ထိုင်းကာကွယ်ရေးဦးစီးချုပ် ထိုင်း-မြန်မာနယ်နိမိတ်ကို လာရောက်စစ်ဆေး

ထိုင်းကာကွယ်ရေးဦးစီးချုပ် ထိုင်း-မြန်မာနယ်နိမိတ်ကို လာရောက်စစ်ဆေး
by -
ရွှေသိုက်တော

မြန်မာနိုင်ငံဘက်မှ မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်သည့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်နှင့် ဖုတ်ဖရမြို့နယ် နယ်နိမိတ်တစ်လျှောက်ကို ထိုင်းတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထနာဆတ်ပါတီမာပရကွန် ယနေ့ လာရောက်စစ်ဆေးခဲ့သည်။

ယနေ့မဲဆောက်သို့ရောက်ရှိလာသည့် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် - ဓာတ်ပုံ  KIC
ထိုင်းကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များကို တစုံတရာ ပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် ထိုင်းကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်တွင်ပါရှိသည့် တာ့ခ်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင် နှစ်ခု၏ တာဝန်ခံ "နရေ စွမ်"တပ်မမှူး ဗိုလ်ချုပ်ကစေထနာဖွန်က ထိုင်းနှင့် မြန်မာချစ်ကြည်ရေးအတွက် လာရောက် သည့်ခရီးစဉ်ဖြစ်သည်ဟု ပြော သည်။

၎င်းက “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလုပ်နေတယ်။ နယ်စပ်ဒေသတစ်လျှောက်မှာ လည်း တည်ငြိမ် အေးချမ်းမှုရှိဘို့ လိုတယ်။ ထိုင်းနဲ့မြန်မာကြားမှာ ချစ်ကြည်ရေး ပိုမို ခိုင်မြဲအောင်ဆောင် ရွက်ကြရမယ်။ နှစ်ဖက်နယ်စပ်အကြား မှာ နားလည်မှုလွဲခဲ့တာတွေရှိရင် ပြေလည်အောင် ဖြေရှင်းကြဘို့ အောက်ခြေတပ်မှူးတွေကို မှာကြားသွားတယ်။”ဟု သတင်း ထောက်များကို ပြောသည်။

ခရီးစဉ်တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဖုတ်ဖရမြို့နယ်အတွင်း နယ်စပ် မြန်မာဘက်ခြမ်းရှိ မြန်မာစစ်တပ်စခန်း ထိုင်သည့် ဝေါ်လေရွာနှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသားတပ်မတော်-DKBA ကလို့ထူးဘောအဖွဲ့ စခန်းထိုင် သည့် သေ့ဘောဘိုးရွာနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA စခန်းထိုင်သည့် မြန်မာဘက်ခြမ်းနေရာများ၏ အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ မဲဆောက်ရှိ ထိုင်းစစ်တပ်သို့ သွားရောက်စစ်ဆေးပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား နှင့် နယ်စပ်အ ခြေအနေများကို လေ့လာကာ ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မွန်းလွဲပိုင်း တွင် ဘန်ကောက်သို့ ပြန်လည်ထွက်ခွာ သွားသည်။

ထိုင်းနှင့် မြန်မာ နှစ်ဖက်တပ်မတော်များအကြား ချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရေးအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယခင်လက ထိုင်းနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ် သွားရောက်ခဲ့သည့်နောက်ပိုင်း ထိုင်းတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ ထိုင်း-မြန်မာနယ်စပ်ခရီး စတင်ခြင်း ဖြစ် သည်။