EU မှ အဆင့်မြင့်အရာရှိဟောင်းများ ကရင်အမျိုးသားရဲတပ်ဖွဲ့များအားစွမ်းရည်မြှင့်တင်ပေး

EU မှ အဆင့်မြင့်အရာရှိဟောင်းများ ကရင်အမျိုးသားရဲတပ်ဖွဲ့များအားစွမ်းရည်မြှင့်တင်ပေး
by -
ကေအိုင်စီ

ကရင်အမျိုးသားရဲ(KNPF)တပ်ဖွဲ့ဝင်များကိုလုပ်ငန်းစွမ်းရည်နှင့်လူ့အခွင့်အရေးပိုမိုအားကောင်းလာရန်ရည်ရွယ်၍ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများထဲမှ အဆင့်မြင့်ရဲအရာရှိဟောင်းများက စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင်ပို့ချခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပြည်ထဲရေးနှင့်နိုင်ငံခြားရေးဌာနတို့က ဦးဆောင်သည့်ယင်းအလုပ်ရုံ ဆွေးနွေးပွဲသည်မေ၁၀ရက်မှ၁၂ရက်နေ့အထိ သုံးရက်တာပို့ချခဲ့ခြင်းဖြစ်ပြီးKNU၏ဗဟိုဌာနချုပ်နှင့်ခရိုင် ရခုမှ KNPF တာဝန်ရှိသူများနှင့်ကေအဲန်ယူ၏ အဆင့်ဆင့်သော တရားသူကြီးများ စုစုပေါင်း၂၀ဦးကျော်တက် ရောက်ခဲ့ကြသည်။

KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံပဒိုစောအားတိုးက“ကျနော်တို့ခရိုင် မြို့နယ်အဆင့်ဆင့် ကကရင်ရဲ တွေဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေပိုမိုနားလည်လာဖို့၊ ပြည်သူတွေအေးချမ်းသာယာဖို့ပြည်သူနဲ့ ဘယ်လိုပူးပေါင်းအလုပ်တွေ လုပ်ဆောင်မလဲ။ နောက်ရဲဆိုတာအမှန်တရားဘက်ကရပ်တည်ပြီးပြည်သူတွေကို ကာကွယ်ပေးရမယ်။အဲဒါတွေကိုဆွေးနွေးပို့ချတာဖြစ်တယ်”ဟုကေအိုင်စီသို့ပြောဆိုသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် KNPF တာဝန်ရှိသူများအားဦးဆောင်ပို့ချပေးသူဆရာများမှာ မစ္စတာဘေးလ်၊မစ္စတာပီတာ၊ မစ္စတာဆာရာဒိုနှင့်မစ္စတာဘွန်း တို့ဖြစ်ကြပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းအားဖြင့်ကရင်ရဲ တပ်ဖွဲ့များအတွက်များစွာ အထောက်အကူပြုသလိုလုပ်ငန်းခွင်အတွင်း၌လည်း

စနစ်တကျလက်တွေ့ပြန်လည်အသုံးချကာတာဝန်ထမ်းဆောင်နိုင်ကြလိမ့်မည်ဟုမျှော်လင့်ကြောင်းပဒိုစောအားတိုးကဆက်ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူကေအဲန်ယူသထုံခရိုင်ရဲမှူးကြီးဒုဗိုလ်မှူးကြီးစောဆာ့ဘောနော်က“ကျနော်တို့ကိုပို့ချပေးတာအဓိကရဲတွေလုပ်ဆောင်ရမယ့်တာဝန်ရယ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိုကာကွယ် ဖို့အဲဒါတွေပဲဖြစ်ပါတယ်။ဒီလိုကျနော်တို့သိခွင့်ရသွားတဲ့အတွက်လုပ်ငန်းခွင်မှာတော်တော်အကျိုးရှိမယ်လို့ယုံ ကြည်တယ်”ဟုကေအိုင်စီသို့ပြောသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲကိုယခုနှစ် ဖေဖော်ဝါရီ၁၀ရက်မှ၂၁ရက်နေ့အထိလှိုင်းဘွဲမြို့နယ်၏ ကေအဲန်ယူနယ်မြေ လေး ၀ါးစခန်းတွင်ပြုလုပ်ခြင်းဖြစ်ပြီး KNPF အတွက် ဥပဒေရေးရာနှင့်မှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးရေး ရက်တိုသင်တန်း၏နောက်ဆက်တွဲ ဖြစ်ကြောင်းပဒိုစောအားတိုးကဖြည့်စွက်ပြောဆိုသည်။

KNPF ကို၁၉၉၁ခုနှစ်၊ KNU ဌာနချုပ်ဟောင်းမာနယ်ပလောတွင်စတင်ဖွဲ့စည်းခဲ့ပြီး၁၉၉၅ခုနှစ်နောက်ပိုင်းKNPF ရဲတပ်ဖွဲ့ဝင်များအတွက်စွမ်းရည်မြှင့်တင်ရေးသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ပြန်လည်လုပ်ဆောင် လာနိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week