ဒေါ်စုပြောတဲ့ လူငယ်နှင့် အိုင်တီ

ဒေါ်စုပြောတဲ့ လူငယ်နှင့် အိုင်တီ
by -
Rebecca Henschke
assk-t

(ရန်ကုန်) Asia Calling မှ Rebecca Henschke နှင့် KBR 68H အင်ဒိုနီးရှား ရေဒီယိုအသံလွှင့်ဌာန တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  မကြာသေး ခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်မြန်မာ လူငယ်များ အကြောင်း၊ ဆက်သွယ်ရေးနှင့် အိုင်တီ နည်းပညာ ပြောင်းလဲမှုကြီးကိုသတိထားမိကြောင်း လည်း ဒေါ်စုက ထည့်သွင်း ပြောဆိုသွားသည်။

(ရန်ကုန်) Asia Calling မှ Rebecca Henschke နှင့် KBR 68H အင်ဒိုနီးရှား ရေဒီယိုအသံလွှင့်ဌာန တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  မကြာသေး ခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်မြန်မာ လူငယ်များ အကြောင်း၊ ဆက်သွယ်ရေးနှင့် အိုင်တီ နည်းပညာ ပြောင်းလဲမှုကြီးကိုသတိထားမိကြောင်း လည်း ဒေါ်စုက ထည့်သွင်း ပြောဆိုသွားသည်။

မွေးနေ့မှာ ဘာတွေလုပ်နေပါသလဲ။

“ကျမမွေးနေ့မှာ အတော်များများခဲ့ပါတယ်။ လူငယ်ဂီတပြိုင်ပွဲ နောက်ဆုံးနေ့ကို ကျင်းပခဲ့ပါတယ်။ လူငယ်တွေဘဝမှာ လုပ်စရာအလုပ်တခုခု အမြဲရှိနေတယ်ဆိုတာ သိစေဖို့နဲ့ သူတို့ထူးချွန်တဲ့နေရာမှာ အောင်မြင်စေရေးအတွက်လေ့ကျင့်ဖို့ အခွင့်အလမ်းပေးခဲ့တာဖြစ်ပါတယ်။ အခုကြားနေရတဲ့ ဂီတဟာ ဒီပြိုင်ပွဲက ဂီတပါပဲ၊ ခု အကြို ဗိုလ်လုပွဲ အဆင့် ရောက်နေပါပြီ”

ဒီပြိုင်ပွဲမှာ လူငယ်တွေ နိုင်ငံရေး လူ့အခွင့်အရေးတွေ အကြောင်း သီဆိုပြိုင်ပွဲ ဝင်နိုင်ပါသလား။

“ခုအထိတော့ ကျမကြားရတဲ့ သီချင်းအများစုဟာ ဒီ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ အကြောင်းပါပဲ”

သူတို့ ဒီသီချင်းတွေကို လူထုကြားထဲမှာကော ဖျော်ဖြေမှာလား။

assk“ဟုတ်ပါတယ်၊ ရုံးမှာ ဒီသီချင်းတွေကို သူတို့ သီဆိုယှဉ်ပြိုင်ခဲ့ ပြီးပါပြီ။ ကျမမွေးနေ့မှာ အများရှေ့မှာပဲ နောက်ဆုံး ဗိုလ်လုပွဲအနေနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကြည့်ချင် နားထောင်ချင်တဲ့သူ အားလုံး ဒီပြိုင်ပွဲကို လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုနိုင်ပါတယ်”

ဂျကာတာကို ရောက်လာတဲ့ လူငယ်တချို့နဲ့စကားပြောကြည့်တော့ နိုင်ငံရေးကို စိတ်မဝင်စားတဲ့အကြောင်း၊ စိတ်ဝင်စားမှု လျော့ကျလာတဲ့အကြောင်းတွေပြောကြပါတယ် ဒါကိုကောသိပါသလား။

“လူငယ်တချို့က စိတ်မဝင်စားတာရှိမှာပါ ဒါပေမဲ့တကယ့်ကို စိတ်ဝင်စားတဲ့သူတွေလဲ ရှိပါတယ်။ ဒီတော့ ဘယ်လို လူငယ်တွေနဲ့ ရှင်စကားပြောခဲ့သလဲ ဆိုတာပေါ် မူတည်မှာပါ။ အခွင့်ထူးခံ အသိုင်းအဝိုင်းကတော့ ဒီမိုကရေစီကို စိတ်မဝင်စားတာ နိုင်ငံရေးကို စိတ်မဝင်စားတာ ရှိပါတယ်။ ဒီလိုပဲ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ လူငယ်တွေကလဲ သူတို့နိစ္စဓူဝ အလုပ်ထက်ပိုပြီး ဘာကိုမှ မစဉ်းစားအားဘူး။ ဒါပေမဲ့ အခုပိုပြီးတွေ့လာရတာက သူတို့ဘဝတွေကို မကျေမနပ်ဖြစ်နေတဲ့ လူငယ်တွေဟာ အပြောင်းအလဲဖြစ်ဖို့ သူတို့တခုခုလုပ်မှ ဖြစ်တော့မယ် ဆိုတာကို တဖြည်းဖြည်း သိလာနေကြပါပြီ”

ဒေါ်စုမွေးနေ့မှာ လူငယ်တွေကို နိုင်ငံရေးအကြောင်း သီချင်းဆိုခိုင်းတဲ့ စိတ်ကူးကလဲ ကြီးမားတဲ့ အပြောင်းအလဲပဲလား။

“ ကျမတို့ လူငယ်တွေဟာ ဒီမိုကရေစီနဲ့ နိုင်ငံရေးအကြောင်းကို အမြဲပဲသီဆိုနေကြပါတယ်။ ဖိနှိပ်မှုတွေ ဘယ်လိုပဲရှိရှိ၊ ကန့်သတ်မှုတွေ ဘယ်လိုပဲရှိရှိ ကျမတို့လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို လုပ်ဖို့ အမြဲကြိုးစားနေပါတယ်။ အခုထူးခြားတာက ဒီလုပ်ငန်းမှာ လူငယ်တွေပိုပြီး ပါဝင်လိုကြတာကို တွေ့ရပါတယ်”

ပိုများလာတယ်ဆိုတာ သံဃာတော်တွေ အုံကြွမှု ကာလကထက် ပိုများလာတာပါလား။

“အဲဒီအချိန်က ကျမက နေအိမ် အကျယ်ချုပ် ကျနေဆဲမို့ ဒီအကြောင်းမသိပါဘူး။ ဒါပေမဲ့ သေချာတာက ကျမနောက်ဆုံး နေအိမ် အကျယ်ချုပ် ချခံရတဲ့ ၈ နှစ်ကထက် စာရင်တော့ ပိုများလာပါတယ်”

ခုလိုနေ အိမ်အကျယ်ချုပ်ချခံရလို့ အဆက်ပြတ်နေရာကနေ ပြန်လွတ်လာတဲ့အခါ တခြားဘာထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့ရပါသေးလဲ။

“ဆက်သွယ်ရေးမှာ တိုးတက်မှုကြီး အိုင်တီတော်လှန်ရေးကြီးလဲ မြန်မာပြည်ရောက် လာတာကိုတွေ့ရပါ တယ်။ တခြားနိုင်ငံတွေနဲ့စာရင် ရှေ့တန်းရောက်၊ မရောက် မပြောနိုင်ပေမယ့် ဒီဆက်သွယ်ရေး တော်လှန် ရေးကြီးက အတိုင်းအတာတခုအထိ  မြန်မာနိုင်ငံကို ရောက်လာခဲ့တာ သေချာပါတယ်။ ဒါကြောင့်ပဲ လူငယ်တွေဟာ ကျမတို့ လုပ်နေတာတွေကို စိတ်ဝင်စားလာကြတယ်ကျမတို့လုပ်နေတာတွေကို အမီလိုက် လာနိုင်ကြတယ်”

မိန့်ခွန်းတွေ အမှာစကားတွေကို အပြင်ရောက်အောင် ဗွီဒီယိုလင့်တွေ တခြား ဒစ်ဂျစ်တယ် နည်းလမ်းတွေ သုံးပြီး လုပ်လာနိုင်တာ တွေ့ရပါတယ်။ ဒေါ်စုလုပ်နေတဲ့ အရေးကိစ္စတွေအတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ မြန်မာနိုင်ငံ အပြင်ထွက်ပြီး တခြားနိုင်ငံတွေ ဥပမာအားဖြင့် ထိုင်း တရုတ်နိုင်ငံတွေကို ထွက်ပြီး မလုပ်နိုင်ဘူးလား။

“နောက်လအတွင်း မြန်မာပြည်ထဲမှာ ကျမခရီးထွက်မှာပါ။ ဒီ့မတိုင်ခင် ရန်ကုန်မြို့ အပြင်မထွက်နိုင်တာက တော့ ဒီမှာလုပ်စရာတွေ အများကြီးရှိနေလို့ပါ။ ဒါပေမဲ့ ရန်ကုန်မြို့ အပြင်ထွက်နိုင်ဖို့ အချိန်ရလာအောင် ကြိုးစားခဲ့ပါတယ်။ နောက်လထဲမှာ စထွက်မှာပါ။ မြန်မာပြည် အပြင်ထွက်ဖို့ ဆိုတာကတော့ကျမထင်ပါ တယ် နည်းနည်း စောပါသေးတယ်။ ကျမနိုင်ငံပြင်ပ ထွက်သွားခဲ့ရင် လက်ရှိအစိုးရကကျမကို ပြန်လာ ခွင့်ပေး မယ်လို့ မထင်နိုင်သေးပါဘူး”

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းတော့ လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိ သွားနိုင်တယ်မဟုတ်လား။

“ကန့်သတ်မှုတွေလုပ်မလား မလုပ်ဘူးလားဆိုတာလဲ ကျမမသိပါဘူး။ သူတို့ အပေါ်ပဲ လုံးဝမူတည်ပါတယ်။ ဒါပေမယ့် ကျမမှာ ကိုယ့်နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့်ရှိတယ်လို့တော့ ထင်ပါတယ်”

လွတ်လာပြီးကတည်းက ဘယ်နေရာတွေမှာ အအောင်မြင်ဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါသလဲ။

“ကျမထင်တာ ဒီမိုကရေစီ ကွန်ရက်တွေဖွဲ့တာမှာ အရှိန်အဟုန် သိပ်ကောင်းခဲ့တာ အတွက်တော့အားရ တယ်။ လူငယ်တွေ ပညာရေးတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေထိ ကွန်ရက်ကကျယ်ပြန့် သွားပြီ။ ကွန်ရက်က စုံပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ ရှေ့နေကွန်ရက် အတော်စုံတယ်။ ပညာရေးကတော့ အဓိကပေါ့”

ဘာတွေများလဲ နည်းနည်း ထပ်ရှင်းပြလို့ရမလား။

“ကျမတို့ အခမဲ့ကျောင်းတွေ ဖွင့်ခဲ့ပါတယ်။ ဒီကျောင်းတွေကို မျှော်လင့်မထားတဲ့နှုန်းနဲ့ကို တိုးဖွင့်နိုင်ခဲ့ပါ တယ်။ သိပ်ကိုမြန်ပါတယ်။ ဒီနည်းဟာ အတော်အလုပ်ဖြစ်တယ်။ ပညာရေးက မြန်မာပြည်မှာ အတော် စျေးကြီး တယ်။ တိုင်းပြည်က ဆင်းရဲပေမယ့် ပညာရေးစရိတ်က အတော်ကြီးတယ်။ အစိုးရကပေးတဲ့ ပညာရေးက အခမဲ့မဟုတ်ဘူး။ မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို အခမဲ့ပညာရေး ပေးနိုင်အောင် ကျမတို့ လုပ်နေတယ်”

ဒီလို လူမှုရေးကိစ္စတွေ လုပ်နေရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားလိမ့်မယ်လို့ ထင်ပါသလား။

“သူတို့ လုပ်ချင်တာကို လုပ်မှဖြစ်မယ်ဆိုတာကို လူထုနားလည်စေချင်တာပါပဲ။ တခြားလူတွေအပေါ် မှီခိုနေလို့ မဖြစ်ဘူး။ အမှီခိုကင်းတဲ့ စိတ်ဓါတ်ကို ရစေချင်လို့ မှီခိုချင်တဲ့စိတ်ကို လျော့ပါးအောင်လို့ တချိန်တည်းမှာ လုပ်တတ် ကိုင်တတ်အောင်လဲ လုပ်ပေးနေတာ”

ဒေါ်စုအပေါ်မှာ လူပုဂ္ဂိုလ်အနေနဲ့ရော၊ ထင်ရှားတဲ့သူ တဦးအနေနဲ့ရော မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် သိပ်မှီခိုလွန်းနေတယ်လို့ ထင်ပါသလား။

“ကွန်ရက်တွေဖွဲ့စည်းတာကိုက ထိုင်နေလို့မရဘူး၊ သူများကိုအားကိုးလို့မရဘူး၊ ကိုယ့်ဘာသာလုပ်မှရမယ် ဆိုတာကို လူတွေသိစေချင်လို့ပါပဲ”

ခုလောလောဆယ် အရှေ့အလယ်ပိုင်းဒေသမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေတာကို တွေ့နေရပါ တယ်။ မြန်မာပြည်မှာကော ဒီသတင်းတွေ ဖော်ပြခွင့် ပြုပါသလား။

“အရှေ့အလယ်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဆင်ဆာဖြတ်တာ နည်းနည်းပါးပါးတော့ ရှိမယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒီသတင်းတွေကို သိနေတာပါပဲ။ တကယ်စိတ်ဝင်စားရင် သတင်းဆိုတာ ရေဒီယိုတို့ အင်တာနက်တို့ကနေ ရနေတာပါ”

ဒီသတင်းတွေက လူတွေကို တစုံတရာ လှုံ့ဆော်ပေးနိုင်တယ်လို့ ထင်ပါသလား။

“ကျမတို့မြန်မာနိုင်ငံမှာလဲ ဒီလိုတွေဖြစ်လာနိုင်မလားလို့ စဉ်းစားကြတာတွေ ရှိပါတယ်။ အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်နေတာတွေက မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နဲ့ ၂ဝဝ၇ နှစ်က ဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဉ် ပြောဆိုလာတာတွေလဲ ရှိလာပါတယ်”

ဆွေးနွေးဝိုင်းတွေမှာ သောတရှင်တွေ အမေးများတာက မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲမှာအပြင်က လူတွေ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပါ။

“ပထမဆုံးအချက်ကတော့ ကျမတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လူတွေသိနေဖို့ လိုပါတယ်။ ကျမတို့ စိတ်ပူတာ ပြီခဲ့တဲ့နှစ် နိုဝင်ဘာလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သိပ်ထင်ထားကြမှာ ကိုပါပဲ။ ရွေးကောက်ပွဲတွေလဲ လုပ်ပြီးပြီ အရပ်သား အစိုးရဆိုတာကြီးလဲ ပေါ်လာပြီ၊ မြန်မာပြည်မှာနောက် ထပ် လုပ်စရာ ဘာမှမကျန်တော့ဘူးလို့ လူတွေထင်မသွားကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ရက်အနည်း ငယ် အတွင်းကပဲ ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရတပ် အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကိုသိလိမ့်မယ် ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ နီးပါး အပစ်အခတ် ရပ်ထားရာကနေ ခုလိုတိုက်ပွဲတွေပြန်ဖြစ်လာတယ် ဆိုတာ ဆုတ်ယုတ်တာကို ပြတာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးတို့မှာ တိုးတက်မှုတွေရှိနေပြီလို့ အလွယ်တကူ ပြောလို့တော့မရဘူးလို့ ကျမထင်ပါတယ်”

တိုက်ပွဲတွေဖြစ်နေတာဟာ တရုတ်ပြည်က ရေအားလျှပ်စစ် စီမံကိန်းတွေ တည်ဆောက်နေတဲ့မဟာဗျူဟာ ကျတဲ့ နေရာတွေမှာ ဖြစ်နေတာ ဆိုတော့ အဲဒီနေရာတွေမှာ အခြေအနေတွေ ဘယ်လိုရှိတယ်လို့သိထားပါ သလဲ။

“ရေဒီယိုမှာကြားတာထက်တော့ ကျမတို့ပိုမသိပါဘူး။ နယ်စပ်ဒေသမှာ ဘာတွေဖြစ်နေတယ်ဆိုတာကချင် ခေါင်းဆောင်တွေ ပြောတာကြားပါတယ်။ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးစေလိုတယ်လို့သူတို့ ပြောတာလဲ ကြားပါတယ်”

တိုင်းရင်းသားအရပ်သားတွေ ထောင်ပေါင်းများစွာ ထိုင်းနဲ့ တရုတ်နိုင်ငံကို တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေး နေရတယ်လို့လဲ ကြားပါတယ်။ ထိုင်းနိင်ငံကလဲ မြန်မာပြည်က နောက်ထပ် ဒုက္ခသည်တွေ သူတို့ဆီ ရောက်လာတာကို လက်မခံချင်တော့သလိုလဲ ရှိပါတယ်။ တရုတ်ကလဲ ဒီဒုက္ခသည်တွေကို လွန်ခဲ့တဲ့ ၃ ရက်က နယ်စပ်ဖြတ်ကျော်ခွင့် မပေးခဲ့ပါဘူး။ မကြာခင် ကမ္ဘာ့ဒုက္ခသည်နေ့လဲ ရောက်ပါတော့မယ်။ အိမ်နီးချင်းနိုင်ငံ တွေကို ဘာများပြောချင်ပါသလဲ။

“ပထမဆုံး ပြောချင်တာကတော့ ဒုက္ခသည်ဆိုတာ ဖြစ်ချင်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။ အခြေအနေအရ မလွှဲမရှောင်သာလို့ ဒုက္ခသည် ဖြစ်လာရသူတွေပါ။ သူတို့နိုင်ငံထဲ နောက်ထပ် ဒုက္ခသည်တွေဝင်မလာစေ ချင်ရင် ပြည်တွင်းရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံကိုသူတို့ကူညီ သင့်တယ်လို့ ကျမထင်ပါတယ်။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ ကျမတို့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လုံး ကြိုးစားခဲ့တဲ့ ကိစ္စပါပဲ”

မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ညီညွတ်ရင် အစိုးရပြုတ်ကျမယ်လို့ ထင်ပါသလား။

“ညီညွတ်ရေးဆိုတာ အပတ်တကုတ်လုပ်ရတဲ့ဟာမျိုး၊ အထူးသဖြင့် တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ အတော်အပတ်တကုတ် လုပ်မှရမယ်။ ညတွင်းချင်း ဒီလို ညီညွတ်သွားကြလိမ့်မယ်လို့တော့ ကျမ မထင်ဘူး။ တချိန်လုံး ကြိုးစားရမယ့်အရာပဲ။ အချင်းချင်း ပစ်တာခတ်တာကတော့ ညီညွတ်ရေးအတွက်အဖြေမဟုတ်ပါ ဘူး”

ဒါဆိုရင် ဒီအဖွဲ့အစည်းတွေကို ပိုပြီးငြိမ်းငြိမ်းချမ်းချမ်း ချဉ်းကပ်လုပ်ဆောင်စေချင် တာပါလား။ သူတို့ရဲ့ လက်နက်ကို်င် တိုက်ပွဲကိုကော ထောက်ခံပါသလား။

“တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာပဲ အကုန်လုံးမူတည်တယ်လို့ ကျမ မထင်ပါဘူး။ အစိုးရပေါ်မှာပဲ ပိုတာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားမလား မထားဘူးလားဆိုတာ ဆုံးဖြတ်နိုင်ခွင့်ကလဲ သူတို့မှာဘဲ ရှိတာကိုး”

ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ် လုပ်ဆောင်တာထက် စာရင် အစိုးရကို စစ်ပုံစံ ပိုဆန်တဲ့ အုံကြွမှုမျိုး လုပ်ဖို့လိုတယ်လို့ကော ထင်ပါသလား။

“ ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ဆိုတာလဲ လမ်းမှန်တော့ မဟုတ်ဘူး ထင်ပါတယ်။ငြိမ်းချမ်း ဖို့တော့ လိုတယ် ပျော့နေလို့တော့ မဖြစ်ဘူး။ ဂန္ဓီကြီးက ပြောခဲ့တယ်။ အကြမ်းမဖက်လမ်းကို လိုက်ရတာ အကြမ်းဖက်လမ်းကို လိုက်ရတာထက် သတ္တိပိုရှိဖို့လိုတယ်တဲ့။ ဘာလို့လဲဆိုတော့ ပိုကြိုးကြိုးစားစား ခက်ခက်ခဲခဲ လုပ်ရမှာမို့တဲ့။ ကျမတို့ ငြိမ်းချမ်းတဲ့လမ်းကိုရွေးတာ ကျမတို့ပျော့တဲ့လမ်းကို ရွေးတယ်လို့တော့ မဆိုလိုပါဘူး”

မြန်မာနိုင်ငံက ရေနက်ဆိပ်ကမ်းလို စီးပွါးရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင် နေကြတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက သောတရှင်တွေ အနေနဲ့ကကော သူတို့နိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေက မြန်မာ နိုင်ငံမှာ သူတို့အစိုးရတွေက လုပ်နေတဲ့ စီးပွါးရေး လုပ်ငန်းတွေအပေါ် ဘယ်လိုဖိအားမျိုးတွေပေး နိုင်ပါ သလဲ။

“ရေတိုအကျိုးစီးပွါးကိုကြည့်တာထက် ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တာဝန်သိသိ ကြည့်ကြဖို့ သူတို့အစိုးရတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ရင် ကောင်းပါတယ်။ နှစ်နိုင်ငံအကြား အရေးအကြီးဆုံး အချက်က အစိုးရနှစ်ရပ်ကြား ဘယ်လောက်သင့်မြတ်တယ်ဆိုတာ မဟုတ်ဘူး၊ ရေရှည်မှာ နှစ်နိုင်ငံပြည်သူတွေ ဘယ်လောက်သင့်မြတ် အဆင်ပြေတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ကျမထင် တယ်။ နှစ်နိုင်ငံပြည်သူတွေကြား ကောင်းမွန်တဲ့ဆက်ဆံရေး ရှိဖို့ဆိုတာ သူတို့ဘယ်လောက် မျှမျှတတ ယှဉ်ပြိုင် လုပ်ကိုင်ခွင့်ရတယ်ဆိုတဲ့အပေါ် မူတည်တယ်ဆိုတာ သူတို့အစိုးရတွေ သိအောင်လုပ်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ကျမထင်ပါတယ်”

အခုလောလောဆယ် ဘယ်နေရာတွေမှာ မျှမျှတတ မရှိဘူးလို့ထင်ပါသလဲ။ ဒီဖွ့ံဖြိုး တိုးတက်မှုတွေက
မြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးမရှိဘူးလား။

“ဒါတကယ့်ကို မမျှတတာပါ။ မြန်မာပြည်ထဲမှာရှိတဲ့ လူတချို့အတွက်တော့ အကျိုးရှိပါတယ်။ မြန်မာပြည်သူ အများစုကြီးအတွက် အကျိုးရှိတယ်လို့တော့ ကျမ မထင်ပါဘူး”

မွေးနေ့အတွက် ဆုတောင်းရမယ်ဆို ဘာဆုကိုတောင်းမလဲ။

“ရှင်းရှင်းလေးပါ၊ ဒါကျမတို့ အားလုံး ကြာရှည်ကြာများ အတူတူတောင်းနေကြတဲ့ ဆုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးရပါစေလို့ပဲ ဆုတောင်းပါမယ်”

ဒါဖြစ်နိုင်လိမ့်မယ်လို့ကော ထင်ပါသလား။ ဒါတနေ့မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ ကောထင်ပါသလား။

“သိပ်ကိုမျှော်လင့်ပါတယ်။ ကျမတို့လုပ်နိုင်တာနဲ့အမျှ ရမှာပါပဲ။ ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မှာပါ”

တချို့က မေးခိုင်းပါတယ်။ ဒေါ်စုကို ဘယ်အရာတွေက ရယ်မောစေပါသလဲတဲ့။

“ကျမကို ရယ်အောင် လုပ်နိုင်တာ အများကြီးရှိပါတယ်။ တခါတရံ အစိုးရလုပ်နေတာ တွေကလဲရယ်ရတာ ဘဲ။ တခါတရံ သူတို့လုပ်တာ သိပ်ကို ရယ်စရာကောင်းတယ် ဟာသတွေပဲ။ မငိုချင်ရင် ရယ်နေမှ ရမှာ”

Most read this week