ဒေါ်အောင်ဆန်းစုကြည် မယ်လခရီးစဉ်အတို

ဒေါ်အောင်ဆန်းစုကြည် မယ်လခရီးစဉ်အတို
by -
ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲသို့လာရောက်ခဲ့သည့် မြန် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်သည် ဇွန်လ ၂ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉နာရီခွဲတွင် မဲဆောက်မြို့လေဆိပ်သို့ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံသား အပါအဝင် လူထုပရိဿတ် တစ်သောင်းဝန်းကျင် ကြိုဆိုခဲ့ကြသည်။

၎င်းနောက် မနက် ၁၀နာရီကျော်အချိန်တွင် မဲဆောက်လေဆိပ်မှ မယ်လဒုက္ခသည်စခန်းသို့ထွက်ခွာသွား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၁နာရီဝန်းကျင်ခန့်တွင် မယ်လစခန်းအတွင်းရှိ MOI ရုံးခန်းတွင် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ စခန်းကော်မတီဝင်အချို့နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ သည်။

ဆွေးနွေးခန်းတွင် ပါ၀င်သူ လူငယ်တစ်ဦးက “အဓိကပြောသွားတာကတော့ ဒုက္ခသည်တွေရဲ့ လက်ရှိ စားနပ်ရိက္ခာ မလုံလောက်မှုကို အရင်ကလို ဖူလုံမှုရှိအောင် သူ့အနေနဲ့ လုပ်ဆောင်ပေးသွားမယ်။ နောက်တခုက ဒုက္ခသည်တွေ မိမိနေရပ်ကို အဆင်ပြေချောမွေ့စွာ ပြန် လည်နေထိုင်နိုင်ရေးအတွက်လည်း ကြိုးစားစီစဉ် လုပ်ဆောင်ပေးသွားမယ်လို့တော့ ပြောဆိုဆွေးနွေးသွားပါတယ်”ဟု ကေအိုင်စီကို ပြော သည်။

နေ့လည် ၁၂နာရီကျော်တွင် မယ်လစခန်း၊ ဇုံဘီရပ်ကွက်ရှိ ဘောလုံးကွင်း၌ “အမေစု အမေစု။ ဒေါ်စု ကျန်းမာပါစေ”ဟု ကြွေးကြော်ကာ ကြိုဆိုစောင့်စားနေကြသည့် ဒုက္ခသည်လူထု ၄၀၀၀နီးပါးကို နှုတ်ဆက်စကားပြောဆိုခဲ့ပြီး အနီးရှိ AMI ဆေးရုံသို့ သွားရောက်ကြည့်ရှု ရင်း နေ့လည်စာ သုံးဆောင်ခဲ့ကြောင်း ကိုယ်တိုင်သွားရောက် သတင်းယူနေသည့် ကေအိုင်စီသတင်းထောက်က ပြောဆိုသည်။

“ဒေါ်စုလာတာ လုံခြံုရေးကလည်း အထပ်ထပ်ပဲ။ အနားကပ်လို့လည်း မမရဘူး။ ဓာတ်ပုံရိုက်ယူဖို့တောင် အတော်ခက်တယ်။ နိုင်ငံခြား သား သတင်းထောက်တွေလည်း မလွယ်ဘူး”ဟု ကြိုဆိုစောင့်စားသူ မယ်လဒုက္ခသည်တစ်ဦးက ပြောသည်။

ဒေါ်စုနှင့်အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံဗိုလ်မှူးချုပ်ဒေါက်တာတီ မသေ လိုက်ပါလျှက်ရှိပြီး မွန်းလွဲတစ်နာရီကျော်တွင် မယ်လစခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ ၀င်ရောက်မည်မှာ မသေချာသေးကြောင်းသွားရောက် စောင့်ဆိုင်းနေသတင်းထောက်များက ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂နာရီကျော်တွင် မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး မယ်တော်ဆေးခန်းသို့ ၀င်ရောက်လည်ပတ်ခြင်း၊ လေဆိပ်တွင် ကြိုဆိုစောင့်ဆိုင်းသူများနှင့်စကားပြော ဆိုခြင်း၊ သူမ၏ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း မရှိတော့ဘဲဘန်ကောက်မြို့ သို့ ပြန်လည်ထွက်ခွာသွားသည်။