ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာရှအဆင့် ကာယဗလနှင့် ကာယကြံခိုင်မှုပြိုင်ပွဲသို ့ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန် ကရင်ကာယအလှမယ် နန်းထက်ထက်လင်းကို ပမာဏရွေးချယ်ထားကြောင်း မြန်မာနိုင်ငံ ကာယကြံ့ခိုင် မှု အားကစားအဖွဲ့ချုပ်က ပြောသည်။
လာမည့်သြဂုတ် ၂၈ရက်နေ့တွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားကာယဗလမောင်နှစ်ဦးနှင့်အတူ အမျိုးသမီး ကာယအလှမယ် သုံးဦး သို့မဟုတ် နှစ်ဦးကို ၀င်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမျိုးသားအားကစားသမား နှစ်ဦးကို ရွေးချယ်ထားပြီးဖြစ်သော်လည်း အမျိုးသမီး ကာယအလှမယ် သုံးဦး အား စခန်းသွင်းလေ့ကျင့်နေပြီး နှစ်ဦး သို့မဟုတ် သုံးဦးစလုံး ၀င်ရောက်ယှဉ်ပြိုင်ရန် လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် ရွေး ချယ်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်အလုပ်အမှုဆောင် ဒေါ်ရီရီဝင်းက ကေအိုင်စီသို့ ပြောကြားသည်။
သူမက “အမျိုးသမီး ကာယအလှမယ်် သုံးဦးကို အခု စခန်းသွင်းလေ့ကျင့်နေတယ်။ ကရင်အမျိုးသမီး နန်းထက်ထက်လင်းရယ်၊ ကချင်အမျိုးသမီးခေါ၀င်းနဲ ့မအေးအေးစိုးတို့ပါ သူတို့ထဲကနေ ထရိန်နင် မှန်တဲ့သူ၊ စည်းကမ်းလိုက်နာတဲ့သူတွေကို ရွေးမယ်။ သုံးယောက်လုံးဖြစ်ချင်ဖြစ်မယ်။ နှစ်ယောက်ထဲဖြစ်ချင်ဖြစ်မယ်။ အန်တီတို ့အဖွဲ ့ချူပ်ကဝင်ပြိုင်တာလေးကြိမ်ရှိပြီး တကယ်အ ရည်အချင်းရှိတဲ့သူပဲ ၀င်ပြိုင်မယ်။ နို့မို့ဆို အပျော်သွားပြိုင်သလိုဖြစ်နေမှာပေါ့။ နန်းထက်ထက်လင်းကတော့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။”ဟု ပြောကြားသည်။
ယင်းပြိုင်ပွဲသို့ စေလွှတ်ရန်အတွက် အိုလံပစ်နေ ့ အထိမ်းအမှတ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲ အကြီးတန်းအဆင့်၊ အငယ်တန်းအဆင့်ပြိုင်ပွဲမှ ပထမ၊ ဒုတိယ ရရှိသူလေးဦးနှင့် အဖွဲ ့ချုပ် လက်ရွေးစင်နှစ်ဦး စုစုပေါင်း ၆ဦးတို့ကို ပမာဏယှဉ်ပြိုင် စေရာ အငယ်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသူ နန်းထက်ထက်လင်းက ထပ်မံ တံခွန်စိုက် ပထမဆုရရှိထားသည်။
ပမာဏရွေးချယ်ခံထားရသူ ကရင်အမျိုးသမီး နန်းထက်ထက်လင်းက အာရှအဆင့်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါက သူမအနေဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း ကေအိုင်စီသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် အသက် ၁၉ နှစ် အရွယ်သာရှိသေးသည့် နန်းထက်ထက်လင်းသည် ကရင်ပြည်နယ် ဖားအံမြို့တွင် နေထိုင်သူ တစ်ဦးဖြစ်ကာ မိဘများမှာ ကရင်လူမျိုးများဖြစ်ကြပြီး ဖားအံတက္ကသိုလ်တွင် ရူပဗေဒ နောက်ဆုံးနှစ် တက်ရောက်နေကြောင်း သိရသည်။