ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတခုလုံးတွင် ယခုရက်ပိုင်းအတွင်း ၀မ်းရောဂါ ကူဆက်ပျံ့နှံ့ လျှက်ရှိရာ ကူးဆက်ခံရသူ လူနာပေါင်း (၁၂၄) ဦးရှိပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေလ ၂၇ရက်နေ့က မယ်လစခန်းအတွင်းရှိ ဇို(C-1A)၊ (C-3A)၊ (C-3B)၊ (C-1B)အတွင်းမှ စ တင်ဖြစ်ပွားခဲ့သော ထို၀မ်းရောဂါသည် ယခု စခန်းတခုလုံး ကူးစက်ပျံ့နှံ့လာခဲ့သည်။
စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော Aide Medical International (AMI)နှင့် Solidarity အဖွဲ့တို့က ကျန်းမာရေး ပညာပေးမှုများ ပုံမှန်လုပ်ဆောင် ပေးနေသော်လည်း လိုက်နာကျင့်သုံးမှု အားနည်း သောကြောင့် ယခုလို ရောဂါကူးစက်မှုနှုန်း များပြားလာရခြင်းအကြောင်းကို မယ်လစခန်း (AMI) ဆေးရုံ တာဝန်ခံ စောနေစဲန်က ကေအိုင်စီကို ယခုလို ရှင်းပြသည်။
“၀မ်းရောဂါ များလာရတာက စခန်းတွင်းက တချို့လူတွေဟာ အသိဉာဏ်အဆင့် နိမ့်တဲ့အတွက် ကျန်းမာ ရေးပညာပေးမှု ပေးလည်းပဲ မလိုက်နာဘူး။ ပြီးတော့ စခန်းတွင်းမှာ ရေအလုံအလောက်မရတဲ့ ပြဿနာက တကြောင်း။ တချို့လူတွေက ခမ်းခြောက်သွားတဲ့ စမ်းချောင်းဘေတွေးမှာ ရေတူးသောက်ကြတာတွေ ရှိတယ်။ သူတို့ သောက်သုံးတဲ့ရေတွင်းက ပိုးရှိတာကိုး။ သုံးတော့ ၀မ်းသွားတာပေါ့။ နောက်တခုက ၀မ်းရောဂါဖြစ်တဲ့သူနဲ့ မဖြစ်တဲ့သူတွေ အစားအစာ အတူစားရာကနေတဆင့် ကူးတတ်တယ်။်”ဟု သူက ပြောသည်။
ဆရာ စောနေစဲန်၏ ပြောပြချက်အရ ယနေ့ နေ့လည်အထိ ဆေးရုံကို ၀မ်းရောဂါသည် လူနာ ၅ဦးရောက်ရှိ လာပြီး ယမန်နေ့က လူနာ ၁၁ဦး ရောက်ရှိခဲ့ကာ လက်ရှိ ဆေးရုံတွင် ၀မ်းရောဂါသည် လူနာ ၂၀ကျော်ရှိ သည်ဟု သိရသည်။
“အခု လက်ရှိ ဆေးရုံမှာ ၂၀ ကျော်မှာ ရယောက် ရောဂါပိုးရှိတယ်။ ၁၅ ယောက်ကတော့ စစ်ဆေးဆဲပဲ။ ဒီလို ၀မ်းရောဂါနဲ့ ဆေးရုံတက်လာလူနာကို ကျနော်တို့ ၃၊ ၄ ရက်ပဲ နေခွင့်ပေးတယ်။ ဆက်ထားရင် ဆေးရုံမှာ နေရာအခက်အခဲရှိတော့ နည်းသက်လာရင် အိမ်ပြန်နေခိုင်းတယ်”ဟု ဆက်ပြောသည်။
စခန်းအတွင်း ၀မ်းရောဂါကူးစက်မှု များလာသောကြောင့် သစ်သီးဝလံအချို့ကို ရောင်းဝယ်ခွင့် ယာယီတား မြင့်ထားရာမှ ပြီးခဲ့သည့် ၂ရက်က ခရမ်းသီးမှလွဲ၍ ပြန်လည် ရောင်းခွင့်ပေးလိုက်ပြီဟု ဇို(B-3B)ရပ်ကွက် တွင် နေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် ကရင်ဒုက္ခသည် စခန်း ရခုရှိသည့်အနက် လက်ရှိအချိန်တွင် မယ်လစခန်း တွင် ၀မ်းရောဂါ ကူးစက်မှုနှုန်း အရှိန်အဟုန် မြင့်တက် လာသော်လည်း အခြားကျန်ရှိသော စခန်းများတွင် ၀မ်းရောဂါ ဖြစ်ပွားမှု အနည်းအကျဉ်းသာရှိသည်ဟု သိရသည်။