တနင်္သာရီတိုင်းဒေသကြီး၊ တနသာင်္ရီမြို့အတွင်းနှင့် နီးစပ်ရာရွာများမှ အလယ်တန်းနှင့် မူလတန်းအဆင့် စာသင်ကျောင်း ၁၅ ကျောင်းမှာတနသာင်္ရီမြစ် ရေကြီး မှုကြောင့် ကျောင်းသူကျောင်းသားများ သွားလာရေးခက်ခဲကာ သြဂုတ်လ ၁ရက်နေ့က ယာ ယီ ကျောင်းပိတ်ထားကြောင်း ထိုဒေသမှလာသည့် သတင်းများအရ သိရသည်။
အဆိုပါမြစ်ရေသည် ဇူလိုင်လ ၃၀ရက်နေ့မှ စတင် မြင့်တက်လာခြင်းဖြစ်ပြီး တနင်္သာရီမြစ် အနောက်ဘက်ရှိ တနင်္သာရီမြို့အ တွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာ ၃ရွာကိုပါရေနှစ်မြှုပ်သွားသည့်အပြင်တနင်္သာရီမြို့ နယ်အတွင်း ရှိ အလယ်တန်းကျောင်း ၁ ကျောင်း၊ တွဲဘက်အလယ်တန်းကျောင်း ၂ကျောင်းနှင့်မူလတန်း ကျောင်း ၁၂ကျောင်း အပါအဝင် စုစုပေါင်း ၁၅ကျောင်း ရေနစ် မြုပ်ခဲ့သဖြင့် ထိုကျောင်းများကိုပိတ်လိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သူက “မြစ်ရေက တက်လာတော့ မြို့ထဲအထိ ရေတက်လာတယ်။ ဒါကြောင့် ကလေးတွေကျောင်းတက် ကျောင်းဆင်း သွား လာရေး မကောင်းတော့ ကျောင်းတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းကယာယီပိတ်ထား တယ်။ ခန့်မှန်းခြေကတော့ တစ်ပတ် နှစ်ပတ်လောက် ကြားမယ်ထင်တာပဲ။ အဲဒီကျောင်းတွေအားလုံးက အစိုးရကျောင်းတွေပဲလေ။”ဟု ပြောသည်။
လက်ရှိအချိန်တွင် အာဏာပိုင်များက ချောင်းကြီး၊ ချောင်းငယ်ရပ်ကွက်များ၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ သမုတ်ချောင်းကျေးရွာ အုပ်စုနှင့် လယ်ပြင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၄၁စုမှ လူဦးရေ ၁၄၃၉ဦးကို နီးစပ်ရာ ဆွေမျိုးအိမ်များနှင့် ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းများတွင် ပြောင်းရွှေ့နေရာချထားကြောင်း မြို့နယ်ရဲဌာန၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ ရေဘေးဒုက္ခသည်များအတွက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့် ရှောက် ရေး အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ အသက်ကယ်လှေ ၅၄စီးဖြင့်ကယ်ဆယ်ရေး နှင့် နေရာချထားရေးလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် နှစ်ရက်က တနင်္သာရီမြို့တွင်းအပြင် မြို့အနောက်ဖက်ရှိ ကျေးရွာများဖြစ်သော ညောင်ပင်ကွီး၊ သဘောလဲ့ကြီး၊ ဘန့် လမုကျေးရွာများတွင်လည်း မြစ်ရေတက်ကာ ရေနှစ်မြှုပ်ခဲ့ရာ အိမ်ခြေ ၉၄အိမ်၊ အိမ်ထောင်စု ၁၀၁၄စုနှင့် လူဦးရေ ၆၅၈၆ဦး ရေဘေးသင့်ခဲ့့ပြီး ယနေ့အထိ မြစ်ရေထပ်မံမြင့်တက်လာ ခြင်းကြောင့် တနင်္သာရီမြို့နယ်တွင်း ရပ်ကွက် ကျေးရွာအုပ်စုများမှ အိမ်ခြေ ၁၆၆၁အိမ်၊ မိသားစု ၁၈၀၇စုမှ လူဦးရေ ၁၀၂၃၂ဦး ရေဘေးဒုက္ခသည်များ ဖြစ်နေရသည်။
ဒေသခံတစ်ဦးက “တနင်္သာရီမြို့မှာက ရပ်ကွက် ၄ခုရှိတယ်။ ချောင်းကြီး၊ ချောင်းငယ်၊ ရွှေလိပ်ပြာနဲ့ ပဥ္စင်းတောင်ရပ်ကွက်တွေ ပဲ။ အဲဒီရပ်ကွက်တွေအပြင် အနီးအနားက ညောင်ပင်ကွီး၊ သဘောလဲ့ကြီး၊ ဘန့်လမုရွာတွေလည်း အကုန်လုံး ရေမြုပ်ကုန် တယ်။ ရေက တဖြည်းဖြည်းနဲ့ တက်လာတော့ အခုဆို ချောင်းကြီးနဲ့ ချောင်းငယ်မှာ ရေပြင်အမြင့်က ၈ပေကနေ ၉ပေအထိ ရှိတယ်။”ဟု ပြောဆိုသည်။
အမှတ်(၁) ရွှေလိပ်ပြာရပ်ကွက်၊ အမှတ်(၂)က ပုစဉ်းတောင်ရပ် ကွက်၊ အမှတ်(၃)က ချောင်းကြီးရပ်ကွက်၊ အမှတ်(၄)က ချောင်းငယ်ရပ်ကွက်များရှိသည့် တနင်္သာရီမြို့သည် မြစ်၏ အနောက်ဘက်တွင် တည်ရှိပြီး ယနေ့အထိ မြစ်ရေသည် သာမန် ရေမျက်နှာပြင်အထက် ၂၄ပေ၊ ၃လက်မ ရောက်ရှိနေသလို စိုးရိမ်ရေမှတ် ကျော်လွန်၍ ၀.၃ လက်မသို့ ရောက်ရှိနေသည်။
သြဂုတ်လ ၂ရက် တိုင်းထွာချက်အရ တနင်္သာရီတိုင်းဒေသကြီး၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်မှာ ၂၈မှ ၂၄စင်တီဂရိတ်ဖြစ် ပြီး ရွာရန် ၁၀၀ရာခိုင်နှုန်းရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သလို မြန်မာ့ကမ်းရိုး တန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်း ကျကာ လှိုင်းကြီးနိုင်ပြီး နောက်နှစ်ရက်အတွင်း မုတ်သုန်လေ ဆက်လက်အားကောင်းမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ခန့်မှန်းဖော်ပြထားသည်။