ပြုစုသူ- ဇလပ်နီ- ချင်းလူမျိုးများသည်နယ်ချဲ့ အင်္ဂလိပ်လက်အောက်မကျရောက်ခင်အထိ မျိုးရိုး Hereditary ကို အခြေခံသည့် Ram Uk Bawi အုပ်ချုပ်ရေးပုံစံနှင့် ကျေးရွာ Village Kingdom ကို အခြေခံသည့် Democratic Khua Bawiအုပ်ချုပ် ရေးပုံစံတို့ဖြင့် ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်လာ ခဲ့ကြသည်။
တန်ခိုးကြဇာရှိသော ပုဂ္ဂိုလ်တဦးဦးက အုပ်ချုပ်သော ချင်းပြည်အုပ် ချုပ်ရေး စနစ်ကို မတည် ဆောက် နိုင်ခဲ့ကြပေ။
နယ်ချဲ့လက်အောက်သို့ ကျရောက်သည့် အခါတွင် အင်္ဂလိပ်တို့သည် ချင်းတောင်ကို Ram Uk Bawi နှင့် Khua Bawi များမှ တဆင့် အုပ်ချုပ်ခဲ့ကြသည်။
အင်္ဂလိပ်နယ်ချဲ့တို့သည် ၄င်းတို့၏ အုပ်ချုပ်ရေးယန္တရား အဆင်ပြေချော မွေ့စေရေးကိုဦးစားပေး နေသည်က တကြောင်း၊ ချင်းလူမျိုးများကိုယ်တိုင် အမျိုးသားအဆင့် နိုင်ငံရေးနိုးကြားမှု အားနည်း နေသည်က တကြောင်းတို့ကြောင့်လည်းကောင်း ဒေသတချို့ကိုသာ စုစည်းနိုင်ခဲ့ကြသည်။
၁၈၉၆ ခုနှစ် ချင်းတောင်တန်း ဥပဒေ အားဖြင့် အုပ်ချုပ်သော The Chin Hills အား ပခုက္ကူချင်းတောင် တန်းခရိုင်မှ ကန်ပက်လက်နယ် နှင့် ရခိုင်တောင်တန်း ဒေသအုပ်ချုပ်ရေးအတွင်း ကျရောက်သော ပလက်ဝ ဒေသတို့ကို ၁၉၃၀ ခုနှစ်တွင် အုပ်ချုပ်ရေး ပုံစံတခုဖြင့် စုစည်းခဲ့ သည်။
ချင်းခေါင်းဆောင်များသည် ကချင်၊ ဗမာ၊ ရှမ်း တို့ နှင့် အတူ လွတ်လပ်ရေးရယူပြီး ဖက်ဒရေ ပြည်ထောင်စု ဖွဲ့စည်းရန် အတွက် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံသဘောတူ စာချုပ်ကိုချုပ်ဆိုခဲ့ကြ သည်။
ထိုအချိန်တွင် ပင်လုံ ညီလာခံ တက်ရောက်ရန်အတွက် မြောက်ပိုင်းချင်းတောင် (The Chin Hills) မှ ခေါင်းဆောင် ရ ဦးကိုသာ ဖိတ်ခေါ် ခဲ့ကြ သည်။ ပင်လုံ မတက်ရောက်မီ ချင်းခေါင်းဆောင် Ram Uk Bawi, Khua Bawi များအကြား ကြိုတင် တိုင်ပင် ညှိနှိုင်းမှု မရှိခဲ့ပေ။
လွတ်လပ်ရေးရရှိပြီးတဆက်တည်း ၁၈၉၆ – ၁၉၃၀ ချင်းတောင်တန်းဥပဒေအားဖြင့် နယ်ချဲ့အင်္ဂလိပ် က စုစည်းထားသော အုပ်ချုပ်ရေးနယ်မြေကို အခြေခံပြီး ချင်းဝိသေသတိုင်းမွေးဖွားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ချင်းဝိသေသတိုင်း အက်ဥပဒေ ပုဒ်မ ( ၂) အပိုဒ် (၄) အရ ချင်းအမည်နာမအောက် တွင် လူရှိုင်း၊ ကူကီး၊ နာဂ၊ ချင်းဝိသေသတိုင်း အတွင်းရှိ ချင်းလူမျိုးများ၊ ဆက်စပ်နယ်မြေ အတွင်းရှိ ချင်းလူမျိုးများအားလုံး အကျုံးဝင်စေခဲ့သော်လည်း အဆိုပါ နယ်မြေဒေသတခုလုံးကို နယ်နိမိတ် ဘောင်တခုအတွင်း စုစည်းထည့်သွင်းခြင်းမရှိခဲ့ပေ။ ယင်းကိစ္စကို ချင်းခေါင်းဆောင်များက ပါလီမန် သို့ အကြိမ်ကြိမ် လည် မှု မတည် ဆောက်နိုင်ခဲ့ကြပေ။
၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ တွင်မူ ချင်းလူမျိုး ၄၀၀၀ ကျော်တက်ရောက်သည့် ဖလမ်းညီလာခံကြီး က ချင်းလူမျိုးများ၏ အုပ်ချုပ်ရေးစနစ် ဟောင်းကို ဖျက်သိမ်းပြီး Nation Building ခေါ် အမျိုးသား အဆင့် ချင်းနိုင်ငံရေးအဆောက်အအုံသစ် ကို တည်ဆောက်နိုင်ခဲ့သည်။ အဆိုပါနေ့ရက် ကို ချင်းအမျိုးသားနေ့ဟုလည်း ခေါ်ဆိုသည်။
၁၉၆၂ ခုနှစ် နေဝင်း၏ တော်လှန်ရေးကောင်စီ တက်လာပြီး Interim Unity Advisory Board of Burma ( IUAB) ဖွဲ့စည်းစဉ်တွင် ချင်းပြည်မှ Pu Htat Hlaing, Pu Lun Pum တို့ပါ၀င်ခဲ့ကြသည်။
၁၉၆၈ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နေ့စွဲဖြင့် တော်လှန်ရေးကောင်စီအစိုးရက ကြေညာချက် အမှတ်(၇၄) ထုတ်ပြန်ပြီးတိုင်းရင်းသား လူမျိုးများ အား ပြည်သူ့ညီညွတ်ရေးအကြံပေးချက်ကို တင်သွင်းစေခဲ့ သည်။ ချင်းလူငယ်များက အချက်ပေါင်း ၁၅၀ ပါ၀င်သည့် ချင်းလူ ငယ်များအကြံပေး ချက်စာတမ်းကို တင်သွင်းခဲ့သည်။ စာတမ်းတွင် ချင်းဝိသေတိုင်းရှိ ချင်းအမျိုးသားများ၊ နာဂတောင် တန်းရှိချင်းအမျိုးသား များနှင့် ပြည်မရှိ ချင်းအမျိုးသားများ အားလုံးစုပေါင်းပြီး မိမိတို့၏ အမျိုးသား တည်တ့ံ ခိုင် မြဲရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန် ဟူ၍ ချင်းအမျိုးသားတရပ်လုံးလွမ်းခြုံသော ပြည်နယ်တည်ဆောက် ခွင့် ပေးရန် တောင်း ဆိုခဲ့ကြသော်လည်း အစိုးရက ဖမ်းဆီးနှိပ်ကွပ်မှုဖြင့် တုံ့ပြန်ခဲ့သည်။
၁၉၈၈ ခုနှစ် မြန်မာတနိုင်ငံလုံးလူထုအုံ့ကြွမှုကြောင့် မဆလ အစိုးရ နိဂုံးချုပ်ခဲ့သည်။ ၁၉၉၀ တွင် မြန်မာတနိုင်ငံလုံး ဒီမိုကရေစီ အုပ်ချုပ် ရေးစနစ်ကျင့်သုံးရန်အတွက် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲကို ကျင်းပခဲ့ရာ ချင်းအမျိုးသားများသည် CNLD, MPP, ZNC, KNSO ဟူ၍ နိုင်ငံရေးပါတီများကို ထူထောင်ပြီး တသီးပုဂ္ဂလများနှင့် အတူ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ အောင်ပွဲခံခဲ့ကြသည်။ သို့သော် မဆလ တဖြစ်လဲ အာဏာသိမ်း နဝတ အစိုးရက KNSO မှအပ ကျန် ချင်းနိုင်ငံရေး သုံးပါ တီအား ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် အဖျက်သိမ်းခံ CNLD, MPP, ZNC ပါတီတို့သည် ပြည်ပရောက်နိုင်ငံ ရေးပါတီအဖြစ် ဆက်လက်လှုပ်ရှားခဲ့ကြသည်။
အဖျက်သိမ်းခံပါတီသုံးခုသည် ကိုယ့် ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ပြန်လည်ရရှိရေး၊ မြန်မာနိုင်ငံအားဖက်ဒ ရေပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူလိုချင်သော ဒီမိုကရေစီရရှိရေးအတွက်လက်နက်ကိုင်တိုက်ပွဲ ၀င်နေသော ချင်းအမျိုး သားတပ်ဦးနှင့် ပြည်တွင်းကိုယ်စားလှယ်များပါ၀င်ပြီး ၂၀၀၄ ခုနှစ် ဧပြီလ ရ-၁၀ တွင် ချင်းအမျိုးသားတပ်ဦး ဗဟို ဌာနချုပ် ၀ိတိုရိယ စခန်းတွင် စည်းဝေးပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ အမျိုး သား လွတ်မြောက် ရေးနှင့် ကိုုယ့် ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေး၊ စစ်မှန််််သော ဖက်ဒရေ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းအမျိုးသားမျာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊ ချင်းအမျိုးသားသွေးစည်းညီညွတ်ရေး တို့ကိုအစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်သွားကြ ရေး အတွက် ချင်းလူမှုအသင်းအဖွဲ့များပါ၀င်စေလျက် ၀ိတိုရိယ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး Political Affair Committee of Chinland (PACC) ကို ဖွဲ့စည်းခဲ့ကြသည်။ အဆိုပါ ၀ိတိုရိယ သဘောတူညီချက်အပေါ် ရပ်တည်ပြီး ZRO အခြေစိုက် Mount Sinai တွင် ၂၀၀၆ ခုနှစ် မေလ ၈- ၁၁ ရက်အထိချင်းအမျိုးသား ညီလာခံကို ကျင်းပခဲ့ကြသည်။
အဆိုပါ ညီလာခံမှ ယခင် PACC အား ချင်းအမျိုးသားကောင်စီ ( Chin National Council ) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ချင်း အမျိုး သားကောင်စီက ကြီးမှူးပြီး ချင်းအမျိုးသားညီလာခံကို နှစ်ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ကြပြီးလည်း ဖြစ်သည်။
နိုင်ငံတော် အာဏာသိမ်း နဝတ အစိုးရ တဖြစ် မဆလ အစိုးရက ၂၀၁၀ ခုနှစ် နို၀င်ဘာ ရ ရက်နေ့တွင် အတုအယောင် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်တွင်းချင်းနိုင်ငံရေး ခေါင်းဆောင် များက ချင်းအရေး ဆောင်ရွက်ရေးအတွက် ချင်းတိုး တက်သောပါတီ၊ ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြို့ရေး ပါတီ ဆိုပြီး ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြရာ အနိုင်ရရှိခဲ့ကြသည်၊ သိုု့သော် နအဖ စစ်အစိုးရ၏ ၂၅ ရာခိုင်နှုန်း စစ်တပ်စေလွှတ်ရေးမူအရ ချင်းပြည်နယ် အစိုးရ မဖွဲ့စည်းနိုင်ခဲ့ကြပေ။
ချင်းအမျိုးသားများ ရှင်သန်ရပ်တည်ရေးသည် ချင်းအမျိုးသားများ၏ အမျိုးသားရေးတာဝန်ဖြစ်သည်နှင့် အညီ ယနေ့ ချင်းအမျိုးသားများ ခါးစည်းခံစားနေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနိဌာရုံမှ လွတ်မြောက်ရေးသည်လည်း ချင်းအမျိုးသားများ၏ အမျိုးသားရေး တာဝန်ပင် ဖြစ်သည်။ အဆိုပါ အမျိုးသားရေးတာဝန်ကို ဖော်ဆောင်ရာတွင် ချင်းအမျိုး သားတရပ်လုံးလွှမ်းခြုံသော နိုင်ငံရေးစုရပ်လိုအပ်ပြီး ပိုမိုကျစ်လစ်ခိုင်မာသည့် သွေးစည်းညီညွတ်မှု တည်ဆောက်ရန် အ ရေးကြီးပေသည်။