနေ ရှိပါတယ်။ အဲဒီတော့ ဒီမီဒီယာ ဥပဒေအသစ် အတည်ပြု ပြဋ္ဌာန်း ပြီးတဲ့ နောက်မှာတော့ ပုဂ္ဂလိက သတင်းစာထုတ်ဝေမှုအပါအဝင်  စာအုပ်၊ စာဆောင် ရေးသားထုတ်ဝေမှုတွေက ဥပဒေနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်ခွင့်ရနိုင်ကြမှာ ဖြစ်ပါတယ်။

မဇ္ဈိမ။ ။ ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လာရောက်သတင်းယူမယ့် နိုင်ငံတကာ မီဒီယာတွေ (Foreign မီဒီယာ) နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးတို့အနေနဲ့ ဘယ်လိုမျိုးမူဝါဒ ရှိပါသလဲ။ ပြီးတော့ ဘယ်လိုမျိုး စီစဉ်ထားပါသလဲခင်ဗျ။

ဦးကျော်ဆန်း။  ။ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အစောကြီးကတည်း ကလည်း နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ပြောထားပြီးသား ဖြစ်ပါတယ်။ ဘာများလဲဆိုုလိုု့ရှိရင်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ထက် ပိုပြီးတော့ ပွင့်လင်းအောင် မြင်သာအောင် ဆောင်ရွက်ပေးဖို့ရှိတယ်လို့ ပြောထားတာပါ။

ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ချင်ရင် ပြည်ပမီဒီယာတွေကို ကျနော်တို့ ခွင့်ပြုပေးသွားဖို့ အစီအစဉ် ရှိပါတယ်။

မဇ္ဈိမ။  ။ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို တာဝန်ယူတဲ့အခါမှာ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ မီဒီယာတွေကို ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်ထားလဲ၊ ဘယ်လောက်အတိုင်းအတာ ရောက်နေပြီလဲ ပြောပြပေးစေလိုုပါတယ်။  

ဦးကျော်ဆန်း။    ။ ၂၀၁၄ မှာ ကျနော်တို့ နိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ဖို့ရှိသလို ၂၀၁၄ မတိုင်ခင် ၂၀၁၃ မှာကိုပဲ SEA game (အာဆီယံ အားကစား ပြိုင်ပွဲ)ကို ကျနော်တို့က တာဝန်ယူ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းအတွက်ရော၊ ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့အတွက်ရော မီဒီယာပိုင်း ဆိုင်ရာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါပြီ။ ကျန်တဲ့ အပိုင်းတွေမှာ လည်းပဲ သူ့သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ကြိုတင်ဆောင်ရွက်နေကြပါပြီ။

အဲဒီတော့ ဒီသတင်းမီဒီယာပိုင်းနဲ့ ပတ်သက်ရင်တော့ ဒီအင်တာနက် ဆက်သွယ်မှုတွေ၊ ဖုန်းတို့၊ Fax တို့၊ အီးမေးလ်တိုု့ စတဲ့ ဆက်သွယ်မှု ကိစ္စတွေအတွက်ကိုတော့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ဝန်ကြီးဌာနက တာဝန်ယူပြီးပြင်ဆင်ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဝင်ရောက်လာမယ့် မီဒီယာအဖွဲ့တွေနဲ့ ဆက်ဆံဆောင်ရွက်မှု အပိုင်းတွေအတွက် ကျနော်တို့မှာ ရှိနေတဲ့ ဒီဝန်ထမ်းတွေက ဒါတွေလုပ်ကိုင် ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းမှုတွေ၊ သင်တန်းပေးမှုတွေ၊ ဒါတွေ စတင်လုပ်နေပါပြီ။

တဖက်ကလည်းပဲ အဲဒီလွတ်လပ်မှုနဲ့ တာဝန်ယူမှု လွတ်လပ်မှုနဲ့ ဆင်ခြင်တုံ တရားကို ယှဉ်တွဲပြီးခါမှ အပြုသဘော ဝေဖန်ရေးသား အကြံပြုဖို့ကိုလည်းပဲ State media တွေက ဆောင်ရွက်နိုင်အောင် ကျနော် ဆက်ဆောင်ရွက်သွားမှာပါ။

အလားတူပဲ သတင်းတွေ ရိုက်ကူး၊ ထုတ်လွှင့်ပြီးရင် သူ့နိုင်ငံကို ပြန်လည်ပေးဖို့ စသည်ဖြင့်မီဒီယာလုပ်ငန်း တွေအတွက်လည်း လိုအပ်တဲ့ မီဒီယာစင်တာ တည်ဆောက်မှုအပါအဝင် အားလုံး ကိုလည်း ကျနော်တို့ စတင်ဆောင်ရွက်နေပါပြီ။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အဓိကကတော့ အာဆီယံ Summit တွေ ကျင်းပတဲ့ အခါမှာ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ကျနော်တို့ နမူနာ ယူပါတယ်၊ အလားတူ တခြားသော နိုင်ငံတွေ ကိုလည်းပဲ ဒီလို အတွေ့အကြံုတွေနဲ့ ပတ်သက်ပြီးတော့ သိရှိနိုင်အောင် ကျနော်တို့ဆီက ဝန်ထမ်းတွေကို စေလွှတ် ပြီးတော့ လေ့လာတာတွေ၊ Seminar တွေမှာ တက်ရောက်ပြီးတော့ ဆွေးနွေးညှိုနှိုင်းတာတွေ၊ ဒါတွေနဲ့လည်း ကျနော် တို့ နည်းပညာတွေ၊ အသိတွေ ရယူပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေကို ၂၀၁၃ ဆီးဂိမ်းမှာ ကျနော်တို့ရဲ့ ဆောင်ရွက်မှုကို စတင်စမ်းသပ်မှာပါပဲ။ အဲတော့ ၂၀၁၃ မှာ တွေ့ကြံုရတဲ့ အခြေအနေပေါ် မှုတည်ပြီး ကာမှ ၂၀၁၄ အတွက်ကို တိုးမြှင့်ပြီးတော့ ထပ်မံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄ မှာတော့ အခြားသော အာဆီယံနိုင်ငံများထက် မနိမ့်သော မီဒီယာ ဝန်ဆောင်မှုကို ပေးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

မဇ္ဈိမ။   ။ ပြန်ကြားရေးဝန်ကြီးဌာနကနေ အခု ဦးစီးပြီးတော့လုပ်နေတဲ့ Media reform  လုပ်ငန်းတွေ၊ ခုုနက Capacity building လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းကနေ ဝိုင်းဝန်ကူညီချင်တယ်လို့ ကျနော်တို့ကို ပြောပါတယ်။ သူတို့ ဘာလုုပ်ပေးနိုင်လဲပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးတို့ရဲ့ မူဝါဒနဲ့ ဘယ်လိုမျိုး ခံယူချက်၊ သဘောထားရှိလဲဆိုုတာပြောပြလို့ရမလား။

ဦးကျော်ဆန်း။    ။ကနေ့အခါ ကျနော်တို့နိုင်ငံမှာ ပြန်ကြားရေး ဆိုင်ရာ Media reform ပြုလုပ်ခြင်းသာ မကပါဘူး။ ကဏ္ဍ အသီးအသီး နယ်ပယ်အသီးသီးတွေမှာကို ပြုပြင်ပြောင်းလဲ မှုတွေ ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကဏ္ဍတိုင်းမှာ ကျနော်တို့  အဓိက လိုအပ်ချက်လို့ပဲပြောပြော၊ စိန်ခေါ်မှုလို့ပဲ ပြောပြော အဓိကလိုအပ်ချက် သုံုးခု ကျနော်တို့ ရှိနေတာကို သတိပြုမိပါတယ်။ အဲဒါတွေကဘာလဲဆိုလို့ရှိ ရင်တော့  ကဏ္ဍတိုင်း ကဏ္ဍတိုင်းမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ ပါဝင်ဆောင်ရွက်နေကြတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရင် လူအရင်းအမြစ်မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။

(နှစ်) ကတော့ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ နည်းပညာတွေ ပိုမိုမြင့်မားလာဖို့ လိုအပ်ချက်ဖြစ်ပါတယ်။

(သုံုး) ကတော့ ဒီလုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ အခြေခံလိုအပ်ချက် ဖြစ်တဲ့ ငွေကြေး၊ Equipment ပစ္စည်းများရဲ့ လိုအပ်ချက်ဖြစ်ပါတယ်၊ ဒါတွေက ကျနော်တို့ရဲ့ Media reform အပါအဝင် ကဏ္ဍတိုင်းမှာ လိုအပ်နေတဲ့ လိုအပ်ချက်နဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မီဒီယာ Reform ကို လုပ်တဲ့အခါမှာ ပြည်ပ အဖွဲ့အစည်းတွေက ကျနော်တို့ နိုင်ငံအတွင်းမှာ ရှိနေတဲ့ မီဒီယာ လောကက လောကသားတွေ ဝန်ကြီးဌာနမှာ ရှိနေတဲ့ ဝန်ထမ်းတွေရဲ့ Capacity building နဲ့ ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ အလားတူပဲ ပြည်ပနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ဖွံ့ဖြိုးတိုးတက်နေတဲ့ မီဒီယာဆိုင်ရာ နည်းပညာတွေလည်း ရရှိနိုင်အောင် ပူးပေါင်းဆောင်ရွက် ကြိုးပမ်းသွားမှာပါ။ ဖြစ်နိုင်ရင်တော့ ဒီမီဒီယာအတွက် လိုအပ်သော Finance ၊ Equipment ပစ္စည်းတွေကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။
kyawsan1သို့သော်လည်း အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာတော့ ဦးစိုးမြင့်တို့လည်း သိတဲ့အတိုင်းပါပဲ၊ တံခါးတွေ ဖွင့်လိုက်လို့ ရှိရင် လေကောင်းလေသန့်တွေလည်း ဝင်လာနိုင်သလို အမှိုက်သရိုက်တွေနဲ့ ယင်ကောင်တွေလည်း ပါလာနိုင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာတော့ ကျနော်တို့ဘက်က အမျိုးသား အကျိုးစီပွားကို ထိခိုက်မှုရှိ/မရှိ နိုင်ငံရဲ့ အချုပ်အခြာအဏာကို ထိပါးမှု ရှိ/မရှိ။ နောက်တခါ ကျနော်စောစောက ပြောခဲ့သလိုပဲ သူတို့တွေက မှန်ကန်တဲ့ စေတနာနဲ့လား၊ စစ်မှန်တဲ့ စေတနာ နဲ့လား။ နောက်တခါ နောက်ကွယ်ကနေ အချူပ်နှောင်တွေ ပါ/မပါ အဲဒါတွေကို ကြည့်ပြီးတဲ့အခါမှာ ကျနော်တို့က အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ။    ။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက တော်တော်များများ စိတ်ဝင်စားလာကြတယ်။ တင်စားပြောလာ ကြတာ Myanmar spring လို့တောင် တင်စားပြောလာကြတာ။ ဒါပေမယ့် တချို့ကလည်း သံသယနဲ့ စောင့်ကြည့် ဦးမယ် ဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ အဲဒီမှာ ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်ကို အောက်ခြေ လူထုဆီ ရောက်ဖိုု့ အထိဆိုုရင် ဘယ်ကာလလောက်ဆိုရင် စမြင်လောက်မယ်လို့ ဝန်ကြီးအနေနဲ့ ထင်ပါသလဲခင်ဗျာ။ 

ဦးကျော်ဆန်း။   ။ ကျနော်တို့အစိုးရအနေနဲ့ကတော့ ဒီပြုပြင်ပြောင်းလဲမှုတွေကို စတင်ကတည်းကိုက အဲဒီပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးတွေဟာ ထိပ်ပိုင်း ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ လူတစုုပဲရရှိအကျိုးခံစားရ တာမျိုး မဟုတ်ဘဲနဲ့ ဟို အောက်ခြေအထိပါ ပျံ့နှံ့ရောက်ရှိအောင်ဆိုတဲ့ ကျနော်တို့ရည်မှန်းချက်ရှိပြီး၊ ပြုပြင် ပြောင်းလဲ ကတည်းကိုက အဲဒီလိုဖြစ်နိုင်တဲ့ မူတွေနဲ့ ကျနော်တို့ ပြုပြင်ပြောင်းလဲတာ ဖြစ်ပါတယ်။

ကျနော်တို့ နိုင်ငံအတွင်းမှာရှိနေတဲ့ မီဒီယာ လောကက လောကသားတွေ ဝန်ကြီးဌာနမှာရှိနေတဲ့ ဝန်ထမ်းတွေရဲ့ Capacity building နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အလားတူပဲ ပြည်ပနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ဖွံ့ဖြိုး တိုးတက်နေတဲ့ မီဒီယာဆိုင်ရာ နည်းပညာတွေလည်း ရရှိနိုင်အောင် ပူးပေါင်းဆောင်ရွက် ကြိုးပမ်းသွားမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ချင်ရင် ပြည်ပ မီဒီယာတွေကို ကျနော်တို့ ခွင့်ပြုပေးသွားဖို့ အစီအစဉ် ရှိပါတယ်။

တချို့သော ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်များ သည် အောက်ခြေလူတန်းစားအထိ ချက်ချင်းရောက်ရှိ သွားမှာ ဖြစ်သလိုတချို့သော ပြုပြင် ပြောင်းလဲမှုတွေကတော့ ကျနော်တို့ အချိန်နည်းနည်းယူရမှာ ဖြစ်ပါတယ်။

ဥပမာ အခွန်စနစ်၊ ကျနော်တို့ ကနေ့ ပြုပြင်ပြောင်းလဲမှု စနေပါပြီ။ ဒီအခွန်စနစ်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ဟိုအောက်ခြေ အထိရောက်သွားမှာပါ။ တခါ အဲဒီအခွန်စနစ် ပြုပြင်ပြောင်းလဲ လို့ရရှိလာတဲ့ ဘဏ္ဍာငွေစနစ်ဟာ ဒီနှစ် စရင် ဒီနှစ် ရမှာပါပဲ။ ဒီနှစ် ရလာတဲ့ ငွေကြေးတွေနဲ့ပဲ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို  လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြောရရင်တော့ ချက်ချင်း မြန်မြန်ဆန်ဆန် အောက်ခြေအထိ အကျိုးရောက်သွားနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်းရှိနေမှာပဲ။ ချက်ချင်း မရောက်ဘဲနဲ့ အတိုင်းအတာ တခုအထိ အချိန်ယူပြီးမှ ရောက်သွားနိုင်တဲ့ လုပ်ငန်းတွေလည်း ရှိနေမှာပါပဲ။

ဒါကြောင့်မို့လို့ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေရရင်တော့ တချို့သော ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်များသည်
အောက်ခြေလူတန်းစားအထိ ချက်ချင်းရောက်ရှိသွားမှာ ဖြစ်သလို၊ တချို့သော ပြုပြင်ပြောင်းလဲမှုတွေကတော့ အချိန်နည်းနည်းယူရမှာ ဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေ၊ အဲဒီ အချိန်ယူရတဲ့ လုပ်ငန်းတွေမှာလည်းပဲ မြန်မြန်ဆန်ဆန်နဲ့ အဲဒီပြုပြင်ပြောင်းလဲမှုရဲ့အကျိုးတွေ အောက်ခြေလူတန်းစားတွေ ခံစားနိုင်အောင် ကျနော်တို့ ကြိုစားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ။   ။ ဝန်ကြီးနဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ပြန်ပြောကြရာမှာ  တပ်မတော်အတွင်းမှာ တာဝန်ထမ်းဆောင်တုန်းက အလုပ်ကြိုးစားတယ်။ အလုပ်ကို အလေးအနက် ထားတယ်ဆိုပြီးတော့ အတော် များများ ပြောကြပါတယ်။ အခုလည်း လက်ရှိမှာ ဝန်ကြီးဌာန နှစ်ခုကို ကိုင်ထားရတယ်။ အစိုးရရဲ့ အလုပ် ရှုတ်တဲ့ အချိန်လည်း ဖြစ်နေတယ်။ ဝန်ကြီးရဲ့ တနေ့တာ လုပ်ငန်းအနေအထား ဘယ်လိုရှိလဲခင်ဗျ။

ဦးကျော်ဆန်း။    ။ကျနော် personal သိပ်ဆန်ဆန် မဟုတ်ဘဲနဲ့ ယေဘူယ ဖြေပေးပါမယ်။ ကျနော်အနေနဲ့ကတော့ ဟို ငယ်ငယ်ကတည်းကပြီးတော့ ကနေ့အထိပေါ့လေ၊ ကျနော့်ကို ပေးအပ်လာတဲ့ တာဝန်၊ ကျနော့်အပေါ် ကျရောက် လာတဲ့ တာဝန်ကို အကျေပွန်ဆုံးဖြစ်အောင်နဲ့ အကောင်းဆုံးဖြစ်အောင် ကျနော် ကြိုးစား ထမ်းဆောင်ခဲ့ပါတယ်။ ကျနော်နဲ့ အတူတွဲလုပ်ကြတဲ့ ကျနော်ရဲ့ ရဲဘော်ရဲဘက်တွေလည်း ကျနော်အမြဲ ဘာအားပေးလေ့ရှိသလဲဆိုရင် တာဝန်ကျေပွန်ခြင်းဖြင့် ဂုဏ်ယူပါ။ ဒီဆောင်ပုဒ်။ နောက်တခါ စေတနာထား၍ အလုပ်လုပ်ပါ။ စေတနာရဲ့ အကျိုးကို မိမိသာ ပြန်လည်ခံစားရပါလိမ့်မယ်ဆိုတဲ့ ဆောင်ပုဒ် ဒီဆောင်ပုဒ်တွေနဲ့ အမြဲသူတို့ကို အားပေး၊ တိုက်တွန်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အဲဒီဆောင်ပုဒ် နှစ်ခုကို အတက်နိုင်ဆုံး ကြိုးစားပြီး လိုက်နာပြီး ကျနော်လုပ်ပါတယ်။

အဲဒီတော့ ကိုစိန်ဝင်း မေးသလိုပဲ ဝန်ကြီးဌာန နှစ်ခုရဲ့ တာဝန်ကို ထမ်းဆောင်ရတာ ဖြစ်တဲ့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ကိုလည်း အကောင်းဆုံး ကျေပွန်နိုင်အောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တာဝန်လည်း အကောင်းဆုံး ကျေပွန်နိုင်အောင် ကျနော်အရင်က ပေးခဲ့တဲ့ အချိန်ထက် အလုပ်ချိန်ကို အပို်ပေးပြီး ကျနော် ထမ်းဆောင် လုပ်ဆောင်နေပါတယ်။

ထို့အတူပဲ ပြန်ကြားရေးဝန်ကြီးဌာနမှာလည်းပဲ ပြုပြင်ပြောင်းလဲဆောင်ရွက်ရမယ့် လုပ်ငန်းတွေများပါတယ်။
နောက်တခါ ယဉ်ကျေးမှုဝန်ကြီးဌာနမှာလည်း ခေတ်နဲ့အညီ တိုးတက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ များပါတယ်။ ဒါကြောင့် တာဝန်တွေကို ကျေအောင် အချိန်တွေကို တက်နိုင်သမျှပိုင်းခြားပြီး ကျနော်ပေးပြီးတော့ ဆောင်ရွက်
နေပါတယ်။

ဒါပေမယ့်လည်း ဒီတာဝန်နှစ်ခုရဲ့ ကွဲပြားမှုက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တာဝန်ကတော့ ကိုစိန်ဝင်းတို့ သိတဲ့အတိုင်း သူက အချိန်နဲ့ တပြေးညီ လုပ်ပေးရတယ်။ အချိန်မီ လုပ်ပေးရတယ်။ အချိန်ကိုက် လုပ်ပေးရတယ်။ အဲဒီလိုဖြစ်တဲ့ အတွက် အချိန်ကို ခွဲပြီးလုပ်တာ မှန်ပေမယ့် ပြန်ကြားရေးဘက်မှာတော့ အချိန်နည်းနည်းပိုပေးရတဲ့ အနေအထား ရှိပါတယ်။

အဲဒီတော့ ကျနော်ရဲ့တနေ့တာကို ခြံုပြောရင်တော့ မနက်ဆိုရင် ၆ နာရီမှာ ထပြီးတော့ ညဆိုရင် ၁၁ နာရီ၊ တခါတလေ ၁၂ လောက်မှ အိပ်ယာဝင်နိုင်တဲ့ အနေအထားရှိပါတယ်။

မဇ္ဈိမ။   ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ အပေါ်မှာ အမေရိကန်နိုင်ငံ၊ အနောက်နိုင်ငံတွေ့ရဲ့ တုန့်ပြန်မှုကိုကော ဝန်ကြီးအနေနဲ့ အားရကျေနပ်မှု ရှိလားခင်ဗျ။ ဥပမာအားဖြင့် ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ 

ဦးကျော်ဆန်း။  ။ ကျနော်တို့ နိုင်ငံအနေနဲ့ကတော့ သမ္မတကြီးရဲ့မိန့်ခွန်းမှာပါတဲ့အတိုင်း ကျနော်တို့ပြည်သူ တွေရဲ့ လိုလားချက်အတိုင်း၊ ကျနော်တို့အစိုးရရဲ့ ရည်မှန်းချက် ကတိကဝတ်တွေအတိုင်း ကျနော်တို့က ပြုပြင်ပြောင်းလဲဆောင်ရွက်မှုတွေကို တစိုက်မတ်မတ် ကြိုစားဆောင်ရွက်နေပါတယ်။

စောစောက ကိုစိန်ဝင်း ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အင်မတန်မြန်ဆန်သွက် လက်တဲ့ အတွက် ကမ္ဘာကတောင် Burma spring လို့ Myanmar Spring လို့ ပြောနေတယ်လို့ ကိုစိန်ဝင်း ကိုယ်တိုင်လည်းပြောခဲ့ပြီးပါပြီ။ ကျနော်တို့ကတော့ မူလရည်မှန်းထားတဲ့အတိုင်း သမ္မတကြီးရဲ့ ပြည်သူကို ကတိပြုတဲ့ မိန့်ခွန်းမှာ ပါတဲ့အတိုင်း ကျနော်တို့ကတော့ တစိုက်မတ်မတ်ကြိုးစားပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ အဲတော့ အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ဒီ ဆန်ရှင်တွေကို ချမှတ်ခဲ့တာဟာ ကျနော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရှိလို့၊ လူ့အခွင့်အရေးမရှိလို့ ဆိုတဲ့ ဒီလိုစွပ်စွဲချက်တွေနဲ့ ချမှတ်ခဲ့တာပါ။ ကနေ့ ကျနော်တို့က ဒီမိုကရေစီ ဖော်ဆောင်မှုတွေ၊ လူ့အခွင့်အရေးအတွက် ဆောင်ရွက်ပေးမှုတွေ၊ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ မူလက ပြောထားတဲ့အတိုင်းဆိုရင်တော့ သူတို့ ဒီလို ကျနော်တို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတာဟာ မြန်မြန်ဆန်ဆန် သူတို့ဘက်က ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ဒီလိုမြင်ပါတယ်။ လက်တွေ့ ပြုပြင်ပြောင်းလဲမှု ရှိတာ/မရှိတာကတော့ သူတို့အပိုင်းဖြစ်တယ်။

ကာကွယ်ရေးဦးစီးချူပ်ရဲ့ စိတ်ထားဟာလည်းပဲ ကနေ့ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အစိုးရနဲ့ အတူ တထပ်ထဲပဲ ဖြစ်ပါတယ်။

မဇ္ဈိမ။   ။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု တချို့ကလည်း Reversible ဖြစ်နိုင်သေးမလားဆိုပြီး စိုးရိမ်မှုရှိတယ်။ အဲဒီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကရော ပြုပြင်ပြောင်းလဲမှု အပေါ်မှာ အပြည့်အဝထောက်ခံမှုရှိပါသလား ခင်ဗျ။

ဦးကျော်ဆန်း။  ။ ကျနော်တို့လည်း တပ်မတော်သားတွေပါပဲ။ တပ်မတော်သားတွေရဲ့ တကယ့်စိတ်ထဲမှာ ရှိတာဟာ တိုင်းပြည်နဲ့ လူမျိုး အကျိုးပါပဲ။ ‘ဒို့တာဝန် အရေးသုံးပါး’ ပါပဲ။ တပ်မတော်သားရဲ့ တကယ့်ဘဝ အခြေအနေမှန်ကို ဆွေးနွေးရရင် ကျနော်တို့တတွေဟာ တပ်မတော်ထဲကို ဝင်ကြတဲ့အချိန်မှာတော့ ရည်ရွယ်ချက်အသီးသီး၊ အကြောင်း အရာ အမျိုးမျိုးနဲ့ ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

သို့သော်လည်းပဲ တပ်မတော်ထဲကို တပ်သားသစ် အသစ်ပဲဖြစ်ဖြစ်၊ ဗိုလ်လောင်းအဖြစ်နဲ့ပဲဖြစ်ဖြစ် ရောက်လာ တာနဲ့ တပြိုင်နက်ထဲ တပ်မတော်က အဲဒီတပ်သားသစ်တွေ၊ ဗိုလ်လောင်းတွေကို တပ်မတော်ရဲ့ သတ်မှတ် ထားတဲ့ စံအတွင်း ဝင်လာအောင် သင်တန်းအမျိုးမျိုးနဲ့ လေ့ကျင့်သင်ကြား မွေးထုတ်ခဲ့တာ ဖြစ်ပါတယ်။ အခြားအဆင့် တပ်သားတွေ ဆိုရင်လည်း တပ်သားသစ် သင်တန်းကအစ မွမ်းမံသင်တန်းတွေ၊ အကြပ်လောင်း သင်တန်းတွေ၊ အကြပ်ငယ် သင်တန်းတွေ၊ အကြပ်ကြီး သင်တန်းတွေ၊ သင်တန်းအမျိုးမျိုး တက်ကြရပါတယ်။ ကျနော်တို့ အရာရှိတွေဆိုရင်လည်း ဗိုလ်လောင်းသင်တန်း၊ ပြီးရင် တပ်စုမှူး သင်တန်း၊ တပ်ခွဲမှူး သင်တန်း၊ တပ်ရင်းမှူး သင်တန်း၊ နောက်ဆုံး NDC သင်တန်း၊ ဒီကြားထဲမှာလည်း သင်တန်းတွေ အများကြီးပါပဲ။

အဲဒီသင်တန်းတွေနဲ့ တပ်မတော်ရဲ့ သွားရမယ့် ခံယူရမယ့် ခံယူချက်၊ ယုံကြည်ချက် ဦးထိပ်ထားရမယ့် အချက် တွေကို သူက တခါထဲ သွတ်သွင်းပေးတာ ဖြစ်ပါတယ်။ အဲလိုဆိုတော့ တပ်သားသစ်ပဲဖြစ်ဖြစ် ကျနော်တို့ ဗိုလ်လောင်းပဲဖြစ်ဖြစ် ဝင်လာစဉ်က ရည်ရွယ်ချက်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးနဲ့ ဝင်လာခဲ့သော်လည်း နောက်ဆုံး ဒီသင်တန်းတွေနဲ့ ထုုသားပေသား ကျလာတဲ့အခါကျတော့ သူတို့ရဲ့ စိတ်ထဲမှာ၊ အများစုရဲ့ စိတ်ထဲမှာ ဘာပဲရှိတော့တာလဲဆိုရင် တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ တိုင်းပြည်နဲ့ လူမျိုးကို ဦးထိပ်ထားရမယ်။ ‘ဒို့ တာဝန်အရေးသုံးပါး’ ကို ဦးထိပ်ထားရမယ် ဆိုတာကိုပဲ ရှိကြပါတော့တယ်။ တိုင်းပြည်အတွက် အသက်ပေး ဖို့လိုရင် ပေးကြမယ်ဆိုတဲ့ စိတ်ထားပဲ ရှိကြပါတော့ တယ်။ ဒါကြောင့်မို့လို့ ကနေ့ ကာကွယ်ရေးဦးစီးချူပ်ရဲ့ စိတ်ထားဟာလည်းပဲ ကနေ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့နိုင်ငံတော်အစိုးရနဲ့ အတူတထပ်ထဲပဲဖြစ်ပါတယ်။

Most read this week