ရန်ကုန်-ကမာရွတ်မြို့နယ်ရဲ့ လမ်းချိုးလေးတစ်ခုမှာ လူငယ်တယောက်ဟာ သူ့ရဲ့ဦးခေါင်းကိုငုံ့ပြီး စမတ်ဖုန်း ပေါ်မှာမျက်စေ့စူးစိုက်ကြည့်ရင်း ဖုန်းကိုလက်နဲ့ ပွတ်လိုက်ပြီး နှုတ်ခမ်းကလည်းအနည်းငယ် ပြံုးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃/၄ နှစ်တုန်းကသာဆိုရင် ခုအပြုအမူဟာ ထူးဆန်းနေသလိုရှိမှာ အမှန်ပါ။
အသက် ၂၀ ၀န်းကျင်အရွယ် လူငယ်ဟာ အမဲရောင်အစင်းရှပ်အကျႍ၊ အနက်ရောင်ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး ရိုးရာဝတ်စုံဖြစ်တဲ့ ပုဆိုးဝတ်ဆင်ကြတဲ့သူ လူအုပ်စုကြားထဲ အနည်းငယ်ထင်ရှားနေပါတယ်။ စမတ်ဖုန်းကိုလက်ထဲမှာ ကိုင်ထားတဲ့ သူ့သဏ္ဍန်ဟာ သူ့အရွယ် သူတို့မျိုးဆက်နဲ့ ဒီနေ့မြန်မာများအကြား သိပ်ထူးထူးဆန်းဆန်းကြီးတော့ မဟုတ်ပါဘူး၊ အထူးသဖြင့်တော့ ရန်ကုန်မြို့ရဲ့ စည်ကားရာနေရာတွေမှာ ခုခေတ်ကာလ တွေ့မြင်နေကြ သဏ္ဍန်တစ်ခုပဲဖြစ်ပါတယ်။
ဆယ်စုနှစ်ငါးခုနီးပါး တင်းကြပ်တဲ့ စစ်အာဏာရှင်စနစ်အောက် နေခဲ့ရပြီး အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာရဲ့ အခြားသောနေရာတွေမှာလိုပဲ စမတ်ဖုန်းမှတဆင့် အချင်းချင်း ဆက်သွယ်နေကြတဲ့ လူငယ်တွေတဖြည်းဖြည်း များပြားလာနေပါတယ်။
တယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှု ပွင့်လင်းလာခြင်းဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ရွာကြီးနဲ့ ဆက်စပ်ပေးဖို့ အခွင့်အလမ်းတစ်ခုပေးလိုက်သလိုဖြစ်ပါတယ်။ အထူးသဖြင့် ခုလို အသွင်ကူးပြောင်းရေးကာလမှာ သတင်း အချက်အလက်ကို ရယူနိုင်ခြင်းက ဒီမိုကရေစီကူးပြောင်းမှုအတွက် အထောက်အကူဖြစ် စေတယ်ဆို တဲ့ ပြင်းထန်တဲ့မျှော်လင့်ချက်လည်း ပေါ်ထွက်နေပါတယ်။ အခြားတဖက်မှာလည်း မကောင်းတဲ့ရည်ရွယ်ချက်နဲ့ အင်တာနက် အွန်လိုင်းကိုအသုံးပြုကာ သိပ်မပြင်းထန်လွန်းတဲ့ အမုန်းပွားစေတဲ့ ရေးသားမှုနဲ့ မှတ်ချက်တွေကို ရေးနေတဲ့အုပ်စုတွေလည်း ရှိနေပါသေးတယ်။
မကြာသေးမှီက လူများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တိုက်ခိုက်မှုတွေ၊ အလားတူ လူများစု မြန်မာတွေနဲ့ တိုင်းရင်းသားလူမျိုးစုုတွေအကြား ဖြစ်နေတဲ့ပဋိပက္ခ တွေက အချို့သော အွန်လိုုင်းသုံုးစွဲသူတွေကိုု ဘက်တစ်ဘက်မှာ ရပ်ဖိုု့အတွက်တွန်းအား ဖြစ်စေခဲ့ပါတယ်။ ဒီလိုုဘက်တစ်ဘက်လိုုက်ပြီး ရေးသားခြင်းတွေကြောင့် ပိုုပြီးအရှိန်တက်စေခဲ့ပါတယ်။
နိုုင်ငံရေး လေ့လာသူအချို့ကတော့ သမိုုင်းကနေ သင်ခန်းစာထုုတ်ယူခဲ့ရာမှာ အာဏာလက်ဝယ်ရှိသူတွေဟာ သူတိုု့ဆုုပ်ကိုုင်ထားတဲ့ အာဏာ လက်လွှတ်လိုုက်ရဖိုု့စိမ်ခေါ်မှု ခြိမ်းခြောက်မှု ခံနေရလိုု့ ဘာသာရေးဆိုုင်ရာ အဓိကရုုဏ်းတွေဖန်တီးတယ်လိုု့ ကောက်ချက်ချကြပါတယ်။ ဗြိတိသျှကိုုလိုုနီခေတ်က ဒီလိုုအဖြစ်အပျက် မျိုးဟာ ဖြစ်နေကြ အဖြစ်အပျက်လိုု့လည်း သူတိုု့က ပြောပါတယ်။ အဲဒီခေတ်ကလိုုပဲ အခုုလက်ရှိမှာလည်း အရင်စစ်အစိုုးရရဲ့ လူဟောင်းကြီးတွေက ဒီမိုုကရေစီလိုုလားတဲ့ လှုပ်ရှားမှုကြောင့် တစုုတစည်းထဲဖြစ်ခဲ့တဲ့ တိုုင်းပြည်ကိုု စိတ်ဝမ်းကွဲပြားအောင် ကြံဆောင်ကြတာလိုု့ ကောက်ချက်ချကြပါတယ်။
မြန်မာနိုု်င်ငံမှာ ရေးပန်းအစားဆုံုး လူမှုကွန်ရက်မီဒီယာ ဖြစ်တဲ့ဖေ့စ်ဘွတ်ဟာ အာဏာရ ကြံ့ခိုုင်ရေးပါတီနဲ့ ၂၀၁၅ ခုုနှစ် ရွေးကောက်ပွဲအတွက် အရှိန်မြှင့် ကြိုးစားနေတဲ့ အကြီးဆုံုးအတိုုက်အခံ ပါတီ အန်အယ်လ်ဒီ တိုု့ရဲ့နုုိင်ငံရေး စစ်တလင်း နေရာသစ်တစ်ခုုဖြစ်လာပါတယ်။
မြန်မာ အိုုင်စီတီဖွံ့ဖြိုးရေး အဖွဲ့ MIDO ရဲ့အမှုဆောင်ဒါရိုုက်တာ တဦးဖြစ်တဲ့ ကိုုနေဖုုန်းလတ်ရဲ့အဆိုုအရ မြန်မာနိုုင်ငံရဲ့ခန့်မှန်းခြေ လူဦးရေ သန်း ၆၀ ရဲ့ တစ်ရာနှုန်းသောသူတွေက ဖေ့စ်ဘွတ်သုံုးစွဲနေကြတယ်လိုု့ ခန့်မှန်းထားပါတယ်။ ဖေ့စ်ဘွတ်က အီးမေးလ်ထက်စာရင် တယောက်နဲ့တယောက် ဆက်သွယ်ဖိုု့ ပိုုပြီးလွယ် ကူ နေပါတယ်။ မြန်မာနိုုင်ငံမှာရှိတဲ့သူ အတော်များများ သူတိုု့ရဲ့လက်ကိုုင် စမတ်ဖုုန်းကနေ လူမှုကွန်ရက်မီဒီယာကိုု ဆက်သွယ်လက်လှမ်းမှီ လျှက်ရှိကြပါတယ်။
ရန်ကုုန်သတင်းစာပညာကျောင်း ရဲ့ဒါရိုုက်တာ ဖြစ်သူ ဦးရဲနိုုင်မိုုးက ပြောရာမှာတော့ အင်တာနက် ထိုုးဖောက်နိုုင်စွမ်းက လူဦးရေရဲ့ တစ် ရာခိုုင်နှုန်းသာရှိတယ်ခန့်မှန်းပေမယ့် အဲဒီလိုု တစ်ရာနှုန်းသော လက်လှမ်းမှီတဲ့သူတွေဟာ သြဇာရှိတဲ့သူတွေဖြစ်ပါတယ်။ အုုပ်ချုပ်သူ လူတန်းစားအထက်လွှာမှာ အင်တာနက် သုံုးစွဲမှု ၊ လုုပ်ဆောင်မှုတွေဟာ မြင့်တက်လာနေတယ်၊ နိုု်င်ငံရေးနဲ့လူမှုရေး အခင်းအကျင်းကိုု ပြောင်းလဲနိုုင်စွမ်းရှိတဲ့ မီဒီယာ သမားတွေ၊ စစ်အရာရှိတွေ၊ ပညာတတ်တဲ့ ဘုုန်းတော်ကြီးတွေအကြား မှာလည်း သုံုးစွဲမှု မြင့်တက်လာနေတယ်လိုု့ ၄င်းက ပြောပါတယ်။
“အွန်လိုုင်းသုံုးသူတွေဟာ သြဇာရှိတဲ့သူတွေပါ၊ လူအဖွဲ့အစည်းကိုု ပုံုသွင်းနိုုင်သူတွေပါ၊ မြို့ငယ်လေးတွေမှာ ဆိုု အွန်လိုုင်းသုံုးနိုုင်သူ အနည်းငယ်ပဲရှိပါတယ်။ သူတိုု့က အဲဒီမြို့ရဲ့ မျက်စေ့နဲ့နားတွေဖြစ်ပါတယ်” လိုု့ ဦးရဲနိုုင်မိုုးက ပြောပါတယ်။
မြန်မာနိုုင်ငံမှာ နာမည်အကြီးဆုံုး ဖေ့စ်ဘွတ်သုံုးသူတဦးကတော့ နောက်လိုုက် (follower) ၁၁၈၀၀ ရှိတဲ့ ဖေ့စ်ဘွတ် ပေ့ချ်ပိုုင်ရှင် သမ္မတဦးသိန်းစိန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်မှာတော့ လှုပ်ရှားမှု ဓါတ်ပုံုတွေ၊ တရားဝင် အခမ်းအနားတွေနဲ့ထုုတ်ပြန်ချက်တွေ တင်ထားပြီး ဒီစာမျက်နှာက တဆင့်လူထုုနဲ့ ထိတွေ့ဆက်ဆံ နေတာလည်း ဖြစ်ပါတယ်။
တခြား ကြံ့ခိုုင်ရေးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ဒုုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကိုုကြည့်ရင်လည်း နောက်လိုုက် ၄၇၀၀၀ ကျော်ရှိပါတယ်။ အတိုုက်အခံ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ အန်အယ်လ်ဒီ ပါတီရဲ့တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာဆိုုရင်လည်း နောက်လိုုက် ၂ သိန်း ၂သောင်းကျော် ရှိပါတယ်။
အများအပြားသော အရင်းအမြစ်တွေက ထုုတ်ပြန်ချက်တွေအရဆိုုရင် အရင်နှစ်က ကမ္ဘာ့ဖေ့စ်ဘွတ်သုံုး စွဲသူတွေရဲ့ ၂၉ ရာခိုုင်နှုန်းဟာ အသက် ၂၅ ကနေ ၃၄ နှစ် အရွယ်လူငယ်တွေဖြစ်ပြီး ၁၈ နှစ်ကနေ ၂၄ နှစ်အကြားရှိတဲ့ ဖေ့စ်ဘွတ်သုံုးသူ လူငယ်တွေရဲ့ ၅၀ ရာနှုန်းကတော့ မုုိးလင်း အိပ်ယာထတာနဲ့ ဖေ့စ်ဘွတ်ကိုု စစ်ဆေးကြည့်သူတွေ ဖြစ်တယ်လိုု့ ဆိုုပါတယ်။ မြန်မာနိုုင်ငံမှာတော့ စာရင်းအတိအကျ မရနိုုင်ပါဘူး ဒါပေမယ့်လည်း အင်တာနက် သုံုးစွဲမှုကတော့ ပိုုပြီးများလာ၊ အားကောင်းလာ နေတာတွေ့ရပါတယ်။
မြန်မာနိုုင်ငံရဲ့တယ်လီဖုုန်း ဆက်သွယ်ရေး စနစ်ပွင့်လင်းလာတဲ့ လှိုင်းနဲ့အတူလိုုက်စီးသူတွေထဲက တဦးဖြစ်တဲ့ သဥ္ဒာရွှန်းလဲ့ရည် (၂၁ နှစ်)ကလည်း မနက်မိုုးလင်းရင် သူ့ရဲ့ စမတ်ဖုုန်းက တဆင့် ဖေ့စ်ဘွတ်နဲ့အီးမေးလ်ကိုု စစ်သူဖြစ်ပါတယ်။
ဒါပေမယ့် အများစုုသော မြန်မာလူမှုဘဝတွေနဲ့ အွန်လိုုင်းသုံုးစွဲနိုုင်ခြင်းဟာ မနီးစပ်နိုုင်သေးတာက တကယ့် အခြေအနေ ဖြစ်နေပါသေးတယ်။
ရန်ကုုန်မြို့မှ လူအများအပြားဟာ တနေ့ကိုု အမေရိကန် ၁ဒေါ်လာသာ ၀င်ငွေရချိန်မှာ အယ်စီဒီ မော်နီတာနဲ့ စာပွဲတင်ကွန်ပျူတာ တစ်လုံုးတန်ဖိုးဟာ ကျပ် ၄ သိန်းရှိနေပြီး Lenovo Thinkpad နုုတ်ဘွတ်ခ် ကွန်ပျူတာ ကတော့ ကန်ဒေါ်လာ ၁၃၀၀ ရှိနေပါတယ်။
စစ်တပ်မိသားစုုမှ မွေးဖွားသူ၊ မကြာသေးခင်ကမှ ပညာရေးတက္ကသိုုလ်က ဘွဲ့ရခဲ့သူ သဥ္စာရွှန်းလဲ့ရည် သည်ပင်လျင် အန့်ဒရွိုက် ၂.၁ Éclair ဆော့ဖ်ဝဲပါတဲ့ စမတ်ဖုုန်းကိုု ပထမဆုံုးပိုုင်ဆိုုင်နိုုင်ခဲ့တာပါ။ တန်ဖိုုးအားဖြင့် ကျပ်ငွေ ၁ သိန်း ၀န်းကျင်တန်တဲ့ တန်ဖိုုးအလယ်အလတ် စမတ်ဖုုန်းကိုု ယခုုနှစ်မှာပဲ သူမရဲ့ဦးလေးထံမှ လက်ဆောင်အဖြစ် ရရှိခဲ့တာပါ။
“ကံမကောင်းတာက ဒီဖုုန်းက အန့်ဒရွိုက် ၂.၁ ဗားရှင်းဖြစ်နေတော့ တချို့ဆော့ဖ်ဝဲတွေကိုု သူများတွေလိုု မသုံုးနိုုင်ဘူး၊” လိုု့ မသဥ္ဖာက ပြောပြပါတယ်။ သူမအနေနဲ့ 2G အင်တာနက်စနစ်သုံုး နိုုင်ဖိုု့ ကျပ် ၁ သောင်းနဲ့လိုုင်းဖွင့်ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ အန့်ဒရွိုက် သုံုးစွဲသူတွေအဖိုု့ ၄.၃ Jelly Bean ဆော့ဖ်ဝဲဗားရှင်းအထိ ရောက်ရှိနေပါပြီ။
ရန်ကုုန်မြို့ ဗိုုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးမှာ ပလပ်စတစ်အခင်းခင်းပြီး ကွန်ပျူတာ အစိတ်အပိုုင်းလိုု နောက်ဆုံုးပေါ် စမတ်ဖုုန်းလိုု ပစ္စည်းရောင်းနေတဲ့ လမ်းဘေးဆိုုင်တွေမှာ လူတွေဆောင့်ကြောင့်ထိုုင်ပြီး ကြည့်နေကြပါတယ်။
၂၀၁၀ ခုုနှစ်မတုုိင်မီကဆိုု မြန်မာပြည်သူတွေအနေနဲ့ ဖုုန်းဆင်းကတ် တကတ် သိုု့မဟုုတ် မိုုဘိုုင်းဖုုန်းလိုုင်း တလိုုင်းကိုု ၀ယ်ယူဖိုု့ ဒေါ်လာ ၃ ထောင်လောက်သုံုးဖိုု့လိုုအပ်ပါတယ်။ အခုုလက်ရှိအချိန်မှာတော့ 3G သုံုးနိုုင်တဲ့ ဆင်းကတ်ကိုု မှောင်ခိုုစျေးကွက်မှာ ဒေါ်လာ ၄၀၀ အောက်လျော့ လျော့နဲ့ဝယ်နိုုင်ပါပြီ။
မိုုဘိုုင်းဖုုန်းနဲ့ အင်တာနက်ကလည်း ပိုု၍အသုံုးများလာ၊ လက်လှမ်းမှီလာနေတာကြောင့် အင်တာနက်သုံုးစွဲ တာနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေလည်း မြန်မာနိုုင်ငံရဲ့တံခါးဝကိုု ရောက်လာနေပါတယ်။
အသွားနှစ်ဖက်နဲ့ ဓါး
အွန်လိုုင်း ချိတ်ဆက်မှုအနေနဲ့ ပြောရရင် မြန်မာနိုုင်ငံဟာ “နောက်ပေါက်တဲ့ ရွှေကြာပင်” ဖြစ်ပေမယ့်လည်း အခြားသောကမ္ဘာ့နိုု်င်ငံတွေလိုုပဲ အင်တာနက်ဟာ နိုုင်ငံရေးရာသီဥတုုကိုု အဆုံုးအဖြတ်ပေးနိုုင်ပြီး အဓိကကျတဲ့ အခန်းကဏ္ဍကိုု အရှိန်ဟုုန်ပြင်းပြင်းလျင်လျင်မြန်မြန် ရောက်ရှိလာပါတယ်။ အင်တာနက်က သတင်းတွေဖြန့်ဝေပေးခြင်း၊ သြဇာရှိခြင်း၊ စိတ်ခံစားမှုများကိုု ပေးနိုုင်တဲ့အစွမ်းရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ရခိုုင်ပြည်နယ်မှာ ဗုုဒ္ဓဘာသာဝင်တွေနဲ့မူဆလင်များအကြား တင်းမာမှုဖြစ်ပွားပြီး အကြမ်းဖက် မှုတွေအထိ ဖြစ်တဲ့အခြေအနေထိရောက်ရှိပြီးနောက် မြန်မာနိုုင်ငံအလယ်ပိုုင်း ဒေသများဆီထိ ပြန့်နှံ့သွားတဲ့ အဖြစ်အပျက်မှာ အွန်လိုုင်းစာမျက်နှာများမှ တဆင့် အယုံုသွင်းတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ အမုုန်းတရားနဲ့ရေးသားတာတွေဟာ လူများစွာကိုု အံ့အားသင့်စေခဲ့ပါတယ်။ ဗုုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေဟာ အွန်လိုုင်းမှာ ပွင့်ပွင့်လင်းလင်း တိုုက်ခိုုက်နေခဲ့ကြတာပါ၊ အဲဒီလိုု အကြိမ်များစွာ လှုံ့ဆော်ပြောဆိုုမှုတွေက တဆင့် တပါးသူရဲ့ယုံုကြည်ကိုုးကွယ်မှု ထိခိုုက်လာပြီး အကြမ်းဖက်တဲ့ အပြုအမှုတွေကျူးလွန် စေနိုုင်ပါတယ်။
အကြမ်းဖက်မှုတွေကိုု အစိုုးရရဲ့ ထိန်းသိမ်းကိုုင်တွယ်ပုံုကိုုလည်း မေးခွန်းထုုတ်စရာဖြစ်ခဲ့ပါတယ်။ ယခုုနှစ်သြ ဂုုတ်လနှောင်းပိုုင်းမှာတော့ မြန်မာနိုုင်ငံရဲ့ဒုုတိယအကြီးဆုံုးမြို့ ဖြစ်တဲ့ မန္တလေးနဲ့ ၁ နာရီသာသာကား နဲ့သွား နိုုင်တဲ့ စစ်ကိုုင်းတုုိင်းဒေသကြီးမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအဓိကရုုဏ်းမှာတော့ မူဆလင် တွေပိုုင် လူနေအိမ်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
အရင်နှစ်ကစတင်ခဲ့တဲ့ ဗုုဒ္ဓဘာသာဝင်နဲ့မူဆလင်များ အကြားဖြစ်ပွားတဲ့ အဓိကရုုဏ်းတွေကြောင့် လူ ၂၀၀ ၀န်းကျင်သေဆုံုးခဲ့ရပြီး လူပေါင်း ၂သိန်းခွဲကျော် သူတိုု့ရဲ့ မူရင်းနေရာကနေ စွန့်ခွာခဲ့ရပါတယ်။ တြိဂံအမျိုး သမီး ကူညီထောက်ပံ့မှု အုုပ်စုကိုုတည်ထောင်သူ မခင်လေးက “ဖေ့စ်ဘွတ်က ရေအိမ်ထဲက နံရံလိုုဖြစ်နေ တယ်၊ ကျွန်မတိုု့နိုု်င်ငံက ဆင်းရဲတဲ့ဒေသတွေမှာရှိတဲ့ ရေအိမ်ထဲက နံရံက အရမ်းညစ်ပတ်တယ်၊ လူတွေက သူတိုု့ရေးချင်တာကိုု အဲဒီနံရံမှာရေးကြတယ်” လိုု့ ပြောပါတယ်။
မိုုဘိုုင်းဖုုန်းနဲ့ အင်တာနက်ကိုု စျေးသက်သက်သာသာ သုံုးနိုုင်တဲ့ အချက်က လူမှုအဖွဲ့အစည်းက ဘယ်လိုု နောက်ခံရှိရှိ၊ ဘယ်လိုုပညာရေး အဆင့်မျိုးမဆိုု အလွှာပေါင်းစုံုက ညစ်ညမ်းတဲ့ စကားလုံုးတွေရေးနိုုင်ခွင့် လိုုင်စင်ပေးလိုုက်သလိုုဖြစ်နေတယ်လိုု့လည်း မခင်လေးက ပြောပါတယ်။
တခြားသူရဲ့ယုံုကြည်မှုကိုု နက်ရှိုင်းတဲ့ အမုုန်းတရားနဲ့မိမိတို့ရဲ့ ဒေါသ ဒါမှမဟုတ် ဆူပူအောင် လှုံ့ဆော်မယ့်သူ တွေ အွန်လိုင်းပေါ်မှာ အများအပြားရှိနေပါတယ်။
အွန်လိုင်းပေါ်မှ အမုန်းစကားတွေဟာ စိုးရိမ်ဖွယ်ရာ လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ရန်ကုန်မြို့မှ မီဒီယာသမားတွေနဲ့ လူမှုလှုပ်ရှားသူများက ဒီလမ်းကြောင်းရဲ့ နောက်ကွယ်မှာ တခြားသော အင်အားစုတွေ လက်ရာပါနေတယ်လို့ ယုံကြည်ကြောင်း ပြောဆိုကြပါတယ်။ ဒီလုပ်ဆောင်မှုဟာ မြန်မာနိုင်ငံက ဒီမိုကရေစီကူးပြောင်းရေး လမ်းစဉ်ကိုနောက်ပြန်လှည့် ကြိုတင်စီစဉ်တဲ့အဖြစ်အပျက်တစ်ရပ်များ ဖြစ်နေမလားလို့ မေးစရာရှိပါတယ်။
ဒီနောက်မှာ များပြားလှတဲ့ ထောက်ပ့ံငွေတွေနဲ့ နောက်ခံပေးထားတဲ့ အုပ်စုကြီးရှိနေပြီး သူတို့က ရည်ရွယ်ချက်ရှိရှိ အမုန်းစကားတွေကို ဖန်တီးကာနိုင်ငံအနှံ့ အကြမ်းဖက်မှုဖြစ်ပွားအောင် လှုံ့ဆော်မယ် “ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကြမ်းဖက်မှုတွေဖြစ်လာရင် စစ်တပ်က အာဏာကို သိမ်းနိုင်တယ်” လို့ နေဖုန်းလတ်က ပြောပါတယ်။
အမှန်တကယ်လား ဖန်တီးလိုက်တဲ့ကိစ္စလား
အမုန်းစကားတွေရဲ့ “ရေသောက်မြစ်”ကို သံသယရှိကြောင်း နေဖုန်းလတ်က ထုတ်ဖေါ်ပြောဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဖေ့စ်ဘွတ်ပေါ်က ပဋိပက္ခတွေဖြစ်စေနိုင်တဲ့ မှတ်ချက်တွေဟာ ၂ မိနစ် ၃ မိနစ်အတွင်း ၁၅၀ လောက်ဝိုင်းပြီး share လုပ်ကြတာကို မကြာခဏတွေ့ရလို့ပဲ ဖြစ်တယ်လို့ ၎င်းကပဲပြောပါတယ်။
“ (အမုန်းစကားရဲ့ ) ပထမအရင်းခံက သာမန်လူတွေထံမှ မဟုတ်ဘူး” လို့ ကိုနေဖုန်းလတ်က ပြောပါတယ်။
တချို့သော ဖေ့စ်ဘွတ်စာမျက်နှာတွေကို ပရိသတ်လာကြည့်အောင် ဘောလုံးနှစ်သက်သူတွေကြိုက်မယ့် အကြောင်းအရာ၊ ဟာသလိုအကြောင်းအရာတွေနဲ့ ရုပ်ဖျက်ထားတယ်လို့ ရန်ကုန်သတင်းစာသင်တန်း ကျောင်း ရဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ကိုသီဟမောင်မောင်က ဆိုပါတယ်။ အဲဒီပေ့ချ် စာမျက်နှာတွေဟာ အချိန်ကာလအနည်းငယ်ကြာတဲ့အခါမှာ အမျိုးသားရေးဝါဒဆန်တဲ့ အကြောင်းအရာတွေကို ရေးသားတဲ့ အသွင်ပြောင်းတတ်ကြတယ်လို့လည်း ၎င်းကဖြည့်စွက်ပြောဆိုပါတယ်။
“အဲဒီ ဖေ့စ်ဘွတ် အကောင့်နဲ့ ပေ့ချ်တွေဟာ အတော့်ကိုတူပါတယ်” လို့၎င်းက ဆက်လက်ပြောဆိုပါတယ်။ “သူတို့တင်တဲ့ status နဲ့ တင်တဲ့ဓါတ်ပုံတွေဟာ ဆင်ဆင်တွေပါပဲ၊ တယောက်ထဲ ဒါမှမဟုတ် တအုပ်စုထဲက သူတွေပါပဲ” လို့ ကိုသီဟမောင်မောင်က ပြောပါတယ်။
သူ့ဓါတ်ပုံရဲ့ မျက်နှာနဲ့ ဖေါ်ချွတ်ထားတဲ့ အခြားအမျိုးသမီးတယောက်ရဲ့ ကိုယ်ခန္ဒာတို့ကိုဆက်စပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမီးလို့ဆိုတဲ့ ဓါတ်ပုံကို အွန်လိုင်းပေါ်မှာသူတွေ့လိုက်ရတဲ့အခါ စိတ်မသက်သာ ဖြစ်သွားခဲ့ရတယ်လို့ ကာယကံရှင် မသဥ္ဇာရွှန်းလဲ့ရည်က ပြောပြပါတယ်။
“(အွန်လိုင်းပေါ်မှာ) လူနှစ်မျိုးနှစ်စားရှိတယ်၊ အစိုးရကိုထောက်ခံသူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ” “သူတို့တွေတဖက်နဲ့ တဖက်တိုက်ခိုက်နေကြတယ်၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ အထင်ရှားဆုံး အကြော်ကြားဆုံးသူတွေပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူဘက်က တယောက်ယောက်က တစုံတခုတင်လိုက်တဲ့အခါ အစိုးရလိုလားသူတွေက မကောင်းဝင်ရေးကြတယ်၊ ဒေါ်စုကို သူတို့ တကယ်မုန်းကြတာ” လို့ သဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
စစ်တပ်မိသားစုမှာမွေးဖွားတဲ့ သဥ္ဇာရွှန်းလဲ့ရည် ၀င်ထားတဲ့ ဖေ့စ်ဘွတ်အုပ်စု ၂ စုရှိပြီး တစုက ဗမာ၊ နဲ့ တခြားတိုင်းရင်းသား လူမျိုးတွေပါ၀င်တဲ့ တက္ကသိုလ်သူငယ်ချင်း အုပ်စုဖြစ်ပါတယ်။ နောက်အုပ်စုတစု ကတော့ စစ်တပ်မိသားစုဝင်တွေပါ၀င်တဲ့ အထက်တန်းကျောင်းက သူငယ်ချင်းအုပ်စုပါ။
ပြီးခဲ့တဲ့နှစ် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ IDP ကျင်းပတဲ့အဖွဲ့မှာ ပါ၀င်ခဲ့တဲ့ အဖြစ်နဲ့ အဲဒီ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ချီတက်ရာမှာ ပါ၀င်ခဲ့ပြီးနောက် သူရဲ့ အရင်တုန်းကသူငယ်ချင်းတွေက တက်ကြွလှုပ်ရှားမှုမှာ ပါ၀င်တာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ တယောက်သော သူ့ထက်အတန်းငယ်သူ သူငယ်ချင်းတဦးက ဆိုရင် သဥ္ဇာရွှန်းလဲ့ရည်ဦးဆောင်နေတဲ့ “ဖေ့စ်ဘွတ်အုပ်စု” ထဲကနေ ထွက်ခွာသွားပါတယ်။ သူ့အနေနဲ့ နို်င်ငံရေး ကနေ ဝေးဝေးနေတာကောင်းမယ်လို့ ယုံကြည်ပြီး ထွက်သွားတာဖြစ်ပါတယ်။ “သူ့အနေနဲ့ ဒီအုပ်စုထဲမှာ မပါတာကကောင်းလိမ့်မယ် လို့ထင်တာလည်းဖြစ်မှာပါ” လို့ သူကပြောပါတယ်။ “သူ့အနေနဲ့ ကြောက်ရွံ့လို့ မဟုတ်ပါဘူး၊ သူ့စဉ်းစားပုံအရ နိုင်ငံရေးနဲ့ ဝေးဝေးနေတာက အကောင်းဆုံး လို့ယူဆတာ” လို့သူက ရှင်းပြပါတယ်။
“သူ့မိဘတွေက အစိုးရဝန်ထမ်းဖြစ်နေဆဲပါ၊ ဒါပေမယ့်ကျွန်မမိဘတွေလည်း ၀န်ထမ်းဖြစ်နေဆဲပါပဲ၊ ကျွန်မရဲ့ လုပ်ဆောင်မှုကြောင့် ဖေဖေအလုပ်ထိခိုက်မယ်ဆိုရင် ကျွန်မလည်း အပြစ်မကင်းသလို တခါတရံခံစားရတယ်၊ ဒါပေမယ့် ထိခိုက်လားမထိခိုက်လားဆိုတာ၊ သေချာတော့ မသိဘူး၊ ဒါကြောင့်ကျွန်မအနေနဲ့ မီဒီယာမှာ၊ လူပရိသတ်အများရှေ့မှာ ပေါ်ပေါ်ထင်ထင်မလုပ်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒါပေမယ့်လည်း နိုင်ငံရေးကိစ္စတွေမှာ တက်ကြွတဲ့ လူငယ်တယောက်အနေနဲ့ ပါ၀င်နေမှာပါ၊ ကျန်တာတော့ မတတ်နိုင်ဘူး ” လို့ သဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ပီတာလည်း အွန်လိုင်းပေါ်က အမုန်းစကားကြောင့် ဒုက္ခကြံုဖူးပါတယ်။ ကိစ္စတရပ်ကို ဆင်ခြင်ဉာဏ်နဲ့ ဆွေးနွေးကြဖို့ တခြားသူတွေကို အွန်လိုင်းပေါ်က ဖိတ်ခေါ်ပြီးနောက် တိုက်ခိုက်ပြောဆိုတာ ခံခဲ့ရတာပါ။
သို့ပေမယ့်လည်း သူ့အနေနဲ့ကတော့ ဖန်တီးထားတဲ့ ကမ္ဘာထဲမှာ အရာအားလုံးအဆိုးချည်းတော့ မဟုတ်ပါဘူး လို့ ယုံကြည်ကြောင်း၊ ကွဲပြားတဲ့ ကိုးကွယ်တဲ့ဘာသာ၊ နိုင်ငံရေးနောက်ခံရှိသူတွေ အွန်လိုင်းမီဒီယာကို သုံးပြီး စော်ကားတဲ့ စကားလုံးတွေနဲ့ တယောက်နဲ့ တယောက် တိုက်ခိုက်ပြောဆိုနေကြမယ့်အစား တွေ့ဆုံ၊ ညှိနှိုင်း နိုင်တဲ့ ပလက်ဖောင်းတခုအဖြစ် သုံးနိုင်တယ်လို့ ဆိုပါတယ်။
“သူတို့အနေနဲ့ အွန်လိုင်းမီဒီယာကို သုံးပြီး မတူညီတာတွေထဲက ဘုံတူညီချက်ကို ရှာဖွေနိုင်ပါတယ်၊ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒီလိုမဖြစ်လာပါဘူး” လို့ ပီတာကပြောပါတယ်။
ဒါပေမယ့် သူကဘာထပ်ပြောသလဲဆိုတော့ “သူတို့ ဘာဘုံတူညီချက်မှ မရှာနိုင်ကြဘူး၊ တချို့တွေက စဉ်းစားဆင်ခြင်မှုတွေ ကြိုးစားပြောဆိုနေချိန်မှာ သူတို့ စော်ကားတိုက်ခိုက်တဲ့ အရာတွေပဲ တင် (post) ကြတယ်၊ ဒါတွေလာပြောမနေနဲ့၊ ငါမယုံဘူးဆိုတာပဲ အဲဒီသူတွေက ပြောကြတယ်” လို့ ဆိုပါတယ်။
ယူနိုက်တက်ကင်းဒမ်းမှာ ပညာသင်ကြားခဲ့တဲ့ ပီတာက ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဘာသာရေးနဲ့ နိုင်ငံရေးအကြပ်အတည်းဆိုတဲ့ နှစ်ခုဟာ သဘာဝအတိုင်း ဖြစ်လာတဲ့အရာ၊ ဒါမှမဟုတ် တမင်ဖန်တီးတဲ့အရာ ဆိုတာကို ထောက်ပြပါတယ်။
“လူထုက နိုင်ငံရေးအပြောင်းအလဲတွေ အတွက်ပြောဆိုကြ ၊ တိုက်ပွဲဝင်ကြတဲ့အခါတိုင်း အစိုးရလုပ်တဲ့သူက ဗုဒ္ဓဘာသာဝင်နဲ့ မူဆလင်တွေရဲ့ အကြပ်အတည်းတခုကို ဖန်တီးစမြဲပဲ” လို့သူက ပြောပါတယ်။ “တကယ်လို့ ကျွန်တော်တို့ သမိုင်းကို လေ့လာကြည့်မယ်ဆိုရင် ၁၉၃၀ ကျော်ခုနှစ်တွေမှာ၊ လွတ်လပ်ရေးရပြီးနောက်မှာ ဘာသာရေးနဲ့ နိုင်ငံရေး အကြပ်အတည်းတွေ အများကြီးရှိခဲ့တာကိုတွေ့ရမှာပါ” “ဒါကြောင့် လတ်တလော ဘာသာရေးနဲ့ ဆိုင်တဲ့အကြပ်အတည်းဟာ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ တချို့အုပ်စုတွေက ဖန်တီးတာလို့ ကျွန်တော်တို့သံသယဖြစ်တာပါ၊ နောက်ပြီး အွန်လိုင်းမီဒီယာကလည်း အဲဒီလို မရိုးသားတဲ့ လုပ်ဆောင်မှုတွေအတွက် လက်နက်ကိရိယာတခုဖြစ်လာနေပါတယ်” လို့ ပြောသွားပါတယ်။
တြိဂံ အမျိုးသမီးကူညီပံ့ပိုးရေးအုပ်စုမှ မခင်လေးက ဗုဒ္ဓဘာသာဝင်နဲ့ မူဆလင်တို့အကြားက တချို့တင်း မာမှုတွေရဲ့ အကြောင်းကိုလိုက်ကြည့်မယ်ဆိုုရင် စီးပွားရေးပြဿနာနဲ့ ပြန်ပြီး ဆက်စပ်နိုုင်တယ်။ တိုင်းပြည် လူဦးရေရဲ့ ၅% သာရှိတဲ့မူဆလင်တွေက တချို့နေရာတွေမှာ ဗုုဒ္ဓဘာသာဝင်တွေထက် ချမ်းသာနေကြ တာကြောင့် ပါပဲ။
အမျိုးဘာသာ သာသနာ ဆိုုတဲ့အမှတ်တံဆိပ်နဲ့ ဘွင်းဘွင်းထုုတ်ဖေါ်ပြောလေ့ရှိတဲ့ ၉၆၉ လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဦးဝီရသူက မူဆလင်တွေဟာ ဧည့်သည်တွေ၊အပြင်လူတွေလိုု့ သတ်မှတ်ပြီး လူတွေရဲ့ စိတ်ခံစားမှုကိုု လှုပ်ခါစေခဲ့ပါတယ်လိုု့ မခင်လေးက ပြောပါတယ်။
“အခုတလောမှာ လူတွေဘာတွေပြောနေကြလဲဆိုု ငါတိုု့ ဒီမိုုကရေစီမလိုုချင်ဘူး၊ ငါတိုု့ ဘာသာပဲ လိုုချင်တယ်၊ “အရင်တုုန်းကတော့ အန်အယ်လ်ဒီရဲ့ လူကြိုက်များမှုက မြင့်ခဲ့တယ်၊ မကြာမီကတော့ ကျဆင်းလာတယ်၊ ဘာကြောင့်လဲ ဆိုုရင် ဒါ (အွန်လိုုင်းပေါ်ကအမုန်းစကား) တွေက အန်အယ်လ်ဒီကိုု ဆန့်ကျင်တဲ့ အစိုုးရရဲ့ လက်နက်ဖြစ်လိုု့ပဲ၊ သူတိုု့က အန်အယ်လ်ဒီရဲ့ဂုုဏ်သိက္ခာကိုု ကျစေပြီး လူကြိုက်များမှုလျော့ကျ စေခဲ့ပါတယ်။
“အကြပ်အတည်းမတိုုင်ခင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုုန်းက အန်အယ်လ်ဒီက နေရာအများအပြားမှာ နိုုင်ခဲ့တယ်၊ အဲဒီလိုုနိုုင်ပြီး မကြာခင်မှာပဲ အကြမ်းဖက်မှုတွေစတင်ခဲ့တာပါ” လုုိ့မခင်လေးကပြောပါတယ်။
ပီတာကလည်းဘဲ ဘာသာရေး ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုုကြည်နဲ့ အန်အယ်လ်ဒီတိုု့က လုံုလောက်တဲ့ ပြောဆိုုမှု မရှိခဲ့ဘူးဆိုုပြီး ဝေဘန်မှုတွေ မြင့်တက်ခဲ့တယ်ဆိုုတဲ့အကြောင်းနဲ့ အဲဒီအချက်က မြန်မာနိုုင်ငံမှာ ယုံုကြည်ချက်အတိုုင်းပြောဆိုုတဲ့ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ လူကြိုက်များမှုကိုု ထိခိုုက်စေခဲ့တယ် လိုု့ဆိုုပါတယ်။
တချို့သော သုံုးသပ်သူတွေကလည်း မဲဆန္ဒရှင်များအနက် ဗုုဒ္ဓဘာသာဝင်က အများစုုဖြစ်နေတာကြောင့် ဒေါ်အောင်ဆန်းစုုကြည်အနေနဲ့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲကိုု ငဲ့ပြီး အကြမ်းဖက်မှုတွေကိုု ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် မရပ်တည်ခဲ့ဘူးလိုု့ ဝေဘန်ကြပါတယ်။
လွတ်လပ်စွာထုုတ်ဖေါ်ခွင့် နှင့် လူမှုသဟဇာတဖြစ်မှု
လတ်တလောအမုန်းစကားတွေအတွက် စိတ်ဆိုုးနေချိန်မှာမြန်မာငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေးကူညီ ဆောင်ရွက်သူ ဦးညိုအုုန်းမြင့်က အွန်လိုုင်းပေါ်က အမြင်ဖလှယ်တဲ့ကိစ္စတွေကိုု ကာကွယ်ပြောဆိုုပါတယ်။ မြန်မာလူထုုဟာ နိုုင်ငံရေးဖိနှိပ်မှု နှစ်ငါးဆယ်လောက်ကြာပြီးနောက်မှ ရရှိလာတဲ့ လွတ်လပ်မှုကိုုလက်တွေ့ စမ်းသပ်ကြည့်နေကြတာသာဖြစ်တယ်လိုု့ ဆိုုပါတယ်။
“မြန်မာလူထုုဟာ လူမှုရေးအားဖြင့် ရှေးရိုုးဝါဒီဆန်ပေမယ့် နိုုင်ငံရေးအားဖြင့်တော့ လစ်ဘရယ်ဆန်ပါတယ်” လိုု့သူက ပြောပါတယ်။ “သူတိုု့က ပွင့်ပွင့်လင်းလင်းရှိကြတယ်၊ အကျိုးဆက်ကဘာဖြစ်မလဲဆိုုတာကိုု မစဉ်းစားကြဘူး၊ ဒါကြောင့်ဒါတွေဟာ အမုန်းစကားမဟုုတ်ဘူး၊ မြှုပ်ထားတဲ့ ရည်ရွယ်ချက်မရှိတာပဲဖြစ်ပါ တယ်” လိုု့ဦးညိုအုုန်းမြင့်က ပြောပါတယ်။
“လူအများက သူတိုု့ရဲ့ခံစားချက်ကိုု လွတ်လပ်စွာပြောဆိုုထုုတ်ဖေါ်ခွင့် ကိုုသုံုးပြီး ထုုတ်ဖေါ်နေကြတာ” လိုု့လည်း သူက ထပ်ဖြည့်စွက်ပြောပါတယ်။
သူ့အနေနဲ့စိုုးရိမ်တာတချက်တော့ရှိပြီး အဲဒီအချက်က ဘာလဲဆိုုရင် စစ်ဆေး အတည်မပြုနိုုင်တဲ့ သတင်း အချက်အလက်တွေ အင်တာနက်ပေါ်မှာ ပြန့်နှံ့နေခြင်းပဲဖြစ်ပါတယ်။
လူမှုသဟဇာတဖြစ်မှုကိုထိန်းသိမ်းထားနိုင်ပြီး လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဘယ်လိုနည်းနဲ့ပိုရအောင် လုပ် မလဲဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာနေပါတယ်။
သိမ်မွေ့သော ဘက်မျှခြေ ထိခိုက်ခံရခြင်း
ကိုနေဖုန်းလတ်က ဆက်သွယ်ရေးဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောဆိုရာမှာ တွေးခေါ်ပုံဟောင်းနဲ့ “အစိုးရသစ်” က သူ့ရဲ့ထိန်းချုပ်မှုကို ဆက်ကိုင်ထားဖို့ နည်းလမ်းရှာဖွေရာမှာ အိုင်စီတီ နယ်ပယ်ကို ကြပ်မတ် စောင့်ကြည့်မယ့်အဖွဲ့တဖွဲ့ကို ထူထောင်ခြင်းပဲလို့ သူမှတ်ယူကြောင်း “ကျွန်တော်တို့ အခုပိုလွတ်လပ်လာ တယ်၊ ဒါပေမယ့် ကျွန်တော်တို့မလုံခြံုတော့ဘူး” လို့ကိုနေဖုန်းလတ်က ပြောပါတယ်။ အဲဒီဥပဒေမူကြမ်း ဟာ ၂၀၀၄ အီလက်ထရွန်းနစ် အက်ဥပဒေကို မိတ္တူပွားထားတဲ့ သဘောဖြစ်ပြီး အဲဒီဥပဒေမှာ တစုံတယောက်က အင်တာနက်မှာ တင်လိုက်တဲ့ ပို့စ် တခုကြောင့် အမျိုးသား လုံခြံုရေးနဲ့ အများအကျိုးစီးပွားထိခိုက်မယ် ဆိုရင် ပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးနိုင်အောင် ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေမှာ သုံုးနှုန်းထားတဲ့ စကားလုံုးတွေက တိကျမှုမရှိပဲ လိုုရာဆွဲအဓိပ္ဗါယ်ဖွင့်ဆိုုနိုုင်ပါတယ်လိုု့ ကိုုနေဖုုန်းလတ်က ပြောပါတယ်။
၂၀၀၇ ခုုနှစ်ကုုန်ပိုုင်းဖြစ်ပွားတဲ့ “ရွှေဝါရောင် တော်လှန်ရေး” ကိုုဖြိုခွဲမှု သတင်းအချက်အလက်တွေကို နိုုင်ငံတကာက သိအောင်ဖြန့်ဝေတယ်ဆိုုတဲ့ ပြစ်မှုနဲ့ ကိုုနေဖုုန်းလတ် ထိုုစဉ်က စစ်အစိုုးရရဲ့ ဖမ်းဆီးခြင်းကိုု ခံခဲ့ရပါတယ်။ သူ့ကိုု အထက်ကပြောတဲ့ အီလက်ထရွန်းနစ်အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရပြီး နိုုင်ငံတော် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ယခင်နှစ်ကမှ လွတ်မြောက်လာတာပါ။
အခုုတော့ ကိုုနေဖုုန်းလတ် ဦးဆောင်လှုပ်ရှားနေတဲ့ MIDO အဖွဲ့က ဆက်သွယ်ရေးဆိုုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်အကြံပြုချက်တွေကိုု အစိုုးရထံ ပေးပိုု့ထားပါတယ်။ ဆက်သွယ်ရေးဆိုုင်ရာ ကိစ္စရပ် တွေမှာ လွတ်လပ်ပြီး ကိုုယ့်ဘာသာကိုုယ်ကြီးကြပ်တဲ့ အဖွဲ့အစည်းလိုုပေါ်ထွက်လာဖိုု့ မျှော်လင့်ထားပြီး ထောင်ဒဏ် ရ နှစ်ကနေ ၁၅ နှစ်ထိချမှတ်နိုုင်တယ်ဆိုုတဲ့ အချက်ကိုုလည်း ပယ်ဖျက်ဖိုု့ မျှော်လင့်ထားပါတယ်။ အဲဒီဥပဒေကြမ်းကိုု ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွတ်တော်တိုု့က အတည်ပြုပြီးပါပြီ။ နိုုင်ငံတော် သမ္မတလက်မှတ်ရေးထိုုးပြီးနောက်မှာ ဥပေဒအဖြစ် အတည်ဖြစ်လာမှာလိုု့ ကိုုနေဖုုန်းလတ်က ပြောပါတယ်။ နောက်ဆုံုးမူကြမ်းကိုုတော့ သူလည်း မတွေ့ရသေးဘူးလိုု့ ဖြည့်စွက်ပြောပါတယ်။
ပြန်ကြားရေး ဒုုဝန်ကြီးဖြစ်သူဦးရဲထွဋ်က “ကျွန်တော်တိုု့အနေနဲ့ အင်တာနက်သုံုးစွဲမှုနဲ့ပတ်သက်တဲ့ တင်းကြပ်မှုတချို့ကိုုရုုပ်လိုုက်တဲ့အခါ လတ်တလော လူမျိုးမတူဘာသာမတူသူတွေအကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားစေတဲ့ အကြောင်းတစ်ချက်ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး အမုုန်းစကားတွေ အများကြီးထွက်ပေါ်လာတာကိုု သတိပြုမိတယ်” လိုု့ အီးမေးလ်ကနေ ပြောကြားပါတယ်။
“အခုုကျွန်တော်တိုု့ အရပ်ဖက်လူ့မှုအဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းပြီး အင်တာနက်ပေါ်က အမုုန်းစကားတွေနဲ့ ပတ်သက်လိုု့ လူမှုနိုုးကြားမှု မြှင့်တက်လာအောင် လှုပ်ရှားမှုတွေလုုပ်နေပါတယ်” လိုု့လည်း ဦးရဲထွဋ်က ပြောပါတယ်။
လူမှုမီဒီယာနဲ့ပတ်သက်လိုု့ အစိုုးရက ထိန်းချုပ်မှုတွေ လုုပ်မလုုပ်ကိုုတော့ ဦးရဲထွဋ်က ထုုတ်ဖေါ်ပြောဆိုုသွား ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုုတ်လလယ်တုုန်းက လုံုခြံုရေးတပ်ဖွဲ့ဝင်တွေနဲ့ ရိုုဟင်ဂျာလိုု့ သူတိုု့ကိုုယ်သူတိုု့ခေါ်ဆိုုတဲ့သူတွေ အကြား ပဋိပက္ခဖြစ်ပွားတဲ့ ဓါတ်ပုံုကိုု အွန်လိုုင်းပေါ် တင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ရုုိဟင်ဂျာမူဆလင် တက်ကြွလှုပ် ရှားသူ ကိုုသန်းရွှေအကြောင်းနဲ့ ပတ်သက်လိုု့ဦးရဲထွဋ်ကိုုမေးရာမှာတော့ ဒီလုုပ်ရပ်ဟာ ဘာသာရေးဆန်တဲ့ အမုုန်းစကားပြန့်နှံ့အောင် လုုပ်ဆောင်မှု တခုုဖြစ်လိုု့ ဓါတ်ပုံုတင်သူကိုု ဖမ်းဆီးဖိုု့ ညွှန်ကြားရတာပါလိုု့ ပြောပါတယ်။
“နောက်ထပ် လူမှုမီဒီယာကိုု ထိန်းချုပ်မယ့် ဥပဒေတစ်ရပ် ပေါ်ထွက်လာတာထက် လူတွေနိုုးကြားလာအောင် အသိပေးတဲ့ လုှုပ်ရှားမှုတွေလုုပ်တာကိုု ကျွန်တော်တိုု့က ပိုုအားပေးတယ်” လိုု့ ဦးရဲထွဋ်က ဖြည့်စွက်ပြော ဆိုုပါတယ်။ လွန်ခဲ့တဲ့ ဇူလိုုင်လကလည်း အမေရိကန်နိုုင်ငံ သံရုံုးနဲ့ပြန်ကြားရေးဝန်ကြီးဋ္ဌာနတိုု့ ပူးပေါင်းပြီး အမုုန်းစကားတွေနဲ့ပတ်သက်တဲ့ အလုုပ်ရုံုဆွေးနွေးပွဲ တစ်ခုုကိုု ပြုလုုပ်ခဲ့ကြပါသေးတယ်။
သိုု့ပေမယ့်လည်း အင်တာနက်သုံုးသူအများစုုကြားမှာ ရင့်ကျက်မှု အဆင့်အတန်းဖြစ်စေချင်သလောက် မြင့်တက်မလာသော်လည်း အစိုုးရအနေနဲ့ အွန်လိုုင်းပေါ်က ထင်မြင်ယူဆချက်တွေကိုု ထိန်းချုပ်ဖိုု့ မသင့်ဘူးလိုု့ ကိုုနေဖုုန်းလတ်က ပြောပါတယ်။ လူတွေကသူတိုု့ဘာသာသူတိုု့ ထိန်းသိမ်းနိုုင်ပါတယ်လိုု့လည်း ဆိုုပါတယ်။
“ကျွန်တော်တိုု့ တယောက်ကိုုတယောက် ထိန်းနိုုင်ကြပါတယ်။ အွန်လိုုင်းယဉ်ကျေးမှုကိုု ကျွန်တော်တိုု့အကြား ဖန်တီးနိုုင်ပါတယ်”လိုု့ သူက ဆိုုပါတယ်။
“ကျွန်တော့်မှာ ဖေ့စ်ဘွတ်မိတ်ဆွေ ၅ ထောင်ရှိပါတယ်၊ သူတိုု့တယောက်ယောက်က အမုုန်းစကားရေးသား လာရင်ကျွန်တော် သတိပေးပါတယ်။ အဲလိုုသတိပေးလျက်နဲ့နောက်တကြိမ် လုုပ်ရင်တော့ ကျွန်တော် မိတ်ဆွေအဖြစ်က “ဖြုတ်ပယ်” unfriend လိုုက်ပါတယ်၊ အခုုကျွန်တော့်အနေနဲ့ပြောနိုုင်တာက ကျွန်တော့်မိတ် ဆွေတွေဟာ အမုုန်းစကားရေးသား ပြောဆိုုကြသူတွေ မဟုုတ်ဘူးဆိုုတာကိုု သေချာပြောနိုုင်ပါတယ်” လိုု့ ကိုုနေဖုုန်းလတ်က ပြောပါတယ်။
“တကယ်လိုု့ တစုံုတယောက်က ဆိုုင်ဘာပြစ်မှု ကျူးလွန်တာခံရလိုု့ရဲကိုုတုုိင်ကြားခဲ့ရင် ကိုုယ်ဘာပြောနေ တယ်ဆိုုတာကိုု ရဲက နားလည်မှာ မဟုုတ်ဘူး” လိုု့လည်း သူကပဲပြောပါတယ်။ အချို့ကတော့ အွန်လိုုင်း ပေါ်က အမုုန်းစကားတွေရဲ့အန္တရာယ်က သေးငယ်ပါသေးတယ်လိုု့ ပြောနိုုင်ပါတယ် ဘာကြောင့်ဆိုု မြန်မာအွန်လိုုင်း လူမှုအဖွဲ့အစည်းဟာ ပမာဏအားဖြင့်နည်းပါးတယ်လိုု့ ဆိုုနိုုင်သေးတာကြောင့်လည်း ဖြစ်ပါတယ်။
သိုု့ပေမယ်လိုု့ တယ်လီဖုုန်းဆက်သွယ်ရေး မြန်ဆန်စွာကြီးထွားလာဖိုု့မျှော်လင့်ရတဲ့ မြန်မာနိုုင်ငံအဖိုု့ အွန်လိုုင်းပေါ်က အမြင်တွေက တိုုင်းပြည်ကိုု ထိခိုုက်နိုုင်မယ့် စိမ်ခေါ်မှုတွေများလာနေပြီး ဒီအချက်ကိုု ထိန်းသိမ်း ကြည့်ရှုပေးမယ့် အဖွဲ့အစည်းတွေ နည်းပါးနေပါသေးတယ်။
နော်ဝေနိုုင်ငံအခြေစိုုက် တယ်လီနော ဆက်သွယ်ရေး ကုုမ္ဗဏီက လာမယ့် ၂၀၁၄ ခုုနှစ် ဒုုတိယသုံုးလပတ်မှာ အသံနဲ့သတင်းအချက်အလက် ၀န်ဆောင်မှုကိုု စတင်မှာဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုက လူဦးရေရဲ့ ရ၈ ရာခိုုင်နှုန်းကိုု လွှမ်းခြံုမိမှာဖြစ်ပါတယ်။ တဖန် ကာတာအခြေစိုုက် Ooredoo ဆက်သွယ်ရေး ကုုမ္ဗဏီ က လာမယ့် ၂၀၁၉ နှစ်မှာ ခန့်မှန်းခြေအားဖြင့် နိုုင်ငံလူဦးရေ ၈၄ ရာခိုုင်နှုန်းကိုု လွှမ်းခြံုမိမယ့် အများသုံုးနိုုင်မယ့် ၀ိုုင်ဖိုုင်ပွိုင့်ပေါင်း ၁ သောင်းကိုု တပ်ဆင်လိမ့်မယ်လိုု့ သိရပါတယ်။
အင်တာနက်ဟာ လူအချို့အဖိုု့တော့ ကမ္ဘာကြီးရဲ့ဝင်ပေါက် အဝဖြစ်သလိုု၊ အချို့အတွက်တော့ နိုုင်ငံရေး လက်နက်ဖြစ်နေပါတယ်၊ အင်တာနက် သုံုးစွဲနိုုင်မှု နိမ့်နေသေးတဲ့ မြန်မာလူထုုအဖိုု့ အွန်လိုုင်းနေရာဟာ ကိုုယ့်အကျိုးစီးပွားအတွက် ကိုုယ်လုုပ်ဆောင်နေကြတဲ့ လူနည်းစုုအဖိုု့သာ ဖြစ်နေပါတယ်။
ဆိုုင်ဘာအသိုုက်အဝန်း ပွင့်လင်းခြင်းဟာ တချို့သူ၊ တချို့သော အုုပ်စုုတွေအတွက် သီးသီးသန့်သန့် သဘောမျိုး မဖြစ်သင့်ဘူးလိုု့ ဝေဘန်သုံုးသပ်သူတွေက ပြောပါတယ်။ သူတိုု့ကပြောရာမှာ လူထုုကိုု အပြုသဘောနဲ့အားပေးဖိုု့ ပွင့်လင်းမြင်သာမှုရှိဖိုု့ လုုိပါတယ်။ အွန်လိုုင်းနေရာဟာ အုုပ်ချုပ်သူ လူ့မလိုုင်အလွှာရဲ့ နိုုင်ငံရေး ရည်မှန်းချက်တွေ အတွက် တိုုက်ခိုုက်ကြရာနေရာလား သိုု့မဟုုတ် အားလုံုးအတွက် ဆုံုတွေ့ရာနေရာ လားဆိုုတာ ပါ၀င်ပတ်သက်သူ အုုပ်စုုတွေအနေနဲ့ တန်းတူညီတူ တာဝန်ရှိကြတာ အမှန်ပင်ဖြစ်ပါတယ်။
မြန်မာဘာသာပြန်ဆိုသူ - မြင့်ကျော် (သတင်းစာပညာ သင်တန်းဆရာ)
*Chen Shaua Fui သည် အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့၏ ၂၀၁၃ ခုုနှစ်ဖဲလိုုးရှစ် “SEAPA Journalism Fellowship Program” ရရှိသူ ၆ ဦးအနက်မှ တစ်ဦးဖြစ်ပါသည်။ ယခုုဆောင်းပါးမှာ “Freedom of Expression-Challenges to Internet Governance in Southeast Asia” ခေါင်းစဉ်ပါ အစီအစဉ်အတွက် ရေးသားသည့် ဆောင်းပါးတပုုဒ်ဖြစ်၍ နကိုုမူလ www.fz.com တွင်ဖေါ်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။
ယခုုဆောင်းပါးကုုိ မြန်မာနိုုင်ငံတွင်း ထုုတ်ဝေသော သတင်းဂျာနယ်များနှင့် အွန်လိုုင်းသတင်းများအတွက် SEAPA မှ ပြန်လည်ဝေမ ျှပါသည်။