သမ္မတအိုဘားမား မြန်မာနိုင်ငံရှိ လူမှုအခြေပြုအဖွဲ့ အစည်းများနှင့်တွေ့

သမ္မတအိုဘားမား မြန်မာနိုင်ငံရှိ လူမှုအခြေပြုအဖွဲ့ အစည်းများနှင့်တွေ့
by -
ကေအိုင်စီ

တိုင်းပြည်ပြုပြင်ပြောင်းလဲမှုတွင် ယနေ့အခြေအနေအထိ တိုးတက်ပြောင်းလဲမှု ဖြစ်လာရခြင်းမှာ မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းများ၏ ကြိုပမ်းအားထုတ်မှု လည်းပါ၀င်ကြောင်း အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက် ရှိခဲ့သော သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ်၌ လူလုအခြေပြုအဖွဲ့ အစည်းခေါင်းဆောင် ၁၄ ဦးနှင့် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ စဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတနှင့် တွေ့ဆုံမှုတွင် ပါ၀င်ခဲ့သူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWAG ၏ ဒါရိုက်တာ နော်စူစဲ နာလှလှစိုးက “ကျမတို့ ပြည်တွင်းမှာ ဖိနှိပ်မှုများစွာနဲ့ အလုပ်လုပ်နေကြရတာပါ။ ဒါကို သူက အသိ အမှတ်ပြုပြီး တော့ ပြောလာတဲ့အတွက် ကြက်သီးထမတက် အံ့သြဝမ်းသာဖြစ်မိတယ်။ ကျမတို့ နိုင်ငံက သမ္မတလည်း ကျမ တို့ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုစေချင်တယ်” ဟု ပြောသည်။

အမေရိကန်သမ္မတနှင့် အချိန်အနည်းငယ်သာ တွေ့ခွင့်ရသော်လည်း ယခုလို ချီးကျူးထောက်ခံခဲ့သည့်အပေါ် ကျေနပ်အားရမိကြောင်း နော်စူစဲနာလှလှစိုး ကဆိုသည်။

၎င်းတွေ့ဆုံမှုတွင် နော်စူစဲနာလှလှစိုး အပါအဝင် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ သျှမ်းခေါင်း ဆောင် ဦးခွန်ထွန်းဦး၊ ကချင်ငြိမ်ချမ်းရေးကွန်ယက်မှ မစံပယ်ဖြူ၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဦး မင်းကိုနိုင်၊ အလုပ်သမားအရေး လုပ်ဆောင်နေသည့် ဦးမောင်မောင်နှင့် လူထုအကျိုးပြု လုပ်ငန်းဆောင်ရွက်နေသည့် ကို မျိုးရန်နောင်သိန်း စသည့် လူထုအခြေပြု အဖွဲ့အစည်းများမှ ခေါင်းဆောင် ၁၄ ဦး ပါ၀င်သည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ ပါ၀င်ခွင့်ရရေးနဲ့ မငြိမ်းချမ်းမှု တွေကြောင့် တကယ်ပဲခံစားရတဲ့ သူတွေက အမျိုးသမီးနဲ့ကလေးတွေပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ စနစ်တကျဖြစ်သင့်တယ်ဆိုတာကို သမ္မတ အိုဘားမားကို ပြောဖြစ်ခဲ့တယ်” ဟု နော်စူစဲနာလှလှစိုးက ဆိုသည်။

အလားတူ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စံနစ်ကို အကောင် အထည်ဖော်လိုပါက မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲထားရမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားအား ပြောဆိုခဲ့သည်။

ယမန်နေ့က မြန်မာပြည်သို့ အလည်ရောက်ရှိခဲ့သော သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌ စသည့် ပုဂ္ဂိုလ်တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ရန်ကုန် တက္ကသိုလ်ခန်းမတွင် မြန်မာပြည်သူလူထုများအား မိန်းခွန်းပြောခဲ့သည်။

Most read this week