“မြန်မာ့သားကောင်းများအတွက် ၀မ်းနည်းဖွယ်ရာ ကလေးစစ်သားများ” အမည်ရှိ အစီရင်ခံစာ စာအုပ်တအုပ် ကို ထိုင်းနိုင်ငံ အခြေစိုက် ရိုးမ (၃)သတင်းဌာနက ထုတ်ဝေဖြန့်ချိလိုက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ရခြင်းမှာ နအဖစစ်အစိုးရက မြန်မာနိုင်ငံတွင် ကလေးစစ်သား မရှိကြောင်း ငြင်းဆိုနေသည်နှင့်ပတ်သက်၍ မြန်မာကလေးငယ်များ ယနေ့တိုင် စစ်သားအဖြစ် အဓမ္မစုဆောင်းခံနေရဆဲ ဖြစ်သည်ကို ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာသိအောင် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ရိုးမ(၃) အယ်ဒီတာ ကိုငြိမ်းလူက ပြောသည်။
သူက “ဗမာပြည်မှာ ကလေးစစ်သားမရှိဘူးလို့ ငြင်းနေတဲ့ နအဖစစ်အုပ်စုဟာ ဒီနေ့အချိန်ထိ ပိုမိုစုဆောင်းနေ တယ်လို့ အထောက်အထားတွေ အခိုင်အမာနဲ့ နိုင်ငံတကာကိုကော၊ လူ့အခွင့်အရေးအဖွဲ့့အစည်းတွေကိုပါ တင်ပြနိုင်အောင် ကျနော်တို့ ထုတ်တာပါ။ ဒီလိုထုတ်ပြီးတဲ့အချိန်မှာလည်း နိုင်ငံတကာကိုလည်း ကျနော်တို့ ဖြန့်ဝေမှာပါ။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေဆီကိုလည်း ကျနော်တို့ ပေးပို့သွားမှာဖြစ်တယ်။ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဒီအစီရင်ခံစာက အချက်အလက်တွေကို ကိုးကားနိုင်အောင် ရည်ရွယ်ပြီး ကျနော်တို့ ထုတ်ဝေတာဖြစ်တယ်”ဟု သတင်းထောက်များကို ပြောသည်။
အင်္ဂလိပ်၊ ဗမာနှစ်ဘာသာ ပါ၀င်သည့် အဆိုပါအစီရင်ခံစာသည် လက်ရှိ နအဖစစ်တပ်ထဲတွင် တာဝန်ထမ်း ဆောင်နေဆဲဖြစ်သည့် တပ်မှူးတပ်သားများ၊ စစ်မှုထမ်းဟောင်းများနှင့် လက်တွဲ၍ တိကျခိုင်မာသည့် စာရွက် စာတမ်း၊ ဓာတ်ပုံအထောက်အထားများကို စုဆောင်းထုတ်ဝေထားခြင်းဖြစ်သည်။
ကိုငြိမ်းလူက “ဒီစာအုပ်ကို အထဲမှာ တက်တက်ကြွကြွလှုပ်ရှားနေတဲ့ (Activist)တွေ ပြီးတော့ တပ်မတော်ထဲ မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့လူတွေ၊ စစ်မှုထမ်းဟောင်းတွေ အားလုံးပူးပေါင်းပါ၀င်ပြီးတော့ လုပ်ပေး ခဲ့တာ ဖြစ်တယ်။ ဒီစာအုပ်ကို အပိုင်း(၅)ပိုင်း ခွဲပြီး ဖော်ပြထားပါတယ်”ဟု ပြောသည်။
နအဖစစ်တပ်၏ ကလေးစစ်သားစုဆောင်းမှုသည် တလအတွင်းမှာ စစ်သားသစ်စုဆောင်းရေး အမှတ်စဉ် တခုတွင် ကလေးစစ်သား(၃၀မှ ရ၅)ဦးအထိရှိပြီး အမှတ်စဉ်အလိုက် ပေါင်းချုပ်လိုက်လျှင် တလအတွင်း ကလေးစစ်သား (၄၀၀)ဦးအထိ စုဆောင်းနိုင်သည်ဟု ကိုငြိမ်းလူ ပြောသည်။
ရိုးမ(၃) သတင်းဌာနအနေဖြင့် ယခုလို ကလေးစစ်သားအစီရင်ခံစာထုတ်ပြန်ခြင်းသည် နအဖစစ်အစိုးရကို အရေးယူနိုင်ရန် လှုံ့ဆော်သည့်နေရာတွင် အထောက်အကူဖြစ်နိုင်သည်ဟု မျှော်လင့်ကြောင်း လူ့အခွင့်အရေး နှင့် ပညာပေးဌာန-မြန်မာနိုင်ငံ (HREIB) ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခုလို ပြောသည်။
၎င်းက “ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ဖို့အတွက် ပျက်ကွက်နေတဲ့ နအဖစစ်အစိုးရကို ကုလသမဂ္ဂရဲ့ လုံ ခြံုရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၆၁၂)အရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် ကျနော်တို့ လှုံ့ ဆော်နေပါတယ်။ လှုံဆော်နေတဲ့အချိန်မှာ အခုလိုမျိုး ကလေးစစ်သားတွေအကြောင်းကို အစီရင်ခံစာတွေ ထွက်လာတော့ ကျနော်တို့အတွက် အများကြီးအထောက်အကူဖြစ်တယ်။ ကုလသမဂ္ဂလုံခြံုရေးကောင်စီမှာ နအဖကို အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတဲ့ ကျနော်တို့ တိုက်တွန်းပြောဆိုချက်တွေက သက်သေအ ထောက်အထားတွေနဲ့ ပိုပြီးအားကောင်းမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၀၃ခုနှစ်တွင် ကမ္ဘာ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)အဖွဲ့ ၏ နအဖစစ်တပ်အတွင်း အရွယ်မရောက်သေးသူ ကလေးငယ်များ (၇၀,၀၀၀)ခန့်ရှိသည်ဟု ဖော်ပြထား သည့် အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက်ပိုင်း ကမ္ဘာမှ မြန်မာနိုင်ငံတွင်း ကလေးငယ်များကို အဓမ္မ စစ်သား အဖြစ် ခိုင်းစေခံနေရသည်ကို သိရှိလာရသည်။
Published
Wednesday, July 22, 2009 - 18:00
မြန်မာ့သားကောင်းများအတွက် ၀မ်းနည်းဖွယ်ရာ ကလေးစစ်သားများ အစီရင်ခံစာထုတ်ပြန်
“မြန်မာ့သားကောင်းများအတွက် ၀မ်းနည်းဖွယ်ရာ ကလေးစစ်သားများ” အမည်ရှိ အစီရင်ခံစာ စာအုပ်တအုပ် ကို ထိုင်းနိုင်ငံ အခြေစိုက် ရိုးမ (၃)သတင်းဌာနက ထုတ်ဝေဖြန့်ချိလိုက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြုလုပ်ခဲ့ ...