အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင် ဆန်း စုကြည်သည် ဆယ်စုနှစ်တခု အတွင်း ပထမဆုံးကြိမ် အဖြစ် မြန်မာနိုင်ငံ အနောက်မြောက် ဘက်ဒေသ တွင်တည်ရှိသော ချင်းတောင်ကို လာရောက်ခဲ့ ပြီး ဒေသခံ ချင်းပြည် သူတရပ်လုံး က နွေးထွေးစွာနှင့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ချင်းတောင်တွင် လူထုဟောပြော ပွဲများပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ကလေးမြို့သို့ ရောက်ရှိလာချိန်တွင် ထောင်ပေါင်းများ စွာသော ဒေသခံ တိုင်းရင်းသားလူမျိူး ပေါင်းစုံတို့က အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်အလံ၊ အမေစု ကျန်းမာပါစေ ဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမကို လာရောက်ကြိုဆိုကြသည့် ထောင်ပေါင်းများ စွာသော ဒေသ ခံပြည်သူများကို နှစ် မိနစ်ခန့် နှုတ်ဆက်စကားပြောဆိုသွားခဲ့သည်။
“ပြည်သူလူထုက ဘာ့ကြောင့်ထောက်ခံသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပြီးတော့ ထောက်ခံမှ သာ တကယ်တန်ဖိုးရှိ မှာပါ၊ အဓိပ္ပာယ်ရှိမှာပါ၊ ဘာမသိညာမသိနဲ့ ထောက်ခံတယ်ဆိုရင် မေတ္တာ အရ ထောက်ခံတယ်ဆိုလို့ရှိရင် ကျေးဇူးတင် ပေမယ့် မေတ္တာအရ နိုင်ငံရေးမှာ ထောက်ခံလို့မဖြစ်ပါဘူး၊ ပြည်သူလူထုရဲ့ မေတ္တာကို အင်မတန်မှ အလေးထားတာ ကြောင့်မို့ ဒီမေတ္တာကို အလွဲသုံးစား မလုပ်ချင်ပါဘူး” ဟု ပြောဆိုသွား သည်။
ဒေါ်စုသည် ကလေးမြို့ ရှင်းဟုန်းဟိုတယ်တွင် တစ်ည အနားယူပြီးနောက် ဇန်နဝါရီလ ရ ရက်နေ့ နံနက်ပိုင်းတွင် ချင်း ပြည်နယ် တီးတိန်မြို့နယ်ရှိ ဇိုနွမ်းဇန်(ခေါ်) စံသိုက် ကျေးရွာရှိ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) လှူဒါန်း သော မူလတန်းလွန်ကျောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ သည်။
အဆိုပါ ကျောင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပညာရေးစနစ် ကို ဝေဖန်ထောက် ပြသွား ခဲ့သည်။
“ အလွတ်ကျက် ပညာရေးစနစ် မဟုတ်ဘဲ နဲ့ စာမေးပွဲအောင်ရုံ ပညာရေးစနစ် မဟုတ်ဘဲနဲ့ ကျောင်း သားတွေကို တွေးနိုင်ခေါ်နိုင်၊ တွေးတတ်ခေါ်တတ်အောင် ပညာသင်ပေးဖို့ လိုအပ်တယ်၊ ကျောင်း သားများရဲ့ မေးခွန်းများ၊ ကျောင်းသားတွေရဲ့ အပြန်အလှန် ပြောဆိုမှုများ လုပ်သင့်တယ်၊ ဒါမှလည်း ပဲ တိုင်းပြည်ရဲ့ ပညာရေးက ဖွံ့ဖြိုးမှာ၊ အဲတော့ တလျှောက်လုံး ကျနော်တို့က စာမေးပွဲ ခန်းထဲ ရောက်တာနဲ့ တပြိုင်နက် စာမေးပွဲအောင်ဖို့ အလွတ်ကျက်ရတဲ့ စနစ်ဟာ တိုင်းပြည် အနာဂတ် အတွက် အဆင်မပြေနိုင်ဘူး’’ ဟု ကျောင်းဖွင့်ပွဲသို့ တက်ရောက်လာ ကြသော ဒေသခံ ပြည်သူများထံ အမှာစကားပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့တို့သည် ကျောင်းဖွင့်ပွဲအပြီးတွင် ကလေးမြို့မှတဆင့် ချင်းတောင်သို့ ဆက်လက် ထွက်ခွါသွားကြပြီး ဇန်နဝါရီ ရ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် တီးတိန်မြို့ ကို ရောက် ရှိသည်။ တီးတိန်မြို့ကို ရောက်ရှိလာချိန်တွင် ဒေသခံ ချင်းပြည်သူများက မိမိတို့ ရိုးရာဝတ်စုံများ ၀တ်ဆင်ကာ ရိုးရာအကပဒေသာများဖြင့် ၀မ်းပန်းတသာကြိုဆိုခဲ့ကြသည်။
ထို့နောက် ညနေ ၄ နာရီခွဲခန့်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲ ကို စတင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမတို့ ပြုပြင်ပြောင်းလဲမယ်ဆိုတာ အခုမှ ပြောတာ မဟုတ် ပါဘူး၊ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၀၈ အတည်မပြုခင်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုံးဝ သဘောမတူဘူးဆိုတာ တရားဝင် ကြေညာခဲ့တာပါ၊ သဘောမတူတဲ့ အကြောင်းက အကြမ်းဖျင်းအားဖြင့် အချက်ကြီး ၂ ချက်ပေါ့၊ တခုက ဒီဥပဒေ ဆွဲပုံ ဆွဲနည်းကိုက မမှန်ဘူး၊ ဒီမိုကရေစီ နည်းမကျဘူး၊ ပြည်သူတွေက ရွေးချယ်တင် မြှောက်ပြီးတော့ သဘောကျတဲ့ ကိုယ်စားလှယ်တွေကို အခြေခံပြီး ဆွဲခဲ့တာ မဟုတ်ဘူး၊ အာဏာရှင်စနစ်အရ အထက်ကလူတွေ သဘောကျဆွဲခဲ့တာ၊ နောက် တစ်ကြောင်းက ဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့ အချက်အလက်တွေက ကျမတို့ရဲ့ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ပေးနိုင်တဲ့ အချက်အလက် တွေ မဟုတ်ပါဘူး၊ အဲဒီတော့ ဒီအချက်ကြီး ၂ ချက်ကြောင့် အစကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ခဲ့ တယ်” ဟု ရှင်းလင်းပြတ်သားစွာပြောဆိုခဲ့သည်။
တီးတိန်မြို့၊ စကောလမ်း ရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်သော ယင်းလူထုတွေ့ဆုံ ပွဲတွင် ဒေသခံ ၃၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တီးတိန်မြို့တွင် တညအနားယူပြီးနောက် ဇန်နဝါရီ ၈ ရက်နေ့တွင် တီးတိန် မှ ဖလမ်းမြို့ သို့ ဆက်လက်ထွက်ခွါသွားခဲ့သည်။ မွန်းလွဲပိုင်း ၁ နာရီခန့်တွင် ဖလမ်း မြို့သို့ ရောက်ရှိကြပြီး နောက် ညနေပိုင်း ၂ နာရီ ခန့်တွင် ဖလမ်းမြို့ ဟရန်ထီးယိုအားကစားကွင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ သည်။
ယင်းတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး ပြီးစီးမှ ၂၀၁၅ တွင် အသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
“မျိုးစေ့က ၂ဝ၁၅ မှာ ပွင့်မှာပါ၊ အဲဒီတော့ ၂ဝ၁၄ မှာ ကျမတို့က ဆူးပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ ဆူးပင်ပဲ ပေါက်မှာ ကျမတို့က ၂ဝ၁၄ မှာ အသီးစားလို့ရတဲ့အပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ အသီးစား လို့ရတဲ့အပင်ပေါက် မှာ၊ အဲဒီတော့ တကယ်အရေးကြီးတာဟာ ဒီနှစ်ပဲဖြစ်ပါတယ်လို့ ကျမပြောပါရစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များဟာ အားလုံးပူးပေါင်းပြီးတော့ ဒီနှစ်မှာ ၂ဝ၁၅ မှာ လှလှပပပွင့်ပြီး တော့ ပြည်သူတွေ ဝဝလင်လင်စားနိုင်မယ့် အသီးတွေသီးမည့် အပင်မျိုး စိုက်ဖို့ရာ ကူညီကြပါ၊ ဝိုင်းပြီးတော့ ထောက်ခံပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံ ချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
လူထု နှစ်ထောင် ကျော်တက်ရောက်သော ယင်းဖလမ်းလူထုတွေ့ဆုံပွဲတွင် တိမ်ကောနိုင်သည့် အန္တာရာယ်နှင့် ရင်ဆိုင် နေရသော ချင်းပြည်နယ်၏ အသည်းနှလုံးပုံသဏ္ဍာန်ရှိ ရိဒ် ရေကန် ထိမ်းသိမ်းရေးအတွက်ကိုလည်း ဒေါ်အောင်ဆန်းစု ကြည်က ကူညီလုပ်ဆောင်ပေး ရန် ပြောဆိုခဲ့ သည်။
ရိဒ်ရေကန်ဝန်းကျင်တွင် ချင်းပြည်နယ် အစိုးရမှ ဦးဆောင်၍ သဘာဝ သစ်တောများကို ခုတ်ထွင် ရှင်းလင်းပြီး အိမ်ရာမြေကွက်များဖော်ဖို့ ကြိုးစားမှုများရှိနေပြီး၊ ယခုအခါတွင်လည်း ရွာသူရွာ သားများ အား စည်းရုံးကာ သစ်ပင်များခုတ်ထွင်မှုများရှိနေသောကြောင့် ရိဒ်ရေကန်၏ အလှများ ပျက်စီးလာနိုင် ဖွယ်ရှိနေကြောင်း၊ ထို့ကြောင့် ရိဒ်ရေကန် အလှကို ထိန်းသိမ်းရန် ရိဒ်ခေါဒါရ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ထံ အကူအညီတောင်းခံ ခဲ့ခြင်းဖြစ်သည်။
ဖလမ်းမြို့ လူထုတွေ့ဆုံပွဲ၌ သွားရောက်ပါ၀င်ခြင်းမပြုရန် အစိုးရဝန်ထမ်းများ နှင့် ကျောင်း သူကျောင်း သားများကို အထက်အရာရှိများက တားဆီးပိတ်ပင်မှုများလည်းရှိခဲ့သည်ဟုသိရသည်။
ယင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ဒါဟာ မတရားပါဘူး၊ ဒီမိုကရေ စီနည်းလမ်း မကျဘူး ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရကို တရားဝင် ကန့်ကွက် သွားပါမယ်၊ ဒါဟာ ရာဇဝတ် မှု တစ်ခုကို ကျူးလွန်တယ်လို့တောင် မြင်မိ ပါတယ်” ဟု ပြောဆိုခဲ့သည်။
ညနေပိုင်း ၃ နာရီခွဲခန့်တွင် ဖလမ်းမြို့လူထုတွေ့ဆုံပွဲကို ရပ်နားပြီးနောက် ချင်းပြည်နယ်၏ မြို့တော် ဟားခါးကို ဆက်လက်ထွက်ခွါကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့တို့သည် ည ရ နာရီခန့်တွင် ဟားခါးမြို ့သို ့ရောက်ရှိခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့တို့သည် ဟားခါးမြို့ရှိ ပြည်ထောင်စုရိပ်သာတွင် တည်းခိုရန် အခန်း (၁၈) ခန်းကို ကြိုတင်အကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း (၆) ခန်းသာ ရရှိသောကြောင့် မြို့ပေါ်ရှိချယ်ရီတည်း ခိုခန်း တွင်သာ တည်းခိုခဲ့ရသည်ဟုသိရသည်။
ထို့အပြင် သူမ နှင့်လိုက်ပါလာကြသော လုံခြံုရေးတာဝန်ယူထားသူများ၊ စာနယ်ဇင်းသမားများ သည် လည်း တည်းခို ခန်းမရကြသည့်အတွက်ကြောင့် ဘုန်းကြီးကျောင်း နှင့် နီးစပ်ရာအသိ မိတ်ဆွေများထံ တည်းခိုပြီး အရိုးကွဲလောက်အောင် အေးချမ်းလှသော ဟားခါးမြို့၏ ဆောင်းရာသီ ကို ဖြတ်သန်းခဲ့ကြရ သည်ဟု ဒေါ်စုနှင့်အတူလိုက်ပါသွား ကြသော စာနယ်ဇင်းသမားများ ကပြော ဆိုကြသည်။
နောက်တနေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်း ၈ နာရီကစပြီး ဟားခါးမြို့ ပူးဝမ်းသူမောင်အားကစား ကွင်းတွင် လူထုတွေ့ ဆုံပွဲကျင်းပခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဒေါ်အောင်ဆန်း စုကြည်က ဟောပြောခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင်လည်း သက်ဆိုင်ရာအစိုးရက အစိုးရဝန်ထမ်းများအား တက်ရောက်ဖို့ ပိတ်ပင်ခဲ့ သည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဝေဖန်ပြောဆိုခဲ့သည်။
“ ဒီလိုအစည်းအဝေးသွားတာကို မတက်ရဘူး၊ မသွားပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတာတွေရှိ တယ် ဆိုလို့ရှိရင်၊ တကယ်ပဲ သမာသမတ်ရှိတဲ့အစိုးရ တကယ်ပဲ ကိုယ့်သိက္ခာကို တန်ဖိုးထားတဲ့ အစိုးရဆိုရင် ဒီလိုမျိူးလုပ်ရပ်တွေကို နောင်မဖြစ်ရအောင် အရေးယူရမယ်၊ ကျမတော့ ဒါကိုစုံစမ်း မယ် တကယ်ပဲ ဖြစ်ခဲ့သလား ဖြစ်ခဲ့တယ်ဆိုလို့ရှိရင် ဒါကို ကျမတို့ကန့်ကွက်မယ်၊ ကျမတို့ ၀န်ထမ်းတွေထဲကကော်၊ ပြည်သူထဲကကော် ဒီလိုမတော်မတရားတာလုပ်တဲ့ဟာ ရှိခဲ့တယ်ဆို လို့ရှိရင် သတ္တိရှိရှိနဲ့တိုင်ပါ၊ သတ္တိ ရှိရှိနဲ့အသိပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ ခံနေရင် ဆက်ပြီးတော့ ခံနေရမှာ၊ ခံကောင်းလို့ခံနေရတာလို့ လူတွေက ထင်နေလိမ့်မယ်၊ အဲတော့ မခံဘူးဆိုတာကို ပြ ရမယ်၊ မခံသင့်တဲ့ကိစ္စကို ကျမတို့ မခံရဘူး၊ အဲဒါကြောင့်မို့လို့ မသင့်တော်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အုပ်ချူပ်မှုကို ကျမတို့ခံဖို့ဆိုတာမဖြစ်နိုင် ပါဘူး’’ ဟု အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌ က ပြောဆိုသွားသည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန်အတွက် အဓိကတာဝန်ရှိသူများထဲ တွင် တပ်မတော်လည်း ပါ၀င်ကြောင်း ထို့ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး တွင် သတ္တိရှိရှိ ပူးပေါင်းပါ၀င်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားခဲ့ သည်။
“ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များထဲမှာ သိပ်ပြီးတော့အရေး ကြီး တာကတော့ တပ်မတော်ပါပဲ၊ ဒါဟာ ကျမတို့ရင်ဆိုင်ရမယ့်ကိစ္စပဲ၊ တပ်မတော်အနေနဲ့လည်း ဒါကို သတ္တိရှိရှိနဲ့ ရင်ဆိုင်စေချင်တယ်၊ မသိယောင်ဆောင်နေလို့မဖြစ်ပါဘူး၊ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူလူထု ကနေပြီးတော့ ပြင်ချင်သလား မပြင်ချင် ဘူးလားဆိုတာကို တပ်မတော် အနေနဲ့လေ့လာ သင့်ပါတယ်၊ ပြည်သူအများစုက ပြင်ချင်တယ် ပြင်ချင်တဲ့အကြောင်းရင်း ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မှသာလျင် တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ဖို့ ဖြစ်တယ် ဆိုလို့ရှိရင် တပ်မတော်အနေနဲ့ သတ္တိရှိရှိ ပြင်သင့်အရာကို ပြင်ရမယ်လို့ ကျမဒီတိုင်းပဲ ယုံကြည်ပါတယ် တပ်မတော် လုပ်ပြီးတော့ သတ္တိမရှိလို့ရှိရင် ဒီနိုင်ငံကို ဘယ်လိုလို့ ကာကွယ်နိုင်မှာလဲ’’ ဟု ပြောဆို သွားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိူးများလိုလားသော ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးအတွက် အာမခံချက်မရှိသည့်အပြင် ပြဌာန်းထားသော ဥပဒေများသည်လည်း ဒီမိုကရေစီ နည်းလမ်းမကျကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများ အရပ် ဘက် လူမှုအဖွဲ့အစည်းများက ဝေဖန်ထောက်ပြခဲ့ကြသည်။
အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသော ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံတော် သမ္မတဖြစ်ခွင့်မရအောင် ကန့်သတ်ထားမှုများလည်းရှိနေသည်။
ဇန်နဝါရီလ ရ ရက်နေ့မှ ၉ ရက်နေ့ထိ တီးတိန်၊ ဖလမ်း နှင့် ဟားခါးမြို့တို့ ၌ သုံးရက်ကြာ ကျင်းပ ခဲ့သော လူထုတွေ့ ဆုံပွဲများတွင် ဒေသခံ ချင်းပြည်သူ စုစုပေါင်း ၈၀၀၀ ဦးခန့် တက်ရောက်ခြဲ့ကပြီ ယင်းတွေ့ဆုံ ပွဲများတွင် တက်ရောက် လာသော ချင်းပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် တီးတိန်မြို့၌ ၉၇ ရာခိုင်နှုန်း၊ ဖလမး် မြို့၌ ၉၉ ရာခိုင်နှုန်း၊ ဟားခါးမြို့၌ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြသည်ဟု NLD ပါတီက ပြောဆိုကြောင်း The Voice နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည့် နှင့် အဖွဲ့တို့သည် ဟားခါးမြို့ လူထုတွေ့ဆုံပွဲအပြီး ဇန်နဝါရီ ၉ ရက်နေ့မှာပင် စစ်ကိုင်းတိုင်း ကလေးမြို့သို့ ပြန်လည်ထွက်ခွါသွားခဲ့ပြီး ကလေးမြို့ စန်းမြို့ရပ်ကွက် စတောမ်ဘော လုံးကွင်း၌ ဇန်နဝါရီ ၁၀ ရက် နေ့တွင် လူထုတွေ့ဆုံပွဲ ထပ်မံပြုလုပ်ခဲ့သည်။
စတောမ်ဘောလုံးကွင်းတွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် လူဦးရေ ၅ သောင်းခန့်တက်ရောက် ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော ဒီမိုကရေစီ နှင့်ဆန့်ကျင်သောအချက်များကို ပြောဆိုခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့တို့သည် နေ့ခင်းပိုင်းတွင် ရန်ကုန်သို့ လေကြောင်း လိုင်းဖြင့် ပြန်လည်ထွက် ခွါသွားခဲ့သည်။